Channel Myanmar

Daikichi Sugawara

Hula Girls (2006) 7.0
Hula Girls (2006) The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie

Hula Girls (2006)

FUNNY BUNNY (2021) 6.1
FUNNY BUNNY (2021) FUNNY BUNNY ( 2021 )စာရေးဆရာတစ်ယောက်နဲ့ သူ့သူငယ်ချင်းတွေဟာ သေသွားတဲ့လူတစ်ချို့နဲ့ပတ်သက်တဲ့ ကြွင်းကျန်ရစ်တဲ့ကိစ္စတွေ ကျန်ရစ်သူတို့ရဲ့ အပြစ်ရှိစိတ်တွေကိုဖြေဖျောက်ပေးဖို့ ကိစ္စတွေကို လုပ်ပေးတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းလေးက နည်းနည်းထူးခြားသလို သူ့ တင်ဆက်ပုံကလည်း ထူးခြားပါတယ်။မလိုအပ်ဘဲ ယုန်ခေါင်းစွပ်အကြီးကြီးကိုစွပ်ပြီး စာကြည့်တိုက်ထဲခိုးဝင်တာတို့ အသံလွှင့်ရုံထဲခိုးဝင်တာတို့ ဘာတို့ပေါ့။ နာမည်နဲ့လိုက်တဲ့ ဖန်နီဘန်နီခေါင်းစွပ်ကြီးစွပ်ပြီး လူတွေကို ကူညီဖို့ ကြိုးစားကြတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့ဇာတ်လမ်းလို့ပြောလို့ရပါတယ်။ဘဝမှာကြုံရတဲ့ အပြစ်ရှိစိတ်တွေ မမေ့နိုင်တဲ့ကိစ္စတွေကို‌ မေ့ပစ်ဖို့ ကျန်ရစ်သူတွေကို သင်ပေးဖို့ ကြိုးစားတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့အကြောင်းကို ကြည့်ရမှာပါ။ ဇာတ်လမ်းဆန်းဆန်းလေးကြည့်ချင်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။File Size__(2.1GB) / (950MB) Quality__Bluray_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:43:00 Type__Mystery Subtitle__Myanmar Subtitle (Hardsub) Translated by L Encoded by Naing Aung Latt
movie

FUNNY BUNNY (2021)

Ribbon (2021) 6.3
Ribbon (2021) Ribbon (2021)Screenwriter နဲ့ Directorဖြစ်တဲ့ "Non" ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ 2021ထွက် ဇာတ်ကားကောင်းတစ်ကားပါ။ဂျပန်နိုင်ငံမှာ အနုပညာကျောင်းသားတွေက ဘွဲ့နှင်းသဘင်ရဲ့ ပြပွဲအခမ်းအနားအတွက် ပန်းချီတွေကို တစ်နှစ်ခန့်ကြိုတင်ပြင်ဆင်ရပါတယ်။ မြန်မာကလူတွေ ဘွဲ့ယူမဲ့နေ့အတွက် အားခဲထားကြသလို ပန်းချီကျောင်းသားတွေကလည်း ပြပွဲနေ့အတွက် ကြိုပြင်ဆင်ပြီး ရင်ခုန်ကြရတာပါ။ဒါပေမဲ့ ကိုဗစ်တွေ အရှိန်နဲ့ပြန့်နှံ့နေတဲ့၂၀၂၀မှာ ကျောင်းတွေရုတ်တရက်ပိတ်ချလိုက်ဖို့ ဖြစ်လာတဲ့အခါ ဘွဲ့နှင်းသဘင်လည်းဖျက်သိမ်းလိုက်ရပါတယ်။ ပြပြွအခမ်းအနားလည်းမရှိမရှိတော့ပါဘူး။ ကျောင်းသားတွေလည်း ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူတဲ့သူကယူ၊ဖြဲပစ်တဲ့သူကဖြဲပစ်နဲ့ ဖြစ်ကုန်ကြပါတယ်။"အိဆွတ်က"ဆိုတဲ့ အနုပညာကျောင်းသူလည်း ကျွန်မတို့လိုပါပဲ။ ကိုဗစ်ကာလမှာ စာလည်းမသင်ရဘဲ အချိန်တွေပိုနေပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတာပါ။ ဒီလိုမျိုူ လမ်းပျောက်နေတုန်းမှာ အမေက လာလည်ရင်းနဲ့ သူ့ပန်းချီကားကိုအမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပါတယ်။ သူ့မိဘနဲ့ ညီမလေးကလည်း ကိုဗစ်ကိုအကြောက်လွန်နေတာကိုတွေ့ရပြီး သူငယ်ချင်းဖြစ်သူကပါ စိတ်ဓာတ်ကျတဲ့ပုံဖြစ်လာတဲ့အခါ ရောဂါတွေ၊စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ဖြစ်တည်မှုကို ခဏတာပျောက်ရှသွားတဲ့သူမက ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Ingyin San ပါ ...
movie

Ribbon (2021)