Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danielle Francine
Blood Harvest (2023)
အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကို တွေ့ရတဲ့အခါ...။ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲက ရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ...။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB)/(671 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Blood Harvest (2023)
7.8
Burial Ground Massacre(2021)
မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြတဲ့အခါ အရာရာကသတိထားစရာပါ။တစ်ခုခုမဆင်ခြင်မိတာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ အဲ့ဒီလိုမှော်ပညာနဲ့ ကျိန်စာတိုက်ထားတဲ့လက်စွပ်လေးက လာဆန်တို့မိသားစုရဲ့စံအိမ်ထဲမှာ ရှိနေပါတယ်။“အိပ်ရာဝင်ပုံပြင်ကို ယုံကြည်ရင် ကျိန်စာတွေကိုလည်း ယုံကြည်ရမယ်တဲ့....”ကျိန်စာသင့်လက်စွပ်ကိုမှအသက်ပြန်သွင်းဖို့ လိုချင်နေတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။လာဆန်တို့မိသားစုက မျိုးနွယ်စုခေါင်းဆောင် ကြိုးပေးခံခဲ့ရတဲ့မြေပေါ်မှာ နေထိုင်ခဲ့တာ တော်တော်ကြာပါပြီ။အိမ်မှာ မိဘတွေမရှိတုန်း ချေ့စ်လာဆန်တစ်ယောက် သူငယ်ချင်းတွေခေါ်ပြီး ပါတီပေးရင်းနဲ့ လုံးဝတားမြစ်ထားတဲ့သူ့အဖေရဲ့စာဖတ်ခန်းကို လူငယ်သဘာဝ ရအောင်ဝင်ကြည့်ပြီး ကျိန်စာသင့်လက်စွပ် ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။လက်စွပ်ကလည်း အစွမ်းတွေပြ၊ လက်စွပ်ကိုလာယူတဲ့သူကလည်း တစ်ဖြေးဖြေးချင်း လာဆန်တို့ရဲ့စံအိမ်ကို ချဉ်းကပ်လာတဲ့အခါ....လက်စွပ်ရဲ့ကျိန်စာတွေနဲ့ လက်စွပ်ကိုလိုချင်တဲ့လူသတ်သမားရဲ့လက်ထဲကနေ လာဆန်တို့သူငယ်ချင်းတစ်စုဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်စွပ်ရဲ့သမိုင်းကြောင်းကရော ဘာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်တော့နော်... File size…1.6GB / 801MB / 491MB Quality…1080p WebRip / 720p / 480p Format…Mp4 Duration….1h 40min Subtitle….Myanmar subtilte (Hard Sub) Encoder….YK Translated by JoJoVa and HAW
movie
Burial Ground Massacre(2021)
2021