Channel Myanmar

Dan Aykroyd

White Coats (2004) 5.4
White Coats (2004) ဒီဇာတ်ကားက ဆေးရုံတိုင်းမှာဖြစ်တတ်တဲ့ အလွဲတွေကိုအမေရိကန်က စိန့်အဲလ်ဘတ်ဆိုတဲ့ ဆေးရုံမှာဖြစ်နေသလိုပုံဖော်ရိုက်ကူးထားတဲ့ comedyဇာတ်ကားပဲ ဖြစ်ပါတယ်။အမေရိကန်တစ်နိုင်ငံလုံးမှာ အညံ့ဆုံးဆေးရုံလို့ပြောရမယ့်စိန့်အဲလ်ဘတ်ဆေးရုံကို တတိယနှစ်အလုပ်သင်ဆရာဝန်တစ်သိုက်ရောက်လာပြီးမှ ကြုံတွေ့ရတဲ့ အလွဲအချော်တွေ၊ပေါက်ကရတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။စာမေးပွဲအချကြမ်းတဲ့ ဆရာဝန်ကြီး၊ ဆေးရုံသုံးစက်တွေရောင်းစားပြီး အောက်ဆိုက်ရှာဖို့ပဲ အမြဲတွေးနေတတ်တဲ့ဆေးရုံအုပ်ကြီး၊ ဘယ်သူမှလူမထင်တဲ့ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးတို့ လက်အောက်မှာ မအူမလည်နဲ့ တလွဲ‌တွေပဲလုပ်တတ်တဲ့သူ၊ မြင်သမျှ မိန်းကလေးတိုင်းကို နှာဘူးထဖို့ပဲတွေးနေတဲ့သူ၊ တတ်‌ယောင်ကားလုပ်တတ်သူ၊ ရိုးမလိုလိုနဲ့ကုတ်ကမြင်းဖြစ်နေသူ၊ ကျောင်းစရိတ်ကို နိုက်ကလပ်မှာရှာရတဲ့သူ၊ နှလုံးခွဲစိတ်ဆရာဝန်ဖြစ်ချင်တဲ့သူ စသဖြင့်စရိုက်ပေါင်းစုံနဲ့ အလုပ်သင်တွေရဲ့ အမှားတွေ၊ ပေါက်ကရလုပ်ရပ်တွေကြား ဆေးရုံကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်မသွားအောင် ထိန်းရပုံကို ဟာသနှောပြီးကြည့်ရမှာပါ။ဆေးလောကအလွဲတွေကို သဘောကျသူတွေ ကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…  1.8 GB / 914 MB Quality… WEB-DL  1080p / 720p Format…  mp4 Duration…. 1h 30m Genre ..... Comedy / Dark Comedy Subtitle…. Myanmar Subtitle ...
movie

White Coats (2004)

Tommy Boy (1995) 7.1
Tommy Boy (1995) တွမ်မီ..လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ .... အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲအဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ  File size…    2.6 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
movie

Tommy Boy (1995)

Pixels (2015) 5.6
Pixels (2015) Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့  Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Pixels (2015)

Christmas with the Kranks (2004)
Christmas with the Kranks (2004) ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Christmas with the Kranks (2004)

Ghostbusters II (1989)
Ghostbusters II (1989) 1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Ghostbusters II (1989)

Ghostbusters (1984)
Ghostbusters (1984) ငယ်ဘဝအမှတ်တရ မူရင်း သရဲဖမ်းသမားများရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက ဝက်ဝက်ကွဲအောင်မြင်လူကြိုက်များခဲ့တဲ့အပြင် Oscar nominations လည်း 2 ခုဝင်ခဲ့ပြီး တခြားဆု‌တွေလည်းရရှိခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာလည်း Ghostbusters: Frozen Empire ဆိုတဲ့ sequel တစ်ကားထပ်ထွက်ထားပါသေးတယ်။ဒီပထမဆုံးရုပ်ရှင်မှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ခေတ်သစ်သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရူးသွပ်စွာလေ့လာကြတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းသုံးယောက်၊ သူတို့အလုပ်လုပ်တဲ့ တက္ကသိုလ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါမှာ မီးသတ်ရုံအဟောင်းတစ်ရုံနဲ့ ကားအစုတ်တစ်စီးကိုဝယ်လိုက်ပြီး သရဲဖမ်းသမားများအဖွဲ့ကို တည်ထောင်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ သူတို့ဖန်တီးထားတဲ့ သရဲဖမ်းကိရိယာတွေကိုသုံးပြီး မြို့ထဲမှာ သောင်းကျန်းနေတဲ့ သရဲတွေကို လိုက်လံဖမ်းဆီးပေးရင်း ဂိုဇာ လို့ခေါ်တဲ့ ရှေးခေတ်ဟစ်တီ ဖျက်ဆီးခြင်းနတ်ဘုရား ပြန်လည် နိုးထလာမဲ့အရေးကို တားဆီးပေးဖို့ဖြစ်လာပါတော့တယ်။ ငယ်ငယ်က ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ခဲ့ရတဲ့ ဟာသ-ဟော်ရာအမျိုးအစား ရုပ်ရှင်ဖြစ်တာမလို့ ပြန်ကြည့်ပြီး စိတ်အပန်းဖြေလို့ကောင်းမဲ့ ရုပ်ရှင်တစ်ကားပါဗျ။File size…(2.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Comedy, ...
movie

