Channel Myanmar

Dan Mott

Joe Dirt 2: Beautiful Loser (2015) 5.0
Joe Dirt 2: Beautiful Loser (2015)  ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Joe Dirt 2: Beautiful Loser (2015)