Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danny A. Abeckaser
6.5
The Education of Charlie Banks (2007)
Fred Drust ရိုက်ကူးတဲ့ The Education of Charli Banks ကတော့ သူငယ်ချင်းဆက်ဆံရေးနဲ့ အမှားကိုပြန်ပြင်ဖိုကြိုးစားတဲ့အကြောင်းကို အတွေးအခေါ်ပိုင်းဆိုင်ရာ ကြွယ်ဝစွာနဲ့ ရိုက်ကူးထားတဲ့ ကောလိပ်လူငယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Charli Banks က သူငယ်ငယ်က အရမ်းကြောက်ခဲ့တဲ့ လူကြမ်းသူငယ်ချင်း Mick Leary ကို ပါတီပွဲခေါင်မိုးထပ်မှာ ကောင်လေးနှစ်ယောက်ကို ရန်ဖြစ်ပြီးသေမတက်ရိုက်နှက်မှုနဲ့ ရဲကို ခိုးပြီးတိုင်ကြားခဲ့တယ်။ ဒါပေမဲ့ Charli က Mick သူ့ကိုသစ္စာဖောက်ပြီး တိုင်လိုက်မှန်းသိရင် Mick ရဲ့လက်ချက်ကိုမိမှာကြောက်ပြီး မျက်မြင်သက်သေကို ပြန်ရုတ်သိမ်းခဲ့တာမို Charli ထောင်ကနေ လွတ်လာခဲ့တယ်။ဒီလိုနဲ့သုံးနှစ်ကြာပြီး Charli နေတဲ့ ကောလိပ်အဆောင်ကို Mick ပြန်ရောက်လာတော့ Charli သူ့ရဲ့ လျှိဝှက်ချက်ကို ဆက်ထိန်းထားနိုင်မလား၊ Mick ကရော အရင်လို မဆိုးသွမ်းတော့ဘဲ လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲဆိုတဲ့အဆက်ကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ...
movie
The Education of Charlie Banks (2007)
Bardejov (2024)
ဒီရုပ်ရှင်ကတော့ ဂျူးလူမျိုးတွေရဲ့ ဖြစ်ရပ်မှန် သမိုင်းအဖြစ်အပျက်တွေထဲကတစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ဖြစ်ပြီး Bardejov ကတော့ ချက်ကိုစလိုဗားကီးယားနိုင်ငံထဲက မြို့ငယ်လေးတစ်ခုပါ။ Rafuel Lowy ကတော့ ဒီမြို့ငယ်လေးက ဂျူးအသိုင်းအဝိုင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ နာဇီတွေရန်ကြောင့် နေရာအနှံ့အပြားမှာ ဖိနှိပ်ခံနေရပြီး ကျီးလန့်စာစားနေရတဲ့အချိန်လည်းဖြစ်တယ်။တစ်ရက်မှာ ချက်ကိုစလိုဗားကီးယားရဲတပ်ဖွဲ့တွေက ဂျာမန်တွေနဲ့လက်ဝါးချင်းရိုက်ပြီး နိုင်ငံတ၀န်းက ဂျူးလူမျိုးတွေကို အလုပ်သွားလုပ်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ချောဆွဲပြီး ဂျာမန်တွေလက်ထဲအပ်ဖို့လုပ်ပါတော့တယ်။ ဒီအဖြစ်ဆိုးကြီးက Bardejov မြို့ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး မြို့ထဲက မိန်းကလေးငယ်တွေကို ဖိနပ်စက်ရုံမှာအလုပ်စေခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးဖို့ကြိုးစားလာကြတဲ့အခါမှာတော့ ဂျူးလူမျိုး အကြီးအကဲဖြစ်တဲ့ Rafuel Lowy ဟာ သူ့ရဲ့မြို့ငယ်လေးက ဂျူးလူမျိုးမြို့သူမြို့သားတွေကို ဘယ်လိုအကာအကွယ်ပေးဖို့ ကြံဆကြိုးစားမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Bardejov (2024)
8.2
The Wolf of Wall Street (2013)
The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie
The Wolf of Wall Street (2013)
2013
4K HEVCHDR
6.9
Alpha Dog (2006)
၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် " Based on true story " ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ ...
