Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danielle Harris
5.6
Anne, with Love (aka) Dark Obsession
အန်နီဟာ အိမ်ထောင်ရှင်မ တသ်ယောက်ဖြစ်ပြီး သူမရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးဟာ အမျိုးသားဖြစ်တဲ့ ဟင်နရီ ကနေတဆင့်ပဲ လုပ်လေ့ရှိပါတယ်။တနေ့မှာ သူမရဲ့ အမျိုးသားဟာ အိမ်ကနေ ထွက်သွားပြီး ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ကိုယ်တည်း ရုန်းကန်ရမယ့် ဘဝမှာ ဘာတွေဆက်ဖြစ်မှာလဲ။ သူမရဲ့ အမျိုးသားကရော ဘာလို့ ပျောက်သွားရတာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။ File size…(600 Mb) Quality….Webrip 720p Format… mp4 Duration…. 01:36:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer
movie
Anne, with Love (aka) Dark Obsession
5.9
Marked for Death (1990)
ဒီကားလေးဟာဆိုရင်တော့ မင်းသားကြီး Steven Seagal ရဲ့ ၁၉၉၀ ကထွက်ရှိထားတဲ့ action ကားကောင်းတစ်ကားပါ။ဇာတ်လမ်းရဲ့အစမှာတော့ မင်းသားက မစ်ရှင်တစ်လုပ်နေတုန်းမှာ သူ့လုပ်ဖော်ကိုင်ဖက်က သေနတ်မှန်သွားရာကနေ ဒီအလုပ်ကို ဆက်မလုပ်ဘဲအနားယူဖို့ဖြစ်လာပါ တော့တယ် အဲဒီလိုနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရာက သူတို့မြို့မှာ မူးယစ်ဂိုဏ်းတွေက သောင်းကျန်းနေတဲ့အချိန်နဲ့ တိုးပါတော့တယ်မင်းသားကြီးကရော အနားယူနေတဲ့ အတိုင်းပဲနေမှာလား ဘယ်လိုပြသနာတွေကရော ဘယ်လိုလာရှာမလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ဖိုက်တင်ခန်းမိုက်မိုက်လေးနဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်း တစ်ကားမို့ စိတ်ဝင်စားဖွယ် ရင်ခုန်စရာကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ် File size…(1.7 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat
movie
Marked for Death (1990)
The Town that Dreaded Sundown (2014)
ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ...
movie
The Town that Dreaded Sundown (2014)
6.0
Free Willy (1993)
ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ … သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ .. သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်.. ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။ အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြောင့်မို့ Keiko ...
movie
Free Willy (1993)
5.6
Urban Legend (1998)
Urban Legend (1998) ===============အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.76 GB) / (751 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie
Urban Legend (1998)
1998
6.4
Stake Land (2010)
"Stake land" ဒါမှမဟုတ် တံစို့ထိုးနယ်မြေပေါ့...။ခေတ်ကာလအားဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရော၊တိုင်းပြည်တွေရော၊ အစိုးရတွေပါမကျန် ဗမ်ပိုင်းယားတွေကြောင့်ပျက်သုဥ်းသွားခဲ့တဲ့အချိန်...။ဒီသွေးစုပ်ဖုတ်ကောင်တွေ စပေါ်လာပြီးနောက်မှာ လူတွေဟာဘေးကင်းအောင်ဆိုပြီး အစုအဝေးနဲ့နေကြပါတယ်...။သို့ပေမဲ့ ဗမ်ပိုင်းယားတွေကလည်း လူ့သွေးနံ့ကိုမိုင်နဲ့ချီအဝေးကနေရနိုင်တာမလို့ အစုအဖွဲ့နဲ့နေလေ ကိုယ်သေတွင်းကိုယ်တူးမိဖို့ရာခိုင်နှုန်းများလေဆိုတဲ့အခြေအနေပါ...။ဒီလိုကာလကြီးမှာ ဗမ်ပိုင်းယားတွေကို အံတုပြီး တိုက်ခိုက်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးကြီးနဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။သူတို့နှစ်ဦးဟာ ဧဒင်သစ်ဆိုတဲ့ လွတ်လပ်ရာနယ်မြေအသစ်ကိုချီတက်နေကြတာပါ။ဒီနယ်မြေသစ်ကိုမရောက်မီ လမ်းမှာဘယ်လိုအခက်အခဲတွေကြုံရမလဲဘယ်လိုဗမ်ပိုင်းယားတွေကြုံရမလဲ၊ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ...အသက်ရှင်အောင်ရုန်းကန်ခဲ့ကြတာတွေကို စီးမျှောကြည့်ရှုရင်းvimpire hunuter vibe မျိုး ၊ survival vibeမျိုးခံစားရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.58 GB / 800 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Stake Land (2010)
