Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daichi Watanabe
6.5
Ichiko (2023)
Ichiko 2023 IMDb 6.6/10ဂျပန်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ် ယောကျာ်းနဲ့ကွာရှင်းပြီးရက်ပေါင်း ၃၀၀ အတွင်းမှာမွေးလာတဲ့ ကလေးကို နောက်ယောကျာ်းနဲ့အိမ်ထောင်မှာ စာရင်းသွင်းလို့မရဘူး အဲ့ဒီကလေးကို အရင်ယောကျာ်းရဲ့ မိသားစုဝင်လို့ပဲသတ်မှတ်တယ်ပေါ့ ဒါဆို အဖေဘယ်သူမှန်းမသိပဲ မွေးလာတဲ့ကလေးဆိုဘယ်လိုလုပ်ကြမလဲ....ဒီကားလေးကတော့ မွေးစာရင်းမရှိ မှတ်ပုံတင်လဲမရှိ တဲ့ အီချီကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုရှင်သန်နေထိုင်သွားလဲဆိုတာ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ် သူ့ကို အရမ်းချစ်တဲ့ ကောင်လေးနှစ်ယောက်ကရော သူ့ကိုဘယ်လိုတွေကူညီသွားမှာလဲ ပထွေးဖြစ်သူကရော သူ့အပေါ်ဘယ်လိုတွေ ဆက်ဆံမလဲ ယောက်ကျားတွေတစ်ယောက်ပြီးတစ်ယောက်ယူနေတဲ့ မိခင်အရင်းကရော ဘာလို့သူ့ကို မကူညီနိုင်တာလဲဆိုတာနဲ့ အရမ်းချစ်ရတဲ့သူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားပြီး ပြန်မလာတော့ အသည်းအသန်လိုက်ရှာကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပူဆွေးမှုကလဲ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ် ဇာတ်လမ်းက ရှေ့ရောက်လိုက်နောက်ရောက်သွားလိုက်ဖြစ်နေပေမယ့် အောက်ထောင့်မှာ ရက်စွဲလေးနဲ့ ဖော်ပြထားတော့ အလွယ်တကူနားလည်နိုင်ပါတယ် မိသားစုနဲ့ အေးအေးဆေးဆေးကြည့်မယ်ဆိုလဲ အဆင်ပြေတဲ့ကားလေးပါ တစ်ကောင်ကြွက် FA ဆိုရင်တော့ ကြည့်ရင်းနဲ့ ကြိတ်ငိုပေါ့အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 1.8GB | 876MB Format… mp4 Duration…. 2h ...
movie
Ichiko (2023)
2023
6.5
The World of Kanako (2014)
The World of Kanako (2014) ===================== IMDb Rating - 6.5/10ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , ...
movie
The World of Kanako (2014)
2014
6.3
Noise (2023)
Death Note ကား ထဲက L နဲ့ Light Yagami မင်းသား 2ယောက်ကို အတူတူတွေ့ရမှာပါရှီရှီခါရီ ဆိုတဲ့ ကျွန်းလေးဟာ လူဦးရေခေါင်းပါလာပြီး အေးချမ်းသာယာတဲ့ကျွန်းလေးပါ ကျွန်းရဲ့အဓိကထွက်ကုန်ကတော့ အနက်ရောဂ်သဖန်းသီးတွေပါဒီကျွန်းပေါ်မှာ သဖန်းပင်စိုက်ပျိုးပြီး ကျွန်းလေးကိုအကျိုးပြုနတောကြောင့် လူအများချစ်ခြင်းမေတ္တာရရှိကာ ကျွန်းရဲ့ကယ်တင်ရှင်လို့ တင်စားခံရတဲ့ ကီတာ... အမဲလိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ပြီး အမဲလိုက်ရာသီမဟုတ်ရင် သဖန်းခြံမှာ လာရောက်ကူညီလေ့ရှိတဲ့ ဂျွန်... ဒီကျွန်းအတွက် အဘက်ဘက်က အကာအကွယ်ပေးမယ့်ဆို့တဲ့ အ်ယူကို လက်ခံထားတဲ့ ရဲဝန်ထမ်းလေး ရှင်း...ဒီလို အေးချမ်းစွာ နေနေရင်းကနေ တစ်နေ့တော့ Life Changing event တစ်ခုဖြစ်ပွားခဲ့ပါတယ် ပြည်မကြီးအကျဉ်းထောင်ကနေ ပြန်လည်ထူထောင်ရေးစခန်းမှ အကျဉ်းသား အိုမီဆာကာ ဟာဒီကျွန်းကိုအလုပ်လုပ်ဖို့လာရောက်ခဲ့ပေမယ့် လူတစ်ယောက်သတ်ပြီး ထွက်ပြေးနေခဲ့ပါတယ် ဒီလိုအန္တရာယ်များတဲ့လူတစ်ယောက်ကျွန်းပေါ်ရောက်နေတာကြောင့် ဟို3ယောက်ဟာ သူ့ကိုသတ်ရမယ့်အကြောင်းအရာပေါ်ပေါက်လာခဲ့ပါတယ် ပထမတော့ စိတ်မနှံ့တဲ့အကျဉ်းသားမို့လို့ ဘယ်သူမှလာမရှာဘူးလို့ထင်ထားပေမယ့် ကြိုးစားပန်းစားလာရှာတဲ့ရဲတွေကြောင့် သူတို့၃ယောရ် ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဘယ်သူတွေပါပါဝင်နေသေးလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ Plot ...
