Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daniel Giménez Cacho
Innocent Voices (2004)
IMDb Rating (7.8/10)El Salvador နိုင်ငံရဲ့ပြည်တွင်းစစ်ကြားထဲက ၁၁နှစ်အရွယ် Chava ဆိုတဲ့ကောင်လေးရဲ့ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတဲ့ကားလေးပါ၊၁၉၈၀မှာ စစ်တပ်နဲ့လယ်သမားတွေ မြေကိစ္စနဲ့ပဋိပက္ခတွေဖြစ်ရာကနေ လယ်သာမားတွေကလက်နက်ဆွဲကောင်ကြရင်း ပြောက်ကျားတပ်ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ကိုဦးတည်လာခဲ့ပါတော့တယ်၊ Chava ဟာ သူ့အမေရယ် သူ့အစ်မနဲ့ညီလေးနဲ့ေနထိုင်ပြီး Chava အဖေဖြစ်သူဟာ စစ်ပွဲတွေစတင်ဖြစ်ကထဲက Chava တို့မိသားစုကိုထားခဲ့ပြီး အမေရိကကိုထွက်သွားခဲ့တာပါ၊ Chava တယောက်က မိသားစုကိုကူညီပေးရင်း ပျော်ပျော်ပဲနေတတ်တဲ့ ကလေးငယ်လေးပါ၊ အပူအပင်မရှိတဲ့ Chava ရဲ့ဘဝအတွက် မဖြစ်ချင်ဆုံးက သူအသက် ၁၂နှစ်ပြည့်မှာကိုပါပဲ၊စစ်တပ်ဟာ အသက်၁၂နှစ်ပြည့်တဲ့ကောင်လေးမှန်သမျှကို ကလေးစစ်သားအဖြစ်ခေါ်ဆောင်နေခဲ့တာပါ၊ ပြည်တွင်းစစ်အခြေအနေတွေကလည်း တဖြည်းဖြည်းပိုဆိုးလာပြီး Chava တယောက်ကလည်း အသက်၁၂နှစ်ပြည့်ဖို့နီးကပ်လာပြီး Chava တို့မိသားစုအဖို့စိုးရိမ်တွေပဲဖြစ်လာနေခဲ့ပါတော့တယ်၊ သာမာန်ကလေးတယောက်ကို နေထိုင်နေရမယ့်အရွယ်မှာ အရွယ်နဲ့မလိုက်ကြုံတွေ့ခဲ့ရတဲ့ ကလေးတယောက်ရဲ့ဖြစ်ရပ်မှန်ဘဝကိုပုံဖော်ထားခဲ့ပြီး တကယ်ဝမ်းနည်းစရာတွေနဲ့ပြည့်နှက်နေတဲ့ကားလေးပါ File size…(3.3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre... Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Innocent Voices (2004)
5.5
Down the Rabbit Hole (2024)
Down the Rabbit Hole ကတော့ ၂၀၂၄ မေလ ၁ ရက်မှာအသစ်ထွက်ရှိထားတဲ့မက္ကဆီကိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ဟာသ၊ ဒရမ်မာအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ရဲ့နာမည်အတိုင်းယုန်တွင်းထဲကိုဝင်သွားမှ ထူးခြားဆန်းပြားတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ၁၀ နှစ်သားကလေးငယ်တစ်ယောက်ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုစတင်ရိုက်ကူးပြထားပြီး ဆက်ကြည့်သွားရင်းနဲ့မှ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဖခင်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေ၊ ရက်စက်မှုတွေကိုတို့ရှ်ထလီဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့ရှု့ထောင့်ကနေကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း*************** မြို့ပြင်ကခမ်းနားတဲ့နန်းတော်ကြီးတစ်ခုထဲမှာကြီးပြင်းလာတဲ့၁၀ နှစ်သားလေးတို့ရှ်ထလီဟာ ဖခင်ကအလိုလိုက်ခံထားရသူဖြစ်ပြီးလိုတာတလိုက်တိုင်းရရှိနေခဲ့ပါတယ်။တိရစ္ဆာန်ချစ်တဲ့တို့ရှ်ထလီအတွက် ဖခင်က ကိုယ်ပိုင်တိရစ္ဆာန်ရုံတစ်ခုတည်ဆောက်ပေးထားသလို သားငယ်ပါးစပ်ကဟလိုက်တဲ့အရာတိုင်းကို မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ကိုယ်ပိုင်တိရစ္ဆာန်ရုံမှာ ရှားပါးတိရစ္ဆာန်တွေကိုပိုင်ဆိုင်ထားရတာတောင်မှ အာဖရိကရေမြင်းငယ်လေးတွေကိုမှအရူးအမူးလိုချင်နေတဲ့တို့ရှ်ထလီအတွက် ဖခင်ဖြစ်သူကအာဖရိကအထိတောင်လိုက်ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ တို့ရှ်ထလီဟာနန်းတော်ကြီးရဲ့အပြင်ကိုထွက်ခွင့်မရှိသလို အမှန်တရားတချို့ကိုလည်း သိခွင့်မရှိခဲ့ပါဘူး။ တကယ်တော့ တို့ရှ်ထလီရဲ့ဖခင်ဟာမက္ကဆီကိုရဲ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေထဲကတစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူအပေါ်မှာနူးညံ့ကြင်နာသလောက်တခြားသူတွေအတွက်တော့ တို့ရှ်ထလီရဲ့ဖခင်က ရက်စက်ကြမ်းကြုတ်သူတစ်ဦးပါ။ တစ်ဖြည်းဖြည်းကြီးပြင်းလာတဲ့တို့ရှ်ထလီဟာစူးစမ်းလိုစိတ်လည်းပြင်းပြလာတာကြောင့်ဖခင်ရဲ့ရာဇဝတ်ဂိုဏ်းအကြောင်းကိုလည်း နည်းနည်းချင်းသိရှိလာခဲ့ပါတော့တယ်။ File size…1.91 GB / 829 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Down the Rabbit Hole (2024)
6.7
Cronos (1993)
IMDB - 6.7Rotten Tomatoes - 90%1990 ကျော်ကဇာတ်လမ်းဖြစ်တဲ့အတွက် သူ့ခေတ်သူ့အခါမှာတော့အတော်လေးပေါက်တယ်လို့ ဆိုရမှာပါ။ အကောင်းဆုံး ဒါရိုက်တာ ၊အကောင်းဆုံးသရုပ်ဆောင် စတဲ့ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့၁၅၃၆ ခုနှစ်မှာအဂ္ဂိရတ်ဆရာတစ်ယောက်ဖြစ်တဲ့ အူဘာတိုဖူလ်ကာနလီ ဟာထာဝရအသက်ပေးစွမ်းနိုင်မယ့်စက်တစ်ခုကိုတီထွင်ခဲ့ပါတယ်။ရဲတွေစုံစမ်းမှုတွေကြောင့် ထွက်ပြေးရင်း မက်စီကိုနိုင်ငံ ဗယ်လာကုဇ်မှာပုန်းနေခဲ့တယ်။ နှစ်ပေါင်း ၄၀၀ ကြာပြီးနောက်မှာ အူဘာတိုဖူလ်ကာနလီဟာအမိုးပိပြီးနှလုံးကိုသစ်ချောင်းထိုးမိကာသေဆုံးသွားခဲ့တယ်။သူရဲ့တီထွင်မှုတွေ ပိုင်ဆိုင်မှုတွေကို ရဲအရာရှိတွေဟာ ပြည်သူတွေကိုမချပြခဲ့ပဲလေလံတင်ရောင်းချခဲ့တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုကGRAND BAZAAR ရှေးဟောင်းပစ္စည်းအရောင်းဆိုင် မှာရှိနေခဲ့တယ်။ဒီလာဂွာဒီယာ လုပ်ငန်းစုကလည်း သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုအသည်းအသန်လိုက်ဝယ်နေတယ်။ GRAND BAZAAR ပိုင်ရှင် အဖိုးကြီးက ရုပ်ထုတစ်ခုထဲကနေရွှေရောင်အင်းစက် စက်ရုပ်ပစ္စည်းလေးကိုရှာတွေ့ပြီးနောက်မှာတော့........ File size…1.40 GB/ 589 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo ...
movie
Cronos (1993)
6.9
Get the Gringo (2012)
q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie
Get the Gringo (2012)
7.1
BARDO, False Chronicle of a Handful of Truths (2022)
BARDO, False Chronicle of a Handful of Truths (2022)~ Directed by Alejandro González Iñárrituဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ...
movie
BARDO, False Chronicle of a Handful of Truths (2022)
2022
7.7
[18+] Y Tu Mamá También (2001)
Y Tu Mamá También (2001)~ IMDb - 7.7/10, Rotten Tomatoes - 92% ~(လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ)သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု... ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ...မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ...မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ ...
