Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
D.C. Young Fly
5.0
Outlaw Posse (2024)
လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင်လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ်ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းကလူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်းလူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ်ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်းတစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင်တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကားပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်းတစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန်တိတ်ဆိတ်သွားပါတော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက်ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက်ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်းအရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကိုရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီးလူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.12GB / 1.14GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Outlaw Posse (2024)
Bosco (2024)
Fast And Furious ထဲကမင်းသား Tyrese Gibson တို့Army Of The Dead တို့ Emily The Criminal တို့လိုကားတွေအပြင်တခြားနာမည်ကြီးဇာတ်ကားတွေမှာလည်းဇာတ်ပို့အနေနဲ့သရုပ်ဆောင်ခဲ့တဲ့မင်းသား Theo Rossi တို့အပြင် တခြားနာမည်ကြီးတွေလည်းပါဝင်သရုပ်ဆောင်ထားတဲ့၂၀၂၄ အသစ်ထွက်ထောင်ဖောက်ဖြစ်ရပ်မှန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို ၂၀၀၄ ခုနှစ်မှာဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံခဲ့ရတဲ့ ကွမ်တေးဘော့စကိုအက်ဒမ်ရဲ့ဖြစ်ရပ်မှန် ဇာတ်ကြောင်းအပေါ်မှာအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။သူဘာလို့ ဒီလိုတွေဖြစ်လာတာလဲဆိုတာကိုပြောပြရရင်တော့သူ့ငယ်ဘ၀ကိုပြန်သွားကြည့်ရမှာပါပဲ။ငယ်ဘ၀မှာအဖေနဲ့အမေနဲ့ကကွဲနေကြပြီး အဖေကမူးယစ်ဆေးရောင်းဝယ်မှုတွေလုပ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရှေ့ကနွားကဖြောင့်ဖြောင့်မသွားတော့နောက်ကနွားကလည်း အဖေ့လမ်းစဉ်အတိုင်းလိုက်ပြီးငယ်ငယ်လေးကတည်းက ဒီလောကမှာပဲကျင်လည်ကျက်စားခဲ့ပါတော့တယ်။ကြားထဲမှာလည်း ထောင်တွေခဏခဏကျခဲ့ပြီး နောက်ဆုံး ချမှတ်ခံခဲ့ရတဲ့ထောင်ဒဏ် ၃၅ နှစ်ဆိုတာကတော့ သူ့အတွက်အများဆုံးပါပဲ။ဒါမျိုးတွေက သူ့အတွက် ထမင်းစားရေသောက်လိုတောင် ဖြစ်နေပေမဲ့ဒီတစ်ခေါက်ထောင်ထဲဝင်ရတဲ့အခါမှာ ထူးခြားနေတာကတော့သူ့ကောင်မလေးနဲ့ ရထားတဲ့သူ့ရဲ့ကလေးကမွေးတော့မှာဖြစ်ပြီးမကြာခင်မှာ အဖေတစ်ယောက်ဖြစ်ရတော့မှာပါပဲ။အဲ့ဒီကလေးဇောနဲ့ပဲဘော့စကိုတစ်ယောက် ဒီထောင်ကနေထွက်ပြေးတော့မယ်လို့ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း သူဘယ်လိုအရာတွေခံစားခဲ့ရလဲသူဘာတွေဖြစ်ချင်ခဲ့လဲ ထောင်ဖောက်ဖို့ကိုရော ဘယ်လိုကြိုးစားခဲ့မယ်ဆိုတာကို သူ့ဘ၀ထဲဝင်ကြည့်နေရသလို ရှင်းရှင်းလင်းလင်းရိုက်ကူးပြသထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30 GB / 464 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ...
movie
Bosco (2024)
Candy Cane Lane (2023)
Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ -ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ...
movie
Candy Cane Lane (2023)
Pretty Stoned (2023)
အလှပြင်ဆိုင်မှာအလုပ်လုပ်တဲ့ စတယ်လာဟာ အနာဂတ်မှာ ဆေးခြောက်အရောင်းဆိုင်ဖွင့်ချင်တယ်ဆိုတဲ့ အိပ်မက်အပြင် တခြားအိပ်မက်ရေရေရာရာမရှိပဲ အချိန်ပြည့်ဆေးကွဲနေတဲ့သူတစ်ယောက်ပါ။ အားလပ်ချိန်တွေမှာတော့ အပိုဝင်ငွေရဖို့အတွက် ဆေးခြောက်တွေကိုလိုက်ပို့ပေးတဲ့အလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဒီလိုနဲ့ သူတစ်နေကုန်အခန်းအောင်းပြီး ဝိသောက်မယ်လို့တွေးထားတဲ့ ၄ လပိုင်း ၂၀ ရက်နေ့ (၄၂၀) မှာ သူ့ရဲ့ လုပ်ကလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒါဆီ မွှေတာကြောင့် အလုပ်မနားရပဲ အလုပ်သွားရပါတော့တယ်။ဒါပေမဲ့လည်းသူ့ရဲ့ဆေးကွဲမဲ့ အစီအစဉ်ကိုဖျက်လိုဖျက်ဆီးလုပ်တဲ့ ဒါဆီ ကိုတစ်ပတ်ပြန်ရိုက်ပြီး အလုပ်ကနေအစောကြီးပြန်လစ်ခဲ့တာကြောင့် Performance Anxiety ရှိတဲ့ ဒါဆီတစ်ယောက်ထဲလူအများကြီးကိုအလှပြင်ပေးရတာမလို့ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ကာစတန်မာတွေနဲ့ရန်ဖြစ်ကာ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ဖြုတ်ခံလိုက်ရတဲ့ဒါဆီတစ်ယောက် ငါခံရသလို နင်လည်းပြန်ခံစေရမယ်ဆိုပြီး စတယ်လာနေတဲ့အိမ်ကိုလိုက်သွားတာ စတယ်လာအိမ်မှာရှိနေတဲ့ ဆေးခြောက်တွေကို အိမ်သာထဲထည့်ပြီးရေဆွဲချလိုက်ပါတယ်။ဖြစ်ချင်တော့ အဲဒီဆေးခြောက်တွေက စတယ်လာပို့ပေးရမဲ့ပစ္စည်းတွေဖြစ်နေပြီး တစ်ပေါင်ကို ဒေါ်လာ နှစ်သောင်းတန်တဲ့ ပင့်ခ် ဟက်ရှမီနာ အမျိုးအစားဆေးခြောက်တွေဖြစ်နေတဲ့အတွက်သူတို့ဆေးခြောက်ကိုဖြောင်သွားပြီဆိုတဲ့ အထင်နဲ့ ဆေးခြောက်ပိုင်ရှင်မူးယစ်ရာဇာ မဒမ်အိတ်စ်က သူ့လူတွေကိုလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့စတယ်လာနဲ့ ဒါဆီတို့လည်းသူတို့နောက်ကို လိုက်လာတဲ့ မူးယစ်ရာဇာရဲ့ လူတွေနဲ့မတွေ့အောင်ရှောင်ထွက်နိုင်မလား၊ ...
movie
Pretty Stoned (2023)
4.4
House Party (2023)
House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ ...
movie
House Party (2023)