movie
Noise (2023)
6.8
What She Likes (2021)
What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie
What She Likes (2021)
6.3
Ribbon (2021)
Ribbon (2021)Screenwriter နဲ့ Directorဖြစ်တဲ့ "Non" ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ 2021ထွက် ဇာတ်ကားကောင်းတစ်ကားပါ။ဂျပန်နိုင်ငံမှာ အနုပညာကျောင်းသားတွေက ဘွဲ့နှင်းသဘင်ရဲ့ ပြပွဲအခမ်းအနားအတွက် ပန်းချီတွေကို တစ်နှစ်ခန့်ကြိုတင်ပြင်ဆင်ရပါတယ်။ မြန်မာကလူတွေ ဘွဲ့ယူမဲ့နေ့အတွက် အားခဲထားကြသလို ပန်းချီကျောင်းသားတွေကလည်း ပြပွဲနေ့အတွက် ကြိုပြင်ဆင်ပြီး ရင်ခုန်ကြရတာပါ။ဒါပေမဲ့ ကိုဗစ်တွေ အရှိန်နဲ့ပြန့်နှံ့နေတဲ့၂၀၂၀မှာ ကျောင်းတွေရုတ်တရက်ပိတ်ချလိုက်ဖို့ ဖြစ်လာတဲ့အခါ ဘွဲ့နှင်းသဘင်လည်းဖျက်သိမ်းလိုက်ရပါတယ်။ ပြပြွအခမ်းအနားလည်းမရှိမရှိတော့ပါဘူး။ ကျောင်းသားတွေလည်း ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူတဲ့သူကယူ၊ဖြဲပစ်တဲ့သူကဖြဲပစ်နဲ့ ဖြစ်ကုန်ကြပါတယ်။"အိဆွတ်က"ဆိုတဲ့ အနုပညာကျောင်းသူလည်း ကျွန်မတို့လိုပါပဲ။ ကိုဗစ်ကာလမှာ စာလည်းမသင်ရဘဲ အချိန်တွေပိုနေပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတာပါ။ ဒီလိုမျိုူ လမ်းပျောက်နေတုန်းမှာ အမေက လာလည်ရင်းနဲ့ သူ့ပန်းချီကားကိုအမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပါတယ်။ သူ့မိဘနဲ့ ညီမလေးကလည်း ကိုဗစ်ကိုအကြောက်လွန်နေတာကိုတွေ့ရပြီး သူငယ်ချင်းဖြစ်သူကပါ စိတ်ဓာတ်ကျတဲ့ပုံဖြစ်လာတဲ့အခါ ရောဂါတွေ၊စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ဖြစ်တည်မှုကို ခဏတာပျောက်ရှသွားတဲ့သူမက ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ...
