Channel Myanmar

Dan Kyle

The Abandon (2022)
The Abandon (2022)  အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

The Abandon (2022)

Losing Addison (2022) 5.1
Losing Addison (2022) Losing Addison (2022)ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း ...
movie

Losing Addison (2022)

2022