Channel Myanmar

Damian Lewis

Dreamcatcher (2003)
Dreamcatcher (2003) IMDb - 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်း‌ေလး‌ယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Dreamcatcher (2003)

Our Kind of Traitor (2016) 6.2
Our Kind of Traitor (2016)  အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie

Our Kind of Traitor (2016)

An Unfinished Life (2005) 7
An Unfinished Life (2005) An Unfinished Life (2005)~ IMDb - 7/10, Rotten Tomatoes - 52% ~ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ... ဂျင်းနဲ့ ...
movie

An Unfinished Life (2005)

2005
Queen of the Desert (2015) 5.7
Queen of the Desert (2015) Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့‌‌ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie

Queen of the Desert (2015)

2015
Your Highness (2011) 5.5
Your Highness (2011)  ဒီ ကားလေးကတော့ စွန့်စားခန်းတွေ နဂါးတွေပါတဲ့ Fantasyအကြောင်းပါတိုင်းပြည်တစ်ခုမှာ Fabious နဲ့ Thadius ဆိုတဲ့ညီအကို၂ယောက်ရှိတယ်Fabious က နေရာတကာသိပ်တော် သိပ်အောင်မြင်တဲ့ hero ပေါ့ဘုရင်ဖြစ်လာမဲ့ သားအကြီးလည်းဖြစ်တယ် အမြဲတမ်းစွန့်စားခန်းသွားလူဆိုးတွေနှိမ်နှင်းနဲ့ လူချစ်များတဲ့သူပေါ့ Thadius ကတော့ ဘာမှမလုပ်တဲ့အပျင်း ညီလေး။ တနေ့တော့ Fabius က စွန့်စားခန်းက ပြန်လာရင်း ကောင်မလေးတစ်ယောက်ခေါ်လာပြီး လက်ထပ်မယ်လုပ်ရော လက်ထပ်ပွဲမှာ ထုံးစံအတိုင်း လူဆိုးကြီးကလာဖျက်ပြီး သတို့သမီးကိုခိုးရာက Thadiusနဲ့ Fadius တို့ညီအကို စွန့်စားခန်းအတူ ပထမဆုံးထွက်ရတော့ ဘာဆက်ဖြစ်ကြမလဲကြည့်ရအောင်....ရှေးခေတ်ကားမို့ ဖော်ချွတ်ခန်းတွေပါပါတယ် ဆိုတာ ကြိုပြောလိုက်ပါရစေ...  File size…2.78GB / 1.05GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal ...
movie

Your Highness (2011)

2011
Robinson Crusoe (1997) 6
Robinson Crusoe (1997) Robinson Crusoe (1997) ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ ...
movie

Robinson Crusoe (1997)

1997
Will (2011) 6.9
Will (2011) Will (2011)_____IMDb - 6.9/10ကျတော်တို့ ပရိသတ်တွေထဲမှာ ဘောလုံးအသင်း Fan မျိုးစုံရှိလိမ့်မယ်ထင်ပါတယ်။ ကိုယ့်အသင်းကိုယ် ဘယ်လောက်ထိရူးသွပ်ဖူးကြလဲမသိဘူး။ ဒီဇာတ်ကားထဲက ဇာတ်ကောင် Will ဆိုတဲ့ ၁၁ နှစ်သားကလေးလေးကတော့ Liverpool FC ရဲ့ ပရိသတ်စစ်တစ်ယောက်ပါ။ သူငယ်စဉ်က သူ့အမေဆုံးသွားပြီးနောက် သူ့အဖေက ၃ နှစ်လောက်လေလွှင့်နေခဲ့တဲ့အတွက် မိဘမဲ့ကျောင်းမှာ နေခဲ့ရသူပါ။ တစ်နေ့မှာတော့ သူ့ဖခင်ပြန်လည်ရောက်ရှိလာပြီး လက်ထဲမှာ Liverpool အသင်းရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်လက်မှတ်၂စောင်နဲ့ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ သူ့အိပ်မက်တွေရှင်သန်လာခဲ့ပါပြီ။ ဒါပေမယ့် ပွဲနေ့မတိုင်ခင်သူ့အဖေရုတ်တရက်သေဆုံးသွားတဲ့အခါမှာတော့ Will ကလေးဟာ သူ့ရဲ့အိပ်မက်ကို တစ်ယောက်ထဲနဲ့ ဆက်လက်အကောင်အထည်ဖော်ဖို့ အတွက် ဂေဟာကနေထွက်ပြေးပြီး မိုင်ပေါင်း၁၅၀၀ ကျော်ဝေးတဲ့ အစ်စတန်ဘူ ကိုရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကလေးလေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး မိသားစုတွေရဲ့မေတ္တာ မိတ်ဆွေတွေရဲ့မေတ္တာ နဲ့ ဘောလုံးပရိသတ်တွေရဲ့ စည်းလုံးမှုကို ကောင်းကောင်းကြီးပုံဖော်ပြသွားခဲ့ပါတယ်။ ဒီကားကိုကြည့်ဖို့ Liverpool fan ...
movie

Will (2011)

2011