6.3
Project Dorothy (2024)
2024 မှာမှထွက်ရှိထားတဲ့ Project Dorothy ဆိုတဲ့ Sci-Fi, Horror, Thriller ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ဟာ ဓားပြတိုက်ပြီးထွက်လာရာမှာ ရဲတွေလက်ကလွတ်အောင် ရှောင်ပုန်းဖို့လိုအပ်လာပါတယ် အသက်ကြီးနေပြီဖြစ်တဲ့ ဂျိမ်းစ်ရဲ့ခြေထောက်မှာလည်း သေနတ်မှန်ထားတာကြောင့် အဆောက်အအုံပျက်ကြီးတစ်ခုမှာ ပုန်းခိုဖို့ဝင်လိုက်ပါတယ်သူတို့နောက်ကလိုက်လာတဲ့ရဲတပ်သားဟာ ထိုအဆောက်အအုံထဲကိုသူတို့ဝင်သွားတာဖြစ်နိုင်ကြောင်း စခန်းကိုအစီရင်ခံတဲ့အခါ စခန်းကရဲမေမှ ထိုအဆောက်အအုံဟာကန့်သတ်နယ်မြေဖြစ်တာကြောင့် ဝင်မသွားဖို့ သတိပေးဟန့်တားပါတယ် အဲ့ဒါကြောင့် အဲ့ရဲလည်းလှည့်ပြန်လာခဲ့ပါတယ်ဒါပေမဲ့ ဘာမှမသိဘဲ အထဲကိုဝင်သွားခဲ့တဲ့ ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ရော အဲ့အဆောက်အအုံကြီးထဲမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲ... အဲ့အဆောက်အအုံကြီးကို ဘာလို့ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတာလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ File size…(1.5 GB)/(794 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by RubyJane
movie
Project Dorothy (2024)
Roadkill (2024)
အဝေးပြေးလမ်းမကြီးပေါ်မှာ ကားလေးတစ်စီးနဲ့ ခပ်ငယ်ငယ်ချောချောကောင်မလေးတစ်ယောက် ခရီးသွားနေပါတယ်....။လမ်းမသိရင်လည်း တစ်နေရာမှာ ခရီးတစ်ထောက်နားလိုက် မေးမြန်းလိုက်ပေါ့။တစ်ခါမှာ ကားမောင်းရင်းလမ်းပျောက်နေတော့ ဂျွန်ဝစ်ကေနဲ့အိမ်ခြေရာမဲ့တစ်ယောက်ကို လမ်းသွားမေးမိပါတယ်...။တိုက်ဆိုင်ချင်တော့ သွားမယ့်ခရီးကအတူတူဖြစ်နေပါတယ်...။သို့ပေမဲ့ ကောင်မလေးမသိလိုက်တာက အဲ့ဒီနယ်မြေမှာဆိုရင် လူသတ်မှုတွေခဏခဏဖြစ်ခဲ့တာ လေးနှစ်လောက်ရှိနေပါပြီ...။နယ်ခံတွေကဆိုရင် အမြန်လမ်းမုဆိုးလို့တောင်တင်စားခေါ်နေကြပါပြီ....။ဒီလိုနဲ့ကောင်မလေးတစ်ယောက်နဲ့ အိမ်ခြေရာမဲ့လူကြီးတစ်ယောက်ဘယ်လိုနှစ်ပါးသွားကြမလဲ..လမ်းကြုံကားခေါ်တင်မိခါမှ အသက်အတွက် ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကိုရှုစားမြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်.. File size… 2.09 GB /854 MB Quality… WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Roadkill (2024)
6.0
Halloween (2007)
ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenကရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie LeeCurtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie LeeCurtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင်Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကိုလုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကိုညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါMichael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာMichael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦးတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…1.77GB / 845MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw
movie
Halloween (2007)
Natty Knocks (2023)
