Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danielle Burgio
6.1
(18+) Vampires (1998)
ဒါရိုက်တာ John Carpenter ရိုက်ကူးထားတဲ့ 1998 ခုနှစ်ထွက် သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကို ကြက်သွန်ဖြူကြောက်ပြီး လင်းနို့အဖြစ်လည်းပြောင်းနိုင်တဲ့အပြင် လက်ဝါးကပ်တိုင်ကိုကြောက်တဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးပုံဖော်ကြပေမဲ့ ဒီရုပ်ရှင်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ခြည်နဲ့ သစ်သားချောင်း နှလုံးထဲထိုးစိုက်ခံရမှာကိုပဲ ကြောက်ကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - ဂျက်ခ် ခရိုး ဦးဆောင်တဲ့ သွေးစုပ်ဖုတ်ကောင်အမဲလိုက်အဖွဲ့ဟာ သွေးစုပ်ဖုတ်ကောင်အသိုက်တစ်ခုကိုဝင်ရှင်းရင်း ကျေးကျွန်တွေအကုန် ရှင်းလိုက်နိုင်ပေမဲ့ သခင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီနေ့ ည သူတို့တည်းနေတဲ့ မိုတယ်မှာ အောင်ပွဲခံနေတုန်းမှာပဲ သူတို့ရှာမတွေ့ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် သခင်တိုက်ခိုက်တာခံလိုက်ရလို့ တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ဂျက်ခ်နဲ့ သူ့ရဲ့တွဲဖက် မွန်တိုယာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဂျက်ခ်လည်း သူနဲ့တွေ့ဖို့ ဗာတီကန်ကနေ လွှတ်လိုက်တဲ့ ကာဒီနယ် အယ်ဘာနဲ့တွေ့ပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်က ယန် ဗဲလက်ခ်လို့ခေါ်တဲ့အပြင် ပထမဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့ ဒီဗဲလက်ခ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်သခင်က ဘာလို့ဒီလောက် စွမ်းအားကြီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်အစစ်ကတော့ ...
movie
(18+) Vampires (1998)
Summer of Sam (1999)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie
Summer of Sam (1999)
6.7
[18+]Showgirls(1995)
[18+]Showgirls(1995)******************** (Dark Side Production မှတင်ဆက်သည်...) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကိုမိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်..ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie
[18+]Showgirls(1995)
6.4
Rebel Moon – Part One: A Child of Fire (2023)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ...
movie
Rebel Moon – Part One: A Child of Fire (2023)
Squealer (2023)
Squealer (2023)ဗန်ဒိန်းတို့ အာနိုးတို့နဲ့ တွဲရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် Andy Armstrong ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ Horror Thriller ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဇာတ်ညွှန်းကူရေး ပရိုဂျူဆာလုပ်ရင်း ရိုက်ထားတာပါ။ ကနေဒါ ကွင်းဆက်လူသတ်သမား Robert Pickton ဖြစ်စဥ်ကို Inspired ယူပြီး ရိုက်ထားပါတယ်။ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကြိုက်တဲ့လူတွေအတွက် ဒီလအစကမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်စက်စက်ပါပဲ။ Fast & Furious နဲ့ Transformers တို့ထဲ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Tyrese Gibson လို ဘီးကြဲက ဦးဆောင်ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~မြို့မှာ အမျိုးသမီးပျောက်ဆုံးမှုတွေ တိုးလာတာကို မသင်္ကာလို့ ရဲမှူးဂျက်နဲ့ လူမှုဖူလုံရေးဝန်ထမ်း လီဆာတို့ လိုက်စုံစမ်းရင်း မြို့ပြင်က ဝက်မွေးမြူရေးခြံကို စုံစမ်းဖို့ရောက်သွားတဲ့အခါ ဘယ်လိုတွေ ကြုံတွေ့ရမလဲ ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်ကြည့်ရှူကြရပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie
Squealer (2023)
2023
6.8
Hitchcock (2012)
ဟစ်ခ်ျကော့ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ "သည်းထိတ်ရင်ဖို ဆရာသခင်ကြီး"လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ခ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး အဲဖရက်ဟစ်ခ်ျကော့ခ်ဟာ ရုပ်ရှင်သမိုင်းကြောင်းတလျှောက်မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Psycho, Vertigo, North By Northwest အစရှိတဲ့ Thriller, Mystery ကားတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Psycho လို့အမည်ရတဲ့ Horror/Thriller ရုပ်ရှင်ကို ဒါရိုက်တာကြီးဟစ်ခ်ျကော့ခ်တစ်ယောက် ပုံဖော်ရိုက်ကူးခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် ...
