Channel Myanmar

Daniel Cerqueira

Sixty Six (2006) 6.7
Sixty Six (2006)  ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Sixty Six (2006)

Judy (2019) 7.2
Judy (2019) တစ်ခေတ်တစ်ခါက အကြွေစောခဲ့တဲ့ Legendary Star တစ်ယောက်ဖြစ်တဲ့Somewhere Over The Rainbow သီချင်းရဲ့ပိုင်ရှင်ဂျူဒီဂါလန်အကြောင်းကိုရိုက်ကူးထားတာပါဂရန်းရပ်ပစ်မင်နီဆိုတာက ဖရန်စစ်ဂမ်းစ်ကိုခေါ်တဲ့ကလေးမလေးတစ်ယောက်...အနုပညာပိုးပါလွန်းလို့ အသက် ၂နှစ်အရွယ်တည်းက စင်ပေါ်တက်သီချင်းဆိုခဲ့သူ... သူ့အနုပညာနာမည်ကို ဂျူဒီဂါလန်ရယ်လို့သူကိုယ်တိုင်းရွေးချယ်ခဲ့သူ...သူ့အသက် ၁၃နှစ်အရွယ်ကိုရောက်ချိန်မှာတော့Louis B. Mayor ကုမ္ပဏီကရိုက်ကူးတဲ့ Wizard of the Oz ဇာတ်လမ်းတွဲထဲမှာအဓိကဇာတ်ကောင် ဒေါ်ရသီအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တယ်...ရုပ်ရည်ချောမောလှပသလို အဆိုပါရမီပြည့်ဝတဲ့ သူမဘဝလေးဟာပန်းခင်းလမ်းပဲလို့ထင်မှတ်စရာရှိပေမယ့်တကယ်တမ်းအဲ့လိုမဟုတ်ခဲ့ရှာပါဘူး...တွန်းအားအရမ်းပေးလွန်းတဲ့ မိခင်ရယ်နေ့လည်စာစားချိန်တောင်မပေးပဲအတင်းအဓမ္မအနိုင်ကျင့်ခိုင်းစေတဲ့ကုမ္ပဏီကြောင့် ဂျူဒီဟာ ဘဝကိုပင်ပန်းခက်ခဲစွာနေထိုင်နေရရှာရုံသာမက ဆေးစွဲတဲ့အဆင့်ထိရောက်သွားပါတော့တယ်...ဒီလိုသနားစရာဂျူဒီလေး အရွယ်ရောက်သွားတဲ့အခါကြုံတွေခဲ့ရတဲ့ ဘဝဇာတ်စုံကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်....သက်လတ်ပိုင်းဂျူဒီဂါလန်အဖြစ် Rene Zellweger ကပါဝင်သရုပ်ဆောင်ထားပေးပါတယ်IMDB 7.2/10 ရရှိထားပြီး ကြည့်သင့်တဲ့ဇာတ်ကားကောင်းလို့ ညွှန်းပေးလိုက်ပါရစေ File Size ...
movie

Judy (2019)

2019