ဒီဇာတ်ကားက ၂၀၂၃ ထွက် horror / Thriller ဇာတ်ကားသစ်ပါ။ဇာတ်လမ်းက Slasher themeလည်းပါသလို witch craftတွေနဲ့Horrorအငွေ့အသက်တွေလည်း အစုံပါတယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဝိုင်းယက်နဲ့ဂျိုလီ မောင်နှမ၂ယောက်နဲ့သူ့ရဲ့ကလေးထိန်း ဘရစ်တို့ဟာ မမျှော်လင့်ဘဲနဲ့ လူသတ်မှုတစ်ခုကိုမျက်မြင်တွေ့ခဲ့ပြီးနောက် လူသတ်သမားရဲ့ လိုက်လံအငြိုးထားမှုကိုခံခဲ့ရပါတယ်။ သူ့လက်က လွတ်အောင်ကြိုးစားရင်း လူသတ်သမားဖြစ်သူရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့ရဲ့မြို့လေးမှာ အရင်ကဖြစ်ခဲ့တဲ့မှုခင်းတခုအကြောင်းပါ မီးခိုးကြွက်လျှောက်ပေါ်လာပါတော့တယ်။သူတို့၃ယောက် လူသတ်သမားဆီက လွတ်အောင် ပြေးနိုင်မှာလား။အဲဒီလူကဘာလို့လူသတ်နေတာလဲ၊ သူ့နောက်ကြောင်းကို သူတို့တွေဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။ File size…1.58 GB / 653MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Natty Knocks (2023)
5.4
Hatchet II (2010)
Genre – Action, Horror, Thriller IMDB – 5.4/10ရှေ့က ထွက်ထားတဲ့ Hatchet ပထမကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ။ပထမကားမှာ မင်းသမီးဖြစ်တဲ့ မယ်ရီဘတ်က လွတ်မြောက်ရာကနေပြန်အစပျိုးထားတာ ဖြစ်ပါတယ်။ဒါပေမဲ့ မင်းသမီးနေရာတော့ သရုပ်ဆောင်ပြောင်းသွားပါတယ်။ကဲ ဆက်ပြောရမယ်ဆို မယ်ရီဘတ်တစ်ယောက်သေဘေးကနေ လွတ်လာတယ်။ဒါပေမဲ့ အမှတ်မရှိဘူး ဒီကောင်ကြီးကို ပြန်သွားသတ်ချင်တယ်သူ့ အစ်ကိုနဲ့ အဖေအတွက် သွေးကြွေးဆပ်ချင်တယ်ပေါ့။အဲဒါနဲ့ ဒီလို ခရီးစဉ်တွေ လုပ်ခဲ့ဖူးတဲ့ ဇွန်ဘီးဆိုတဲ့လူဆီအကူအညီသွားတောင်းတော့ ဒီ ရဲတင်းသရဲကြီး ဗစ်တာခရောင်လီနဲ့သူတို့မိသားစုက ဆက်နွယ်နေတာကို သိသွားခဲ့တယ်။နောက်ပြီး ဒီ ဇွန်ဘီးဆိုတဲ့လူကြီးက မယ်ရီဘတ်ကိုကူညီပေးမယ်ဆိုပြီး သူတို့ ပတ်ဝန်းကျင်က အမဲလိုက်မုဆိုးတွေငါးဖမ်းသမားတွေ ဆရာကြီးတွေကို စည်းရုံးပြီးလက်နက်အပြည့်အစုံနဲ့ စိမ့်တောထဲ ပြန်သွားပြီးလိုက်ရှာသတ်ကြတဲ့အခါမှာတော့…..။မယ်ရီဘတ်တစ်ယောက် အဖေနဲ့ အစ်ကိုရဲ့အလောင်းကိုပြန်ယူနိုင်မလား ဒါမှမဟုတ် လက်စားပြန်ချေနိုင်မလား…ဘုန်းတော်ကြီးဇွန်ဘီးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်ရှိလို့ဒီလိုပြန်သွားရတာလဲ…ကျန်တဲ့ပါလာတဲ့ကြေးစားတွေရော ဒီကောင်ကြီးကိုသတ်နိုင်ကြမှာလားဆိုပြီး ကြည့်ရှုရမှာပါ။R-Rated ဖြစ်တဲ့အတွက် အသတ်အဖြတ်တွေကြမ်းတမ်းပြီး မမြင်သင့်တာတွေ လူနှစ်ယောက်ပလူးတာတွေပါဝင်တဲ့အတွက် ကြည့်ရှုခါနီး သတိပြုစေလိုပါတယ်ဗျ။ File size… 1.82 ...
movie
Hatchet II (2010)
2010
7.0
The Last Boy Scout(1991)
ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie
The Last Boy Scout(1991)
5.9
Daylight (1996)
Daylight ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်မှာ ပြသခဲ့တာဖြစ်ပြီး ရမ်ဘိုမင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကပ်ဘေးရှင်သန်ရေး thriller disaster ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒေါ်လာသန်း၈၀ အကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း၁၆၀နီးပါး ပြန်လည်ရရှိခဲ့လို့ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဥ်းဟာဆိုရင်ဖြင့် New York မြို့ကနေ တရားမဝင် အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေကို နယူးဂျာဆီပြည်နယ်ကိုခိုးပြီး စွန့်ပစ်ဖို့လုပ်ရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ထရပ်ကားတွေက ဥမင်လှိုဏ်ခေါင်းတစ်ခုကိုအဖြတ်မှာ ယာဥ်ဓားပြတိုက်လာတဲ့ သူခိုးအုပ်စုကားနဲ့ ဝင်တိုက်မိပြီး ပေါက်ကွဲမှူအကြီးစားတွေဖြစ်ကာ လှိုဏ်ခေါင်းကြီးလည်း ပြိုကျသွားပါတော့တယ်။ အဲဒီမှာ ပြိုကျသွားတဲ့လှိုဏ်ခေါင်းထဲကလူတွေ အသက်ရှင်သန်အောင်ဘယ်လိုကြိုးစားကြမလဲ။ အသက်ရှင်လျက်ရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား လိုက်လံကြည့်ရှု စီးမျောလို့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။အသက်ရှင်သန်ရေး ကြိုးပမ်းတဲ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူတွေရဲ့အတ္တတွေ မာနတွေ ကြိုးစားမှုတွေ မျှော်လင့်ချက်ကုန်ခမ်းသွားတာတွေ စိတ်ဓာတ်လုံးဝကျသွားတာတွေကိုကြည့်ရင်း ကိုယ်ပါ ရင်ထဲအလုံးကြီး ဆို့ထားသလို အောင့်သက်သက် ခံစားရဦးမှာပါ။ ဒါကြောင့် Survival Thriller ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ...