movie
[18+] Y Tu Mamá También (2001)
2001
6.7
Memoria (2021)
Memoria (2021)==============IMDb Rating - 6.7/10Modern Life ,Modern Noise လို့ဆိုရလောက်အောင် ကျွန်တော်တို့ရဲ့ယနေ့ခေတ် ဘဝနေထိုင်မှုပုံစံတွေက မနက်ကနေညအထိအလုပ်လုပ်ငွေရှာရင်း ဘဝရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပါတယ်။ ဒီလိုပါပဲ ယခင် ကျေးငှက်လေးတွေရဲ့တေးသံသာတွေနဲ့ပြည့်နှက် နေတဲ့ ပတ်ဝန်းကျင်ကမနက်ကတည်း ကားသံ၊ လူသံ၊ စက်မောင်းသံတွေနဲ့ပတ်ဝန်းကျင်က ဆူညံလို့နေပါတော့တယ်။ ဘဝနေထိုင်မှုအတွက်ပဲရှင်သန်လှုပ်ရှားရင်းနေလာရတော့ ဒီလို အသံတွေနဲ့အသားကျလာကြပါတယ်။ ဒါပေမယ့် အသားမကျသေးသူအတွက်တော့ အများနဲ့ မသက်ဆိုင်သောသူသဖွယ်ခံစားနေရမှာပါ။ဒီဇာတ်လမ်းကလည်း လက်ရှိလူနေမှုဘဝလှုပ်ရှားမှုတွေ..လူမှုဆက်ဆံရေးပုံစံတွေကို နောက်ခံမှာ မြုပ်နှံထားပြီး Tilda Swintonရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အေးအေးဖြည်းဖြည်းချင်း ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးက ခေတ်ပေါ်ပန်းချီကားတစ်ချပ်လိုမျိုး အပေါ်ယံကြည့်လိုက်ရင် အဓိပ္ပါယ်မရှိသယောင်ဖြစ်ပေမယ့် ပန်းချီကားအပေါ်မှာသေချာခံစားကြည့်လိုက်ရင်တော့ ရင်ထဲမှာ ခံစားချက်အတွေးတွေဖြစ်လာစေမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - ...
movie
Memoria (2021)
2021
5.1
Siberia (2019)
Siberia 2019ဒီရုပ်ရှင်ကတော့ ဝီလမ်ဒဖိုးတစ်ယောက် အဓိက သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါပဲ။ အမျိုးအစားကတော့ survival နဲ့psychological ပေါင်းထားတာပါပဲ။ ကလင့်ထ်ဆိုတဲ့လူတစ်ယောက်ဟာ လူ့လောကထဲမှာနေကြည့်ပြီးခဲ့ပြီးအဆင်မပြေမှုတွေ များလွန်းလို့ ကမ္ဘာ့အစွန်း့ နှင်းတောကြီးထဲမှာ တစ်ယောက်တည်း လာနေနေတဲ့သူတစ်ယောက်ပေါ့။တစ်ယောက်တည်းလာနေနေသူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ရှာဖွေနေတယ်၊ အတိတ်ကအဖြစ်တွေကို စဉ်းစားနေတယ်၊ တစ်ယောက်တည်း စိတ်ကူးယဉ်တယ်၊ အိပ်မက်မက်တယ်၊ အရှိတရားနဲ့ မရှိတရားကိုရောနှောတယ်။ လူတစ်ယောက် လူသူမနီးတဲ့နေရာမှာ ဘာတွေတွေးတတ်လဲဆိုတာ ရိုက်ပြတာပါပဲ။ ဒါရိုက်တာရဲ့အဆိုအရတော့ အိပ်မက်တွေကို ရုပ်ရှင်ရုပ်ပြလို့ဖြစ်နိုင်လားဆိုတဲ့ စကားကို အဖြေပေးလိုက်တာပေါ့။ဇာတ်ကြောင်းကို ပြောပုံကလည်း A B C D မဟုတ်ဘူး D B A C လို ဖြစ်နေတာမို့ အလကားနေရင်းhigh သွားချင်တဲ့သူတွေကြည့်ဖို့တော့ အသင့်တော်ဆုံးပါပဲ။တချို့ဇာတ်ဝင်ခန်းတွေမှာ အသက်၁၈နှစ်နဲ့အောက် မကြည့်ရှုသင့်ပါ Translated by ...
movie
Siberia (2019)
2019
5.9
The Promise (2016)
ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie
The Promise (2016)
2016