Channel Myanmar

Daniel Auteuil

Manon of the Spring (1986) 8.0
Manon of the Spring (1986)  ဒီဇာတ်လမ်းက အချစ်နဲ့ လောဘအလိုရမ္မက်ကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အူဂိုလင်ဆူဘေရန်နဲ့ သူရဲ့ဦးလေးဆီဆာဆူဘေရန်က မျိုးရိုးစဥ်ဆက် ရွှေငွေဥစ္စာဓနတွေစုဆောင်းလာခဲ့တဲ့ဆွေကြီးမျိုးကြီးဖြစ်တယ်။ ဒါပေမဲ့ အူဂိုလင်ပြီးရင် မျိုးဆက်ထဲမှာအမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒါကြောင့် ပါပိ(ဆီဆာဆူဘေရန်)က အူဂိုလင်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတယ်။တကယ်တော့ ဆူဘေရန်တွေက လောဘကြီးတဲ့သူတွေဖြစ်လို့ လွန်ခဲ့တဲ့၁၀နှစ်က အိမ်နီးချင်း(မာနွန်တို့မိသားစု)ရဲ့ငွေရပေါက်တစ်ခုကို လုယူခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ရဲ့သက်ရောက်မှုကြောင့် မာနွန်ကလေးဘဝမှာပဲ မာနွန့်အဖေသေသွားခဲ့တယ်။ မာနွန်အရွယ်ရောက်လာချိန်မှာ အဖြစ်မှန်ကိုသိသွားခဲ့ရာကစပြီး ဆူဘေရန်တွေရဲ့အတိတ်ကမကောင်းမှုက သူတို့ဆီပြန်လည်ရိုက်ခတ်လာတော့တယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Manon of the Spring (1986)

Jean de Florette (1986) 8.1
Jean de Florette (1986)  IMDb 8.1 အထိ ရထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တဲ့ ပြင်သစ် ဟာသ ဇာတ်လမ်းဟောင်းလေး တစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Ugolin ဟာ စစ်ပွဲပြီးချိန် မွေးရပ်မြေ ကျေးလက်တောင်ပေါ်ဒေသကို ပြန်လာပြီး ဦးလေးဖြစ်သူ လူပျိုကြီး César ဆီကို ရောက်လာပါတယ် ဦးလေးဖြစ်သူက သူ့တူ Ugolin ဇော်မွှားပန်းတွေ စိုက်ချင်တဲ့အတွက် အိမ်နီးချင်းရဲ့ လယ်မြေကို ဝယ်ပေးဖို့ ဈေးညှိပေမယ့်တစ်ဖက်က လက်မခံရာ အချင်းများကြပြီး အိမ်နီးချင်းအဘိုးကြီး မတော်တဆ လျှောသွားပါတော့တယ်ဒီလိုနဲ့ အမွေအဖြစ် လယ်နဲ့အိမ်ကို အဘိုးကြီးရဲ့ ညီမဖြစ်သူက ရသွားပြီး ဖြစ်ချင်တော့ ညီမဖြစ်သူကပါ ဆုံးသွားလို့ ကျောကုန်းဘုကြီးနဲ့ မြို့က သားဖြစ်သူ အကောက်ခွန်အရာရှိ Jean Cadoret က ရသွားပြီး နယ်ကိုပြန်လာပါတော့တယ် Jean က ရည်မှန်းချက်ကြီးပြီး မြို့နေဘဝကနေ ကျေးလက်မှာ စိုက်ပျိုးမွေးမြူရေးကို အကြီးစားပြောင်းလုပ်ချင်သူပါ ဒါပေမယ့် ...
movie

Jean de Florette (1986)

In Her Name (2016) 7.0
In Her Name (2016)  ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကိုလက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကိုမိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်းအကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်ကရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီးDaniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH ...
movie

In Her Name (2016)

Remi, Nobody’s Boy (2019) 7.0
Remi, Nobody’s Boy (2019)  ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲကတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသားဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody's Boy ဖြစ်ပြီးဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ်ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲမွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစားသားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကိုမကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာမာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီးတိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီကနေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာတွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီးနောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။  File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ..... Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Remi, Nobody’s Boy (2019)

The New Toy (2022) 6.0
The New Toy (2022) The New Toy (2022) ================ IMDb Rating - 6.0/10ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက် ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသား တွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေ လူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသ ဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာ လွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်း အလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ် အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုက ကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေ ပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီး ကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ် ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့် တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီး လက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘော မကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာ ကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေ တေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီး ပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ...
movie

The New Toy (2022)

2022
36th Precinct(2004) 7.2
36th Precinct(2004) 36th Precinct(2004) IMDb...7.2,,,Rotten..100% ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေအများအပြားကျူးလွန်နေလျက်ရှိပြီး  ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ... ဒီမြို့မှာပဲ  လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန် ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ရဲနှစ်ယောက်ဖြစ်တယ် ...သူတို့မြို့ကနာမည်ကြီးဆုံးလူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်.. ၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ... လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ... သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား.... ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့   Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့သတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : (875 MB) and (345 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51း00 Genre :  Action , Crime , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae 
movie

36th Precinct(2004)

2004