Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daniel Gerroll
6.2
Touched with Fire (2015)
Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့အမေရိကန်ဒရာမာဇာတ်ကားကောင်းဖြစ်ပြီး ဒါရိုက်တာPaul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသားဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာတယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။ File size…1.62GB / 759MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Touched with Fire (2015)
7.5
Still Alice (2014)
အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး ...
movie
Still Alice (2014)
6.7
The Amazing Spider-Man 2 (2014)
ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie
The Amazing Spider-Man 2 (2014)
2014
4K HEVC