movie
Hitchcock (2012)
5.6
Every Breath She Takes (2023)
Every Breath She Takes (2023) =======================Jules က သူ့ယောကျ်ား Billy ရဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တွေကို ခံခဲ့ရပြီး နှစ်အတော်ကြာမှာ သူတို့အိမ်မီးလောင်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ Billy က Julesကို သတ်ဖို့ကြိုးစားခဲ့ ပေမဲ့ Jules မီးလောင်နေစဥ် လွတ်မြောက်သွားခဲ့ပြီး Billy ကတော့ မီးထဲမှာ ဆုံးသွားခဲ့တယ်။ဒီလိုနဲ့ Jules အတွက် Billy ရဲ့ ထိန်းချုပ်မှု၊ အကြမ်းဖက်တွေ အားလုံးက လွတ်ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒါတင်မပြီးသေးပါဘူး။ Jules စိတ်ပိုင်းဆိုင်ရာ ဇဝေဇဝါ ဒုက္ခတွေ ကြုံခဲ့ရပြီး နောက် ဆုံးတော့ သေဆုံးသွားတဲ့ ယောကျ်ား Billyကို မကြာခဏ ပြန် မြင်လာရပါတယ်။ လူတွေအားလုံးထင်သလို Jules တကယ်ပဲ ရူးသွားတာလား Billyကို ပြန်မြင်ယောင်နေတာ ဘာကြောင့်လဲ ဆိုတာကိုတော့ ဒီ Drama & Thriller ကားမှာ သည်းထိတ် ရင်ဖိုစရာကောင်းအောင် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo ...
movie
Every Breath She Takes (2023)
2023
Ghosts of Mars (2001)
Ghosts of Mars (2001)မားစ်ဂြိုဟ်ပေါ်မှာ လူ ၆၄၀၀၀၀ နီးပါးလောက် အခြေကျနေထိုင်လျက်ရှိချိန်ပေါ့...ရဲတပ်ဖွဲ့တစ်စုဟာ မိုင်းတွင်း တစ်ခုရဲ့ အကျဉ်းထောင်မှာ ရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားသူ ဝီလီယမ်ကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးဖို့ရာ ခရိုင်စီဆိုတဲ့နေရာကို ပြန်ခေါ်လာပေးရမယ့် မစ်ရှင်လုပ်ဖို့ကြုံလာတယ်။ ရှိုင်းနင်းတောင်ကြား မိုင်းတွင်းကို သူတို့အဖွဲ့ ရောက်ရှိသွားချိန် အရင်လို လူစည်ကားမနေဘဲ ခြောက်ကပ်နေတာကို တွေ့လိုက်ရတယ်။ အဆောက်အအုံတွေထဲ ဝင်စစ်ဆေးလိုက်ချိန်မှာ လူတွေအားလုံးနီးပါး ရက်ရက်စက်စက် အသတ်ခံထားကြရတာကို မြင်လိုက်ရတယ်။အကြောင်းရင်းကို စုံစမ်းရင်း မားစ်ဂြိုဟ်ပေါ်က သယံဇာတတွေကို တူးဖော်ရင်း မလှုပ်နိုးအပ်သင့်တဲ့ အရာတွေကို လှုပ်နှိုးမိတဲ့အခါ...မယ်လနီနဲ့ သူ့ရဲ့တပ်ဖွဲ့ ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး Ice Cube နဲ့ Jason Statham တို့လို နာမည်ကြီး ဘီးကြဲတွေ ကြမ်းပြထားတာမို့ ကြည့်ရတန်မယ့် ကားလည်း ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie
Ghosts of Mars (2001)
2001
7.0
The Amazing Spider-Man (2012)
ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie
The Amazing Spider-Man (2012)
2012
4K HEVC
6.0
Beyond The Sky (2018)
UFO တွေရောက်လာပြီး လူသားတွေကိုစမ်းသပ်ဖို့ ခေါ်ဆောင်သွားကြတယ်ဆိုတဲ့ သတင်းတွေ ကြားဖူးကြမှာပေါ့။အဲဒီ့ဖြစ်ရပ်တွေက တကယ်လား။ကောလဟလတွေများလား။ဒီဟာနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ သက်သေတွေ အများကြီးရှိခဲ့ပါတယ်။ဒီတစ်ခါတင်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ ငယ်ငယ်လေးတည်းကမိခင်ဖြစ်သူဟာ ဂြိုလ်သားတွေ ခေါ်ဆောင်ခြင်းခံခဲ့ရတယ်ဆိုတာကိုလုံးဝမယုံကြည်တဲ့ ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာတော့သူ့အမေလိုပဲ ဂြိုလ်သားတွေ ခေါ်သွားတာ ခံခဲ့ရဖူးတဲ့ကောင်မလေးနဲ့တစ်ယောက်နဲ့ တွေ့တဲ့အခါမှာတော့ဒီကိစ္စရဲ့ ရင်းမြစ်ကို လိုက်လံစုံစမ်းကြပါတော့တယ်။နောက်ဆုံးသောအဖြေက အစစ်အမှန်လား၊ဒါမှမဟုတ် အတုအယောင်ဖြစ်နေတာလားဆိုတာကိုတော့Beyond the Sky ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ရှုရင်း အဖြေထုတ်လိုက်ကြပါဦးဗျာ... File Size : ( 821 MB) & ( 293 MB)Quality : BluRay 720pRunning Time :1hr 22 minFormat ...
movie
Beyond The Sky (2018)
2018