movie
Ribbon (2021)
6.6
Homestay (2022)
Homestay (2022) ------------- IMDB. - 6.5/10ဝိညာဉ်တစ်ခုဟာ သူများခန္ဓာကိုယ်ထဲ နိုးလာတယ်။ သူဘယ်သူလဲလည်း သူမသိဘူး။ သူ့မှာ ဘာမှတ်ဉာဏ်မှလည်း မရှိဘူး။ အစောင့်အရှောက်လို့ သူ့ကိုယ်သူပြောတဲ့သူက သူ့ကို တာ၀န်တစ်ခုပေးတယ်။ သူ၀င်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဘာလို့သတ်သေခဲ့လဲ သိအောင်လုပ်ရမယ်တဲ့။ ရက်တစ်ရာအတွင်း ဒီမေးခွန်းကို ဖြေနိုင်မှ လူပြန်၀င်စားခွင့် ရမယ်တဲ့။ ဒီလိုနဲ့ အဲဒီဝိညာဉ်ဟာ သူများခန္ဓာကိုယ်ထဲနေပြီး သူများအကြောင်းကို လေ့ လာဖို့ဖြစ်လာတယ်။ ရက်တစ်ရာပြည့်တဲ့ အခါမှာတော့.......။ Japan Animeဖြစ်တဲ့ Colorful(2010) ကိုမှီးပြီး 2018မှာ ထိုင်းက Homestayဆိုတဲ့ နာမည်နဲ့ Live Actionတစ်ကားရိုက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကိုပဲ Homestayနာမည်နဲ့ပဲ ဂျပန်က Live Action တစ်ခါထပ်ရိုက်ထားတာပါ။ သဘာ၀လွန် ဇာတ်ကြောင်းကောင်း ကောင်းနဲ့ ဆယ်ကျော်သက်ပညာပေး ရိုက်ထားတဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size - (1.5 GB) /(699 MB) / (453 MB) Quality – ...
movie
Homestay (2022)
2022
7.0
Asako I & II(2018)
Asako I & II(2018)IMDb......7.0(unicode)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ မြင်မြင်ချင်းပဲ ချစ်မိသွားကြတယ်။ဘတ်ခုဆိုတဲ့ကောင်လေးဟာ လူထူးဆန်းကောင်လေးတစ်ယောက်ပါ.. ဘာလို့ဆို သူဟာ ဘယ်သူ့မှ မ ပြောဘဲ ပျောက်ချင်ရာပျောက်နေတတ်တဲ့သူ.... တစ်ခါတစ်လေ အိမ်ကနေ မပြောမဆိုနဲ့ထွက်သွားရင်း တစ်လ ကိုးသီတင်းလောက် ပျောက်ချင်ပျောက်နေတတ်သည်။ အိမ်သားများအတွက် မထူးဆန်းတော့။ ဒီလိုနဲ့ ၆ လလောက်ကြာတော့ ဘတ်ခုတစ်ယောက် ပျောက်ချင်းမလှ ပျောက်ပြီး ပြန်ပေါ်မလာတော့။အာဆာကိုဆိုတဲ့ကောင်မလေးအတွက်တော့ ကြေကွဲခြင်းတွေ ထွေးပိုက်ပြီး ကျန်ခဲ့ရတာပေါ့.... ၂ နှစ်လောက်ကြာပြီးနောက် အာဆာကို တစ်ယောက် အံအားသင့်စရာတစ်ခုနဲ့ကြုံရတယ်...ပျောက်သွားတဲ့ ချစ်သူနဲ့တစ်ထေရောထဲတူတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ရသလို သူပျောက်ပြီလို့ ထင်တဲ့ ချစ်သူကလည်း ပြန်ရောက်လာတဲ့နောက်မှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲ ခံစားကြည့်ကြပါ...ဒီကားက အချစ်ရိုမန့်ကားလေးဖြစ်သလို မင်းသားရော မင်းသမီးရော ချောမောလှပကြပါတယ်...တကယ့်ကို ရင်ခုန်စိတ်ကြည်နူးရတဲ့ကားလေးပါ.ပြီးတော့ ဒီဇာတ်ကားဟာ 2019 ခုနှစ်အတွက် Asian Film Awards မှာ ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၄)ဆုနဲ့ ဆန်ကာတင်(၁၀)ဆုလည်းစာရင်း ဝင်ခဲ့တယ်.....ခံစားကြည့်ကြပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်.....(zawgyi)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ ...
movie
Asako I & II(2018)