Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dan Musgrove
6.5
Tracker (2010)
ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူကအင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံစစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp ကရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone ကဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီးလူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ်နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီလူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကိုဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ်ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်ကဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားကအံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက်ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင်ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကောမိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ဘာလို့အရေးမယူတာလဲ ...
movie
Tracker (2010)