Ghostbusters (1984)

Ghostbusters: Afterlife (2021) 7.6
Ghostbusters: Afterlife (2021) Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie

Ghostbusters: Afterlife (2021)

4K HEVC
Ghostbusters (2016) 6.8
Ghostbusters (2016) Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor  သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie

Ghostbusters (2016)

2016
4K HEVC
Ghostbusters: Frozen Empire (2024) 6.3
Ghostbusters: Frozen Empire (2024) Ghostbusters: Frozen Empire (2024)IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ...
movie

Ghostbusters: Frozen Empire (2024)

4K HEVC
The Greatest Night in Pop (2024) 8.0
The Greatest Night in Pop (2024)  နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ "We are the world"သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေ မီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File ...
movie

The Greatest Night in Pop (2024)

Trading Places (1983) 7.5
Trading Places (1983) Trading Places (1983)~ IMDb - 7.5/10, RT - 88%, Meta - 69% ~ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး ...
movie

Trading Places (1983)

1983
Zombie Town (2023) 4.2
Zombie Town (2023) Zombie Town (2023) ================ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာ တစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။ဇာတ်လမ်းအကျဉ်း - ကာဗာဗေးလ်ဆိုတာဟာ နာမည်‌ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာ နေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့ အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူး ရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ် ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲ ကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န် ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာ ဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူ ပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊ တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြု ပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသ‌နဲ့ ...
movie

Zombie Town (2023)

2023
I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
Indiana Jones and the Temple of Doom (1984) 7.6
Indiana Jones and the Temple of Doom (1984) Indiana Jones and the Temple of Doom (1984)IMDb Rating (7.5) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ ...
movie

Indiana Jones and the Temple of Doom (1984)

1984
4K HEVC
The Campaign (2012) 6.1
The Campaign (2012)  Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ ...
movie

The Campaign (2012)

Sneakers (1992)
Sneakers (1992) IMDb - 7.1 Rotten tomatoes - 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ...
movie

Sneakers (1992)

My Girl (1991) 6.9
My Girl (1991) My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie

My Girl (1991)

1991
Antz (1998) 6.6
Antz (1998) ဒီAntz animationဟာဆိုရင် Home, How to train you dragon, Kung Fu Panda,Abominable အစရှိတဲ့ animationကောင်းများစွာရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Director Tim Johnsonနဲ့ ကျွန်တော်တို့ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့ကြတဲ့ Madagascar trilogyတို့ရဲ့ ပဲ့ကိုင်ရှင် Director Eric Darnellတို့ ၂ယောက် လက်တွဲရိုက်ကူးထားတဲ့ animation ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီလိုဒါရိုက်တာကောင်းတွေကိုမှ voice actor တွေအနေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ Sylvester Stallone နဲ့ Jennifer Lopezတို့က ပါဝင်သရုပ်ဆောင်ထားတော့ ​စကားဖောင်ဖွဲ့နေစရာတောင်မလိုဘဲ ကြည့်ကိုကြည့်သင့်တဲ့ animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇီ ဆိုတဲ့ပုရွက်ဆိတ်လေးက ကိုလိုနီထဲက တခြားပုရွက်ဆိတ်တွေနဲ့မတူဘဲ ကွာခြားတဲ့အတွေးအမြင်ရှိတဲ့ ပုရွက်ဆိတ်လေးပါ။ သူက အခုနေနေရတဲ့နေရာမှာမပျော်ဘဲ နေရာသစ်ကိုရှိမယ်လို့ယုံကြည်ရင်း သူနဲ့မကိုက်တဲ့နေရာအကြောင်းကို သူငယ်ချင်းတွေနဲ့ စကားပြောရင်း ညီးတွားနေတတ်သူပါ။ တစ်နေ့မှာ ဘယ်လာဆိုတဲ့ ပုရွက်ဆိတ်မင်းသမီးလေးနဲ့တွေ့ဆုံမိတဲ့အချိန်မှာတော့ သူ့ဘဝဟာ ...
movie

Antz (1998)

Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001
50 First Dates(2004) 6.8
50 First Dates(2004) 50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie

50 First Dates(2004)

2004