Channel Myanmar

Daniel Eric Gold

Last Night (2010) 6.5
Last Night (2010)  ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရောwriter အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ Sam Worthington, မင်းသမီးချော Keira Knightleyတို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည်သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။File size…1.25GB / 587MB Quality…Blu-Ray  1080p  / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Last Night (2010)

War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
Charlie Wilson’s War(2007) 7.1
Charlie Wilson’s War(2007)  "ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့...ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး...တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်...ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်...မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ...သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်...""အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ""သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ...မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ...ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်...ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်""မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်...အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်..."ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်...ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်...ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ... ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်...ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်....ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ...
movie

Charlie Wilson’s War(2007)

2007
Taking Woodstock (2009)
Taking Woodstock (2009) Taking Woodstock (2009)လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ..၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့ Drama/Musicကားလေးပါ..ဇာတ်လမ်းအကျဉ်း ၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျ အယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီး သူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေး ဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ.. နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်.. လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်း လူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုး ပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်.. ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေက လုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ် အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား.. သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား.. လူငယ်လေး အယ်လီယက်တစ်ယောက် လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ...
movie

Taking Woodstock (2009)

Definitely, Maybe (2008) 7.1
Definitely, Maybe (2008) Definitely, Maybe (2008) IMDb - 7.1/10_____Rotten - 70%    Will Hayes (Ryan Reynolds) ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်မှာ သမီးလေးတစ်ယောက်ရှိပြီး ဇနီးမယားနဲ့တော့ ကွဲကွာနေသူပါ... တစ်နေ့သမီးလေးဟာ ကျောင်းရဲ့ လိင်ပိုင်းဆိုင်ရာသင်ခန်းစာတွေသင်ပြီးနောက်မှာ အဖေ့ထံက တစ်သက်လုံးမကြားခဲ့ရတဲ့အမေ့အကြောင်းကို စပ်စုပါတော့တယ်.... ဖခင်ဖြစ်တဲ့သူဟာ အမေဆိုတာကြီးကိုတမ်းတပြီး သမီးလေးကိုမကြီးပျင်းစေချင်တော့ အမေ့အကြောင်းကို တစ်ကြောင်းတောင် မပြောပြထားသလို လွမ်းမောစရာအတိတ်ကြီးကိုလည်း ပြန်လည်အမှတ်မရချင်တော့တာကြောင့်ပေါ့... ကျွန်တော်တို့အားလုံးလည်း တစ်စုံတစ်ယောက်ကိုသိပ်ချစ်ခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့်လက်တွဲဖြုတ်ခဲ့ရတဲ့အခါမှာ အတတ်နိုင်ဆုံးမေ့ပျောက်ဖို့ကြိုးစားကြတယ်... သို့ပေမယ့် ချစ်ခဲ့သူနဲ့ပတ်သက်လို့မေ့ပျောက်ဖို့ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ဘယ်တုန်းကများအောင်မြင်ခဲ့ဖူးလို့လဲ... နောက်ဆုံးသမီးလေးကို ကွဲသွားတဲ့မိန်းမအကြောင်းကို ပြောပြဖြစ်တယ်... သူပြောတဲ့အကြောင်းတွေက တကယ်စိတ်ဝင်စားဖို့ကောင်းသလို ရယ်လည်းရယ် ရင်လည်းခုန်ဖို့ကောင်းတယ်... ရိုက်ပြထားတာလည်း တကယ်ကြည်နူးဖွယ်ရာကောင်းတယ်... ခံစားကြည့်လိုက်ပါဦး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်....     File Size : (950 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Definitely, Maybe (2008)

2008