movie
Daylight (1996)
5.5
Rugrats Go Wild (2003)
Rugrats Go Wild (2003)IMDb 5.5 အပျော်စီးသင်္ဘောကြီးငှားပြီး အားလပ်ရက်ထွက်ကြတဲ့မိသားစုတွေ လက်မှတ်ပျောက်ပြီး သင်္ဘောကြီးနဲ့မဟုတ်တော့ဘဲ သင်္ဘောလေးနဲ့ပဲပင်လယ်ထဲရွက်လွှင့်ရာက မုန်တိုင်းနဲ့တိုးပြီ းသင်္ဘောကတစ်စစီဖြစ်သွားပါတယ် အသက်ကယ်လှေလေးနဲ့လွတ်ရာလွတ်ကြောင်းပြေးရင်း ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ် ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကလို တောနက်ထဲရောက်မသွားဘဲ လူသူမရှိတဲ့ကျွန်းပေါ်ရောက်သွားခဲ့တာပါ သားရဲတိရစ္ဆာန်တွေလည်းပေါတဲ့ ဒီကျွန်းမှာ ကလေးအုပ်စုနဲ့လူကြီးအုပ်စုကွဲသွားပြီးနောက် ဘာဆက်ဖြစ်ကြမလဲ ချောချောမွေ့မွေ့နဲ့အိမ်ပြန်နိုင်မှာလား ကျွန်းပေါ်မှာပဲ ရာသက်ပန်နေဖြစ်မလား ဆက်ကြည့်ရှုလိုက်ကြပါဦး File size…1.84GB / 930MB Quality…1080p BluRay AAC5.1CH / 720p Format…Myanmar Subtitle(Hard Sub) Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Rugrats Go Wild (2003)
2003
7.7
Once Upon a Time … in Hollywood (2019)
(Unicode)တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။အရင်ရှစ်ကားကတော့ Django Unchained (2012) ... The Hateful Eight (2015) ... Death Proof (2007) ...Inglourious Basterds (2009) ... Reservoir Dogs (1992) ... Kill Bill: Vol. ... Kill Bill: Vol. ... Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။...
movie
Once Upon a Time … in Hollywood (2019)
2019
4.9
Havenhurst (2016)
သဲထိတ်ရင်ဖိုကားလေးတစ်ကားကို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့Heavenhurst (2016)ပါ။Heavenhurst ဆိုတဲ့ နေရာကိုပြောင်းရွေ့လာခဲ့တဲ့ အရက်စွဲနေတဲ့အမျိုးသမီးလေး Jackie...အဲ့ဒီတိုက်ခန်းမှာပဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ သူမရဲ ့သူငယ်ချင်းနှစ်ယောက်...ထူးဆန်းစွာနားလည်ရခက်တဲ့ အိမ်ရှင်အဖွားကြီး...အဲ့ဒီအိမ်ကိုပြောင်းရွေ့လာပြီးနောက်ပိုင်း အရမ်းထူးဆန်းတာတွေနဲ့တွေ့ကြုံလာရပြီး အိမ်ကြီးကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အခါ သူမလွတ်မြောက်နိုင်ပါ့မလား။ပျောက်ဆုံးသွားတဲ့လူတွေအကြောင်းကိုရောသူမ အချိန်မှီသိရှိနိုင်ပါ့မလား။ဒီလိုသဲထိတ်ရင်ဖိုကားတွေကိုမှ နှစ်သက်တဲ့ CMပရိသတ်ကြီး ရင်တစ်ဖိုဖိုခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။(ဘာသာပြန်သူကတော့ မေမြတ်သူပါ)File Size : (680 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 20min Format : Mp4 Genre : Horror, Thriller,Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GUACAMOLE Translated by May Myat Thu Encoded by Thanhtike Zaw
movie
Havenhurst (2016)
2016