Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dan Weisgerber
The Sintern (2024)
Verity ဆိုတဲ့ အမျိုးသမီးငယ်လေးက ဘဝကို ဖြစ်သလို နေထိုင်ရင်း လမ်းပေါ်မှာ ခိုးဝှက် လုယက်မှုတွေကို Sam ဆိုတဲ့သူနဲ့ အတူ လုပ်နေတာပါ။ တစ်ရက် အမေဖြစ်သူဆီက အသံ message တစ်ခု လက်ခံရလာပါတယ်။ အမေဖြစ်သူဟာ နာမည်ကြီး Church ကျောင်းက သင်းအုပ်ဆရာ Dean Humphreys နဲ့ပတ်သတ်ပြီး ပြောသွားတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ အမေဖြစ်သူကို ရှာလို့မရတော့ဘဲ Vကလည်း သူငယ်ချင်းဖြစ်တဲ့ Ruby ဆီ သွားပြီး အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် ရှာပုံတော် ထွက်ကြရင်း Peter Fredrick ဆိုတဲ့ ရဲတစ်ယောက်က ဆက်သွယ်လာပြီး V ရဲ့ အမေကို ရှာတွေ့ထားကြောင်းပြောပြပါတယ်။အမေ့ကို သေလျက်နဲ့ ပြန်တွေ့လိုက်တဲ့ V ဟာ သူ့အမေ သေဆုံးရခြင်း နောက်ကွယ်က ဖြစ်ရပ်တွေကို စုံစမ်းဖို့ သင်းအုပ်ဆရာ ...
movie
The Sintern (2024)
2.6
Alien Sniperess (2022)
Alien Sniperess (2022)နာမည်ကတော့ဂျွတ်ဆင်ဗျ။ ဂြိုဟ်သားကားလိုလိုဘာလိုလို။ တကယ်လည်းဂြိုဟ်သားကားဟုတ်ပါတယ်။ ဂြိုဟ်သားတစ်ကောင်မှမပါတာလေးကလွဲရင်ပေါ့။ ဂြိုဟ်သားမပါတဲ့ဂြိုဟ်သားကားဆိုပေမယ့်လည်းဇာတ်လမ်းကတော့ ရှယ်မိုက်ပါတယ်။ နေထူးနိုင်ကားတွေလောက်ကိုမိုက်တာပါ။ အရမ်းကြည့်ချင်သွားပြီမလား။ဇာတ်လမ်းအကျဥ်းကတော့ တစ်ညမှာကမ္ဘာပေါ်ကိုဥက္ကာပျံတွေကြယ်ကြွေသလိုကြွေရင်းအဲဒီဥက္ကာပျံအပိုင်းအစတွေထဲမှာ လူတွေဆီဝင်ပူးပြီး သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာအောင်လှုံ့ဆော်တဲ့ Virus တစ်မျိုးပါလာပါတယ်။ အဲဒီ ဂြိုဟ်သား Virus ကိုသတ်နိုင်တာကတော့ 5G ထက်မြန်တဲ့ KG ဖုန်းလိုင်းပါတဲ့ခင်ဗျာ။နီကိုးလပ်စ်ကေ့ချ်ရိုက်တဲ့ပေါကားတွေတောင်ဒီလောက်မပေါနိုင်တော့ပါဘူး။ မကောင်းတာတွေခဏထားပြီး ကောင်းကွက်လေးတွေပြောရရင်တော့ ဗီလိန်တွေကြမ်းလို့ဇာတ်အရမ်းနာပြီးလောင်နေရတာမကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ Adventure လည်းဆန်တာမျိုးကိုကြိုက်တတ်တဲ့သူတွေဆိုရင် အားလပ်ရက်မှာအပျင်းပြေကြည့်ဖို့တော့အဆင်ပြေပါတယ်။ ခုနကပြောခဲ့တဲ့အညွှန်းကလည်းအကုန်မဟုတ်ပဲအပေါ်ယံပဲပြောပြထားတာမို့ ကိုယ်တိုင်ကြည့်ရှုရမယ့် plot တွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော့်အမြင်မှာပေါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်တာကြောင့် ကိုယ်တိုင်လည်းကြည့်ရှုပေးကြပါဦး။IMDb Rating (2.6) ထိ ရရှိထားတာဆိုတော့ အလန်းပေါ့ဗျာ။ အကောင်းဆုံးအချက်ကတော့ ရုပ်ထွက်တွေကြည်တောက်နေတာပါပဲ။ File size…(2.6 GB)/(1.1 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo
movie
Alien Sniperess (2022)