movie
Alpha Dog (2006)
8.7
The Irishman (2019)
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
5.5
Inside Man (2023)
Inside Man (2023) ==============ဒီကားလေးကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကြည့်ပြီးခွီခဲ့ရတဲ့ ' The Girl Next Door ' ကားထဲက Matthew Kidman တစ်ဖြစ်လဲ Emile Hirsch ပါဝင် သရုပ်ဆောင်ထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးဖြစ်ပြီး ဖြစ်ရပ် မှန်ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့ ရဲတစ်ယောက် အလုပ်မှာ တော်ပေမယ့် အိမ်ထောင်ရေးဘက် အာရုံမစိုက်နိုင်တော့ တစ်ရက်သား မိန်းမ ကိုပန်းလေးပေးရင်း ဇကောဝိုင်းလှည့်ဖို့ အိမ်ကိုစောစောပြန်လာတဲ့အခါမှာ မိန်းမဖြစ်သူက တခြားယောင်္ကျားတစ်ယောက်နဲ့ ဇကောဝိုင်းလှည့်ခါနီး အခြေ အနေနဲ့ သွားတိုးပါတော့တယ်။ စိတ်မထိန်းနိုင်ပဲ ခြံကျော်ကောင်လေးကို စုတ် ပြတ်သတ်သွားအောင် ဘော်ဘီ ထိုးလိုက်မိချိန်မှာတော့ ချစ်သူကမုန်းဖဲကရှုံး ဆိုသလိုမျိုး မိန်းမဖြစ်သူနဲ့လည်း ဝေး၊ အလုပ်ကနေလည်း ရာထူးချခံရဖြစ် သွားပါတော့တယ်။ဘော်ဘီတစ်ယောက် စိတ်ညစ်ညစ်နဲ့ အသည်းကွဲလူမိုက်လေးလုပ်နေတုန်း လူဆိုးနှစ်ယောက်ကြားက ရန်ပွဲကိုမဆီမဆိုင် ဝင်ပါမိသွားပြီး၊ ဖြစ်ချင်တော့ သူဝင်ကယ်လိုက်တဲ့ လူဆိုးက ရဲတွေဘက်ကတောင် မနိုင်လို့လွှတ်ပေးထား ရတဲ့ အကောင်ကြီးကြီးဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အားယားနေတဲ့ဘော်ဘီ တစ်ယောက် နောက်ကြောင်းကိုလိုက်ရင်းနဲ့ မိန်းမလေးရဲ့ အထင်ကြီးမှုလေး ပြန်ရပြီး အဆင်ပြေ၊ ...
movie
Inside Man (2023)
2023
The Engineer (2023)
ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Yahya Ayyash ဆိုသူကို လုပ်ကြံတဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ...။ Yahya Ayyash ဆိုသူဟာ ကမ္ဘာပေါ်က သက်တမ်းအရှည်အကြာဆုံးပဋိပက္ခတစ်ခုဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ပါဝင်ခဲ့သူပါ...။၁၉၄၈ခုနှစ်ကတည်းကစခဲ့တဲ့ဒီပဋိပက္ခဟာ လက်ရှိကာလအထိလည်းဆက်ဖြစ်နေတုန်းပါပဲ....။Ayyashဟာ ၁၉၉၀ ဝန်းကျင်၊ အစ္စရေးတွင် အသေခံဗုံးခွဲမှုများပြုလုပ်စေခဲ့တဲ့Hamasအစ္စလာမ်တော်လှန်ရေး စစ်သွေးကြွတပ်ဖွဲ့ရဲ့ အဓိကဗုံးပြုလုပ်သူဖြစ်ပါတယ်။ဗုံးအတတ်ကျွမ်းကျင်ခြင်း၊ လက်အောက်ငယ်သားများကို ဗုံးလုပ်နည်းသင်ပေးခြင်း၊အသေခံဗုံးခွဲမှုပြုစေချင်းတွေကြောင့် ကမ္ဘာက သူ့နာမည်ကို "The Engineer"လို့သိကြပါတယ်...။သူကိုလုပ်ကြံသွားတာက Shabak(Shin Betလို့လည်းသိကြတဲ့) အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေးကပါပဲ...။အစ္စရေးသမိုင်းမှာ အကြီးမားဆုံး ရာဇဝတ်ကောင်ဖမ်းပွဲတစ်ခုကိုမြင်တွေ့ရမယ် ဇာတ်ကားပဲဖြစ်ပါတယ်...။ File size…1.43GB / 512MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Engineer (2023)
5.5
You Don’t Mess with the Zohan (2008)
You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်းကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie
You Don’t Mess with the Zohan (2008)
2008
7.0
The Iceman(2012)
The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie
The Iceman(2012)
6.6
Experimenter (2015)
Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie
Experimenter (2015)
2015