Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daniela Melchior
7.7
Road House (2024)
ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီးUFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာUFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကိုလေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာအကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီးလမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…6GB/2.81GB ...
movie
Road House (2024)
4K HEVC
8.4
Guardians of the Galaxy Volume 3 (2023)
Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie
Guardians of the Galaxy Volume 3 (2023)
4K HEVC
6.3
Fast X(2023)
Fast X(2023)************Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ...
movie
Fast X(2023)
4K HEVC
Assassin Club (2023)
Assassin Club (2023)အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File ...
movie
Assassin Club (2023)
2023
Marlowe (2022)
Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆိုတော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie
Marlowe (2022)
2022
7.9
The Suicide Squad (2021)
The Suicide Squad (2021)Superheroဆိုတာဂျိုနဲ့လားလို့ တွေ့သမျှလူတိုင်းကို Face to Face လိုက်မေးမယ့် Harley Quinn ရဲ့ Suicide SqaudလာပါပြီMarvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့သောင်းကျန်းလို့အပြီးမှာတော့ ဒါရိုက်တာ James Gunnတစ်ယောက် DC universeရဲ့ မျောက်လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ရောက်လာခဲ့ပါပြီIMDB rating - 7.9 နဲ့ Rotten Tomatoes rating - 95% တောင်ရထားတာမလို့ DCEU ရဲ့ ဇာတ်ကားတွေထဲမှာ အမြင့်ဆုံး ratingလို့တောင် ပြောလို့ရပါတယ်U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါဝေါလ်လာတစ်ယောက် Enchantressနဲ့ ရင်ဆိုင်အပြီးမှာ နောက်ထပ်ကမ္ဘာပျက်မယ့် ဘေးအန္တရာယ်ကြီးတစ်ခုအတွက် အသေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီအဲ့ဒီအန္တရာယ်ကတော့ တောင်အမေရိကကျွန်းငယ်နိုင်ငံလေးတစ်ခုကို အုပ်ချုပ်နေတဲ့လူတစ်စုရဲ့ လက်ထဲကိုရောက်ရှိနေတဲ့ Project Starfish လို့ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါအဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်းတွေကို အဲ့ဒီကျွန်းနိုင်ငံလေးအထိ သွားရောက်ဖျက်ဆီးရမှာက ဇာတ်လိုက်ကျော် Suicide Sqaud ကြီးရဲ့တာဝန် ...
movie
The Suicide Squad (2021)
2021
4K HEVC