Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dan Daily
6.1
Duplicity (2009)
cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေးအရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေအေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲလူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင်လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကိုအလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစားဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေးကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသားအကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦးဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး...။ File size…1.66GB , ...
movie
Duplicity (2009)
8.2
The Wolf of Wall Street (2013)
The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie
The Wolf of Wall Street (2013)
2013
4K HEVCHDR
5.9
Daylight (1996)
Daylight ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်မှာ ပြသခဲ့တာဖြစ်ပြီး ရမ်ဘိုမင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကပ်ဘေးရှင်သန်ရေး thriller disaster ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒေါ်လာသန်း၈၀ အကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း၁၆၀နီးပါး ပြန်လည်ရရှိခဲ့လို့ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဥ်းဟာဆိုရင်ဖြင့် New York မြို့ကနေ တရားမဝင် အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေကို နယူးဂျာဆီပြည်နယ်ကိုခိုးပြီး စွန့်ပစ်ဖို့လုပ်ရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ထရပ်ကားတွေက ဥမင်လှိုဏ်ခေါင်းတစ်ခုကိုအဖြတ်မှာ ယာဥ်ဓားပြတိုက်လာတဲ့ သူခိုးအုပ်စုကားနဲ့ ဝင်တိုက်မိပြီး ပေါက်ကွဲမှူအကြီးစားတွေဖြစ်ကာ လှိုဏ်ခေါင်းကြီးလည်း ပြိုကျသွားပါတော့တယ်။ အဲဒီမှာ ပြိုကျသွားတဲ့လှိုဏ်ခေါင်းထဲကလူတွေ အသက်ရှင်သန်အောင်ဘယ်လိုကြိုးစားကြမလဲ။ အသက်ရှင်လျက်ရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား လိုက်လံကြည့်ရှု စီးမျောလို့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။အသက်ရှင်သန်ရေး ကြိုးပမ်းတဲ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူတွေရဲ့အတ္တတွေ မာနတွေ ကြိုးစားမှုတွေ မျှော်လင့်ချက်ကုန်ခမ်းသွားတာတွေ စိတ်ဓာတ်လုံးဝကျသွားတာတွေကိုကြည့်ရင်း ကိုယ်ပါ ရင်ထဲအလုံးကြီး ဆို့ထားသလို အောင့်သက်သက် ခံစားရဦးမှာပါ။ ဒါကြောင့် Survival Thriller ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ...
movie
Daylight (1996)
5.3
Things Heard & Seen (2021)
Things Heard & Seen (2021)=====================IMDb Rating - 5.3/10ဒါဟာ သရဲကားပါ။ All Things Cease to Appear ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။သရဲကားပီပီ အသစ်ပြောင်းလာတဲ့အိမ်မှာ ခြောက်တာပါပဲ။ အိမ်ကိုပြောင်းလာတဲ့မိသားစုဝင်ကတော့ ၃ ယောက်ပါ။ဂျော့၊ကတ်သရင်း လင်မယားနဲ့ သူတို့ရဲ့ ၄ နှစ်သမီးလေး ဖရန်နီပေါ့။ ဂျော့က ဝိညာဉ်လောကကိုယုံကြည်တဲ့ ဆွီဒင်ဘော့ရဲ့အယူအဆလွှမ်းမိုးမှုခံရတဲ့ အနုပညာတွေအကြောင်း စာတမ်းရေးရင်းနဲ့ အဲဒီကောလိပ်မှာ ပါမောက္ခရာထူး ရရှိခဲ့တာပါ။ဒါပေမယ့် အိမ်ရဲ့သမိုင်းက ပဟေဠိဆန်တယ်။ ခြောက်နေတဲ့ သရဲနဲ့ ခြောက်ရတဲ့အကြောင်းကို ရှာဖွေရင်း ကတ်သရင်း နဲ့ဂျော့အပေါ် သရဲတွေရဲ့ သက်ရောက်မှုနဲ့ ပြောင်းလဲလာမှုတွေနဲ့ လျို့ဝှက်ချက်တွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ သရဲကားငတ်နေတဲ့ သူတွေအတွက်တော့ ကြည့်ရတာ နောင်တမရမယ့် သရဲကားထဲမှာ ပါပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality ...
movie
Things Heard & Seen (2021)
2021
6.7
The Swerve (2018)
The Swerve (2018)===============IMDb Rating - 6.7/10#Unicodeဇာတ်လမ်းလေးကတော့ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ဟော်လီဟာ ကျောင်းတစ်ကျောင်းရဲ့ဆရာမတစ်ယောက်ပါ ။ ဟော်လီရဲ့ယောကျ်ားကစူပါမားကတ်တစ်ခုမှာအလုပ်လုပ်တယ်။ ကလေးနှစ်ယောက်ကလည်း ယောကျ်ားလေးတွေဆိုတော့ ကလန်ကဆန်တွေတော့ လုပ်တယ် ။ တစ်နေ့မှာတော့ ဟော်လီရဲ့ညီမကြောင့် အမေဖြစ်သူက အိမ်ကိုလာဖို့ ဖုန်းဆက်ခေါ်တယ်၊ဟော်လီကလည်းသူ့ညီမနဲ့သိပ်တည့်တာမဟုတ်ဘူး။ အဲ့နေ့ညမှာပဲ သူ့အမေအိမ်မှာညစာစားရင်းနဲ့ညီမဖြစ်သူနဲ့ စကားများကြတယ် ၊ ဒါ့အပြင် အိမ်အပြန်မှာလည်း Accident ကလည်းဖြစ် . လင်ယောင်္ကျားကလည်းထင်သလို သစ္စာမရှိ . စတဲ့ ဆိုးရွားမှုအခြေအနေတွေနဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုအင်အားမျိုးနဲ့ ရှေ့ဆက်ရပ်တည်နိုင်ရမှာပါလိမ့်။ ဒါပေမယ့် ဘယ်လိုအကြပ်အတည်းမျိုးမှာပဲဖြစ်ပါစေ . ထွက်ပေါက်ထွက်လမ်းဆိုတာဟာ အမြဲရှိမြဲ ရှာလို့ရစမြဲပါပဲ။ အဲ့တော့ ဟော်လီတစ်ယောက်ရှာသွားတဲ့ ဒုက္ခတွေကင်းလွတ်ရာလမ်းဟာ ဘယ်လိုမျိုးလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။) #Zawgyiဇာတ်လမ်းလေးကတော့ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ဟော်လီဟာ ကျောင်းတစ်ကျောင်းရဲ့ဆရာမတစ်ယောက်ပါ ။ ဟော်လီရဲ့ယောက်ျားကစူပါမားကတ်တစ်ခုမှာအလုပ်လုပ်တယ်။ ကလေးနှစ်ယောက်ကလည်း ယောက်ျားလေးတွေဆိုတော့ ကလန်ကဆန်တွေတော့ ...
movie
The Swerve (2018)
2018