Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daichi Kaneko
6.9
52-Hertz Whales (2024)
မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံတော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
52-Hertz Whales (2024)
6.5
Winny (2023)
၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Winny (2023)
5.5
Missions of Love (2018)
Mission of love (2018)IMDb - 5.5 My Drama List - 6.92009 ခုနှစ်ကနေ 2015 အထိ Nakayoshi manga magazine မှာလစဉ်ရေးသားတင်ဆက်ခဲ့တဲ့ Manga Series ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဟိမုရိုယူကီနာကအွန်လိုင်းပေါ်မှာ နာမည်ကျော်တဲ့ စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။သူက နာမည်ကျော်စာရေးဆရာမဆိုပေမယ့်အချစ်ဝတ္ထုကို တစ်ခါမှမရေးဖူးပါဘူ။တစ်နေ့မှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရအချစ်ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အချစ်အကြောင်း ဘာတစ်ခုမှမသိတဲ့ယူကီနာတစ်ယောက်ဝတ္ထုရေးဖို့ ကုန်ကြမ်းအဖြစ် အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးဖို့လိုအပ်လာပါတယ်။တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့ခီတမိရှီဂုရဲရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိရှိသွားပါတော့တယ်။အဲဒီလျှို့ဝှက်ချက်ကိုသုံးပြီး ရှီဂုရဲကို သူနဲ့တွဲပေးဖို့ အကြပ်ကိုင်ခဲ့ပါတယ်။ယူကီနာတစ်ယောက် ဝတ္ထုအတွက် မစ်ရှင်တွေတစ်ခုပြီးတစ်ခု စမ်းသပ်ရင်းနဲ့ဘာမှမပြောင်းလဲဘဲ ဝတ္ထုကိုအဆုံးထိရေးနိုင်မလားယူကီနာရဲ့အချစ်ရေးအပြောင်းအလဲ အခက်အခဲတွေကိုစိတ်ဝင်စားစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size… 1.9 GB / 844 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... ...
movie
Missions of Love (2018)
[18+] Colorless (2019)
Colorless (2019) (18+)IMDb - 6.4/10ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2019 မှာထွက်ရှိထားတဲ့ ဂျပန် အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေး Colorless ပဲဖြစ်ပါတယ်။ အချစ်ရိုမန့်ဆိုပေမယ့် ဇာတ်ဝင်ခန်းတွေကိုပေါ်ပေါ်ထင်ထင်ရိုက်ကူးထားလို့ မိသားစုနဲ့တော့ကြည့်လို့မရပါဘူး....ဇာတ်လမ်းကတော့....အိုရာမာဒါဆိုတဲ့ ကောင်ချောလေးဟာ နာမည်ကျော်ဓါတ်ပုံဆရာဖြစ်ချင်တဲ့ အိမ်မက်နောက်ကိုလိုက်ရင်း ကြိုစားပေမယ့် ဘာတစ်ခုမှမအောင်မြင်ဘဲ လူငယ်ဘာဝ ထုံးစံအတိုင်း ကျရှူံးမှုတွေပဲ ရင်ဆိုင်နေရသူလေးပါ။တာနာကာယူကာဆိုတဲ့ ချစ်စရာ မော်ဒယ်မလေးကလဲ ဇာတိတောမြို့လေးကနေ မော်ဒယ်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ တိုကျိုမြို့ပေါ်တက်လာပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ အကြွေးတွေပုံလာပြီး သူမဘဝတစ်ခုလုံးကို အလိမ်အညာတွေနဲ့ပဲ ဖုံးကွယ်ဟန်ဆောင်နေရတဲ့ သနားစရာကောင်မလေးတစ်ယောက်ပါ။ဒီလို လူငယ်ဘာဝ ကျရှူံးမှုတွေနဲ့ နာကျင်နေကြရတဲ့ သူတို့နှစ်ဦး တစ်နေ့မှာ ဓာတ်ပုံရိုက်ရင်းဆုံကြရာကနေ လူငယ်ဘာဝ တစ်ယောက်ကိုတစ်ယောက် ငြိတွယ်မိကြတယ်ပေါ့.....ဒါပေမယ့် မဖြစ်လာတဲ့အိမ်မက်တွေကိုယ်စီနဲ့သူတို့နှစ်ယောက်ကြား ဖုံးကွယ်ထားတဲ့အလိမ်အညာတွေနဲ့ ပွင်းလင့်တဲ့အထိအတွေ့တွေက နူးညံ့တဲ့နှလုံးသားကို ဘယ်လောက်ထိရိုက်ခတ်လာကြမလဲဆိုတာ.......။ File size…(1.5 GB)/(680 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….02:02:10 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by DB
movie
[18+] Colorless (2019)
5.4
Narratage(2017)
Narratage(2017)ဒီကားကတော့ ဂျပန်နိုင်ငံရဲ့ အရောင်းရဆုံးအချစ်ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါ....ကျောင်းတစ်ကျောင်းမှာ ခပ်လှလှကျောင်းသူလေးတစ်ယောက်ရှိတယ်...ငယ်ငယ်ထဲက တစ်ယောက်ထဲနေတတ်သလိုဖြစ်နေတတ်တဲ့သူမအဖို့ကျောင်းတော်ကြီးရောက်တော့ တခြားသူတွေနဲ့ယှဉ်ရင် အထီးကျန်ဆန်သလိုဖြစ်နေတယ်... ကိုယ့်ဘဝကိုယ် ဘယ်လောက်တောင်မကျေမနပ်ဖြစ်နေသလဲဆိုတော့ သတ်သေတဲ့အထိတောင်လုပ်ခဲ့ပါတယ်...သို့ပေမယ့် ဆရာတစ်ယောက်က သူမကို ကယ်တင်ခဲ့တယ်....အားငယ်အထီးကျန်နေတဲ့ ခပ်လှလှကျောင်းသူမလေးကို ဆရာက အကြင်နာတွေပိုခဲ့ စေတနာတွေပိုခဲ့မိတယ်....ကျောင်းရဲ့ သရုပ်ဆောင်သင်တန်းထဲကို ဆရာကထည့်ပေးခဲ့ပြန်တယ်...ကျောင်းသူလေးဟာ ဆရာအပေါ်လေးစားအထင်ကြီးစိတ်တွေအပြင် ၅၂၈ထက် အပေါင်း၁ ပိုခဲ့ပုံရပါတယ်...ကျောင်းသူလေးအတွက်တော့ တစ်ဖက်သတ်ခိုးဖတ်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်...ဆရာကတော့ အိန္ဒြေကြီးတစ်ခွဲသားနဲဲ့ပေါ့...ကံကောင်းတာလား ကံဆိုးတာလားမသိ....သူမကို ချစ်နေတဲ့ကောင်လေးတစ်ယောက်ကလည်းပေါ်လာပြန်တယ်...ကိုင်းဂျပန်အချစ်ဇာတ်လမ်းလှလှလေးတွေကြိုက်တဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျို့...၁၈+ အခန်းတစ်ချို့ပါလို့ မိသားစုနဲ့ကြည့်ရင် ကျော်ပြီးကြည့်ကြပါလို့ အားနာနာနဲ့ပြောပါရစေ...File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:20:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encoded by Phyo Pyae
movie
Narratage(2017)
2017