Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dani Kind
5.5
Humane (2024)
Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာအသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Humane (2024)
5.8
The Lie (2018)
The Lie (2018) ============ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှု တွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာ အမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေ ကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲ ကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့ သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေး တစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်း ချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ် ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက် လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thu Thu ဖြစ်ပါတယ်)File Size..........(1.22 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thu Thu Encoder..........SWM
movie
The Lie (2018)
2018
5.5
Two Deaths of Henry Baker (2020)
Two Deaths of Henry Baker ( 2020 ) ---------------------------------------------- ဟင်နရီဘိတ်ကာလို့ခေါ်တဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ယောက်ရှိတယ်။ နာမည်ကြီးသလို ရန်သူလည်းများသလို သူ့ပိုင်ဆိုင်မှုတွေနောက် လိုက်နေတဲ့လူတွေလည်း မနည်းဘူး။ သူ့မှာ ဆမ်ဘတ်လို့ခေါ်တဲ့ သူနဲ့ရုပ်ချင်း ချွတ်စွပ်တူနေတဲ့ ညီတစ်ယောက်ရှိတယ်။ ဒီတော့ သူ့ရန်သူတွေဟာ သူ့ညီနဲ့သူ့ကို မှားကြတာပေါ့။ သူတို့နှစ်ယောက်ကြား ရှင်းမရတဲ့ ကိစ္စတစ်ခုဖြစ်လာသလို တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ဖြတ်ဖို့အထိပါ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်က သေပြီး တစ်ယောက်က ထောင်ကျသွားခဲ့တယ်။ဒီလိုနဲ့ နှစ်အတော်ကြာပြီး သူတို့သားတွေ အရွယ်ရောက်လာခဲ့တယ်။ အဲဒီအချိန် ထောင်ကျနေတဲ့တစ်ယောက်ကလည်း လွတ်လာခဲ့ပြီ။ သူတို့ကြားက ဇာတ်ရှုပ်ဟာ သူတို့သားတွေလက်ထပ်မှာ ဘာဆက်ဖြစ်ဦးမလဲဇ ကြည့်ရမှာပါ။ ဒီရုပ်ရှင်ဟာ ရှိတ်စပီးယားရဲ့ ဗင်းနစ်မြို့ကကုန်သည်ကိုမသိမသာ အငွေ့ထည့်ထားပြီး ရှိတ်စပီးယားစာသားနဲ့အဆုံးသတ်ထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အမျိုးအစားက သည်းထိတ်ရင်ဖို မှုခင်းကားဖြစ်သလို Plot Twistတွေလည်း ပါတာမို့ စိတ်ဝင်စားစရာအတန်အသင့်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ ...
movie
Two Deaths of Henry Baker (2020)