Channel Myanmar

Dan Martin

Casualties of War (1989) 7.1
Casualties of War (1989)  ဗီယက်နမ်စစ်ပွဲကာလမှာ ဆာဂျင်မဆာ့ဗ်ဦးဆောင်တဲ့ ကင်းထောက်တပ်ဖွဲ့ ၅ယောက်က ခရီးရှည် ကင်းထောက်ရဖို့ တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ နောက်နေ့မနက် ကင်းထောက်ခရီးမထွက်ခင် အနီးနားရွာတစ်ရွာက ဗီယက်နမ်မိန်းကလေးတစ်‌ယောက်ကို အတင်းအဓမ္မဖမ်းဆီပြီးသူတို့နဲ့အတူခေါ်သွားပါတယ်။ဒီလုပ်ရပ်ကို မကြိုက်သူကတော့ တပ်သားအယ်ရစ်ဆင်ပါ။ ဒီလိုနဲ့ ဆာဂျင်မဆာ့ဗ်က မိန်းကလေးကို ကိုယ်လက်နှီးနှောဖို့ အယ်ရစ်ဆင်ကို‌ချော့တလှည့် ခြောက်တစ်လှည့် ဖျောင်းဖျပေမဲ့လည်း အယ်ရစ်ဆင်က အပြတ်အသတ်ငြင်းတဲ့အတွက် ခြိမ်းခြောက်ကာ ကင်းစောင့်ဖို့တာဝန်ပေးပြီး ကျန်လေးယောက်က အဲဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့ပါတယ်။နောက်တစ်နေ့ အခါအခွင့်ကြုံတဲ့အချိန် အယ်ရစ်ဆင်က ဖျားနာနေတဲ့ အဲဒီမိန်းကလေးကို ကယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အယ်ရစ်ဆင် ဒီမိန်းကလေးကို ကယ်နိုင်မလား၊ ဒီလိုမတရားကျင့်တဲ့ တပ်သားတွေကရော ပြစ်ဒဏ်ခံစားရမလားဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File size…(1.8 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Casualties of War (1989)

Enough (2002) 5.8
Enough (2002) Enough (2002)===========ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Enough (2002)

Breathe (2024)
Breathe (2024)  အနာဂတ်တစ်ချိန်မှာ ကမ္ဘာကြီးမှာ အောက်စီဂျင်တွေလုံး၀ကုန်ဆုံးသွားပြီး လူသားမျိုးနွယ်လည်း မျိုးတုန်းသွားခဲ့ပါတယ်။ မာယာနဲ့ သမီးဖြစ်သူဇိုရာတို့ကတော့ ဖခင်ဖြစ်သူရဲ့အကူအညီနဲ့ အောက်စီဂျင်ကိုဆက်လက်ထုတ်လုပ်ပြီး အသက်ရှင်နေနိုင်နေကြပါတယ်။ လေထုထဲမှာ အောက်စီဂျင်မရှိတာကြောင့် အာကာသထဲမှာလိုပဲ ပုန်းခိုနေတဲ့စခန်းထဲကထွက်ရင် အောက်စီဂျင်ကိရိယာအကူအညီနဲ့ပဲ ထွက်ခွာလို့ရပါတယ်။တရက်မှာတော့ မြို့ပျက်ကြီးထဲက မာယာတို့သားအမိရဲ့ ပုန်းအောင်းရာနေရာလေးကို သူစိမ်းတွေရောက်လာပြီး မာယာတို့ကိုအန္တရာယ်ပြုဖို့ကြိုးပမ်းလာတဲ့အခါမှာတော့ မာယာတို့သားအမိနှစ်ယောက် ဒီသူစိမ်းတွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ အသက်ရှင်ကျန်ရစ်တဲ့ လူသားတွေ‌မရှိ‌တော့တဲ့ကမ္ဘာကြီးမှာ ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကိုလိုချင်တာလဲဆိုတာကို စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Breathe (2024)

Rush Hour (1998) 7.0
Rush Hour (1998)  ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်......ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ......မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်....အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ.....သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်......တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်.......တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့........တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ.......ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်......အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်.......တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်......ပေါက်ကရတွေလျှောက်ပြောပြီး ...
movie

Rush Hour (1998)

1998
Sleepwalkers(1992) 5.3
Sleepwalkers(1992) Sleepwalkers(1992)=================IMDb 5.3 / Rotten Tomatoes 29%နာမည်ကျော်ရုပ်ရှင်ကားတွေဖြစ်တဲ့ The ShawshankRedemption, IT တို့ကို ရေးသားခဲ့သူ King of Horror လို့တင်စားခံရတဲ့စာရေးဆရာ Stephen King ရဲ့ လက်ရာကောင်းရုပ်ရှင်ကားလေး တစ်ကားကိုCM ပရိတ်သတ်ကြီးအတွက် ယူဆောင်လာပါတယ်.သဘာဝလွန်ဇာတ်ကားတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မယ့် ဒီရုပ်ရှင်ကားလေးထဲမှာတော့ အများအမြင်မှာ သားအမိလိုနေ​ပေယ့်နောက်ကွယ်မှာ ချစ်သူတွေလိုဖြစ်နေကြတဲ့ သွေးစုပ်ဖုတ်ကောင် နောက်ဆုံးမျိုးဆက် နှစ်ယောက် အပျိုစင်ရဲ့သွေးနဲ့မှ အာသာပြေမယ့် မိခင်ရဲ့ဆာလောင်မွတ်သိပ်မှုအတွက် သားဖြစ်သူ ချားစ်တစ်ယောက် ထန်ညာ လို့ခေါ်တဲ့အပျိုစင်မလေးအနား ချဉ်းကပ်ပါတော့တယ် တစ်ဖန် ဆရာတစ်ယောက်က ချားစ်ရဲ့သရုပ်မှန်ကို ရိပ်မိသွားတဲ့အခါ...ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ထန်ညာ့အပေါ််ချားစ်တစ်ယောက် ဘယ်လိုခံစားချက်တွေ ဖြစ်လာမလဲ မိခင်အတွက် သူထန်ညာ့ကို တကယ်သတ်ပစ်မှာလား ဆရာကရော ဘာဆက်လုပ်မလဲဆိုတာ...သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် Horror / Teen ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်... File size…1.70GB / ...
movie

Sleepwalkers(1992)

Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie

Heat(1995)

1995