Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daiken Okudaira
7.0
Insomniacs After School (2023)
Insomniacs After Schoolဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား... sad ending ပဲဖြစ်သွားမလား.... သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ )File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi
movie
Insomniacs After School (2023)
5.0
Nemesis the Movie: Mystery of Golden Spiral (2023)
Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie
Nemesis the Movie: Mystery of Golden Spiral (2023)
6.7
The Parades (2024)
The Parades (2024)လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား???? ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့ နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား? ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie "The Parades" ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့ သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့် မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။ သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB ...
movie
The Parades (2024)
2024
5.8
The Village (2023)
The Village (2023)~ MyDramaList – 7.1/10 ~ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို ...
movie
The Village (2023)
2023
7.2
The Lump in my Heart(2022)
The Lump in my Heart(2022)***************************ဒီကားကတော့ Alice In Boaderland ထဲမှာ Asahi Kujo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောMizuki Yoshida က ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ဒရမ်မာကားတစ်ကားပဲဖြစ်ပါတယ်။ ချီနားဆုရဲ့အသက်လေးနှစ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး သူဟာမိခင်ဖြစ်သူနဲ့အမေတစ်ခုသမီးတစ်ခုနေထိုင်ရင်း စာရေးဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ဆယ်ကျော်သက်ကောင်မလေးပဲဖြစ်ပါတယ်။အမေဖြစ်သူကလည်း ဒီသမီးအတွက်ပဲသူ့ရဲ့ဘဝကိုမြှုပ်နှံခဲ့ရင်း သမီးဖြစ်သူကိုအမြဲတမ်းကလေးတစ်ယောက်လိုမြင်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ချီနားဆုမှာရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်တဲ့အခါမှာတော့ဘဝအလှည့်အပြောင်းတွေဆက်တိုက်ကြုံတွေလာရပါတော့တယ်...File Size :(1.2GB) and (680MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:32:00 Genre : Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Aung Paing Phyoe Encoded by Phyo Pyae
movie
The Lump in my Heart(2022)
6.7
Mother 2020
ဆရာသာဓုရေးတဲ့ အတာဝတ္တုဖတ်ဖူးကြလားအခုကားက အတာ ဂျပန်ဗားရှင်းပဲဆိုပါတော့အမေတစ်ယောက်ဖြစ်ဖို့ ကလေးမွေးလိုက်ရုံနဲ့ဖြစ်နိုင်ပြီတဲ့လားအမေဝတ္တရားမကြေပြွန်ပဲ သားသမီးကိုခိုင်းစားနေတဲ့အမေတွေကရော အခု မြန်မာပြည်မှာလည်းကလေးတွေကိုတောင်းစားခိုင်းနေတာတွေ အလုပ်အတင်းလုပ်ခိုင်းတာတွေဒီလိုပုံရိပ်တွေကိုမြင်ရတာ ရင်နာရပါတယ်ဂျပန်လိုနိုင်ငံမျိုးကို အမြဲ လူသားဆန်ပြီး နွေးထွေးတဲ့တိုးတက်တဲ့ပုံရိပ်တွေနဲ့ပဲကြည့်ဖြစ်ကြပေမယ့်အမေမဆန်တဲ့အမေတွေကတော့ မြန်မာမှ ဂျပန်မှမဟုတ်ဘူးနိုင်ငံတိုင်းမှာရှိတယ်ဆိုတာကိုသိလိုက်ရတာပဲအမေဟာ အမေလိုမနေပေမယ့် သားသမီးကတော့ သားသမီးလိုချစ်နေတာကပိုပြီးရင်နာစရာကောင်းခဲ့ပါတယ်မိဘကိုရွေးချယ်ခွင့်မရှိပေမယ့် ရွေးချယ်ခွင့်ရရင်တောင်မရွေးချယ်ပဲ ငါ့အမေဆိုတာကိုပဲ ချစ်ပြီး ကာကွယ်သွားတဲ့ကလေးမျိုးတွေဟာ ရုပ်ရှင်ထဲမှာတင်မဟုတ်ပဲအပြင်လက်တွေ့ဘဝမှာပါရှိပါတယ် ကိုယ့်မိဘတွေကရောဘယ်လိုမိဘတွေလဲ ကိုယ်ကရောဘယ်လိုသားသမီးဖြစ်နေလဲဆိုတာကိုအတွေးများစေတဲ့ကားလေးပါပဲIMDB 6.6 ရထားပြီး Netflix ကရိုက်ထားတာမို့ကြည့်လိုက်ရတဲ့အချိန်တွေအတွက် နှမြောစရာမဟုတ်တဲ့ကားကောင်းတစ်ကားပါပဲ File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:06:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Thinzar Htet
movie
Mother 2020