Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
D. B. Sweeney
6.9
Memphis Belle (1990)
အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie
Memphis Belle (1990)
6.2
Taken 2 (2012)
Taken 2 (2012) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။Taken 1 မှာတုန်းက ခရီးထွက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့သမီးကို CIA အေးဂျင့်ဟောင်းဖြစ်သူ ဘရိုင်ယန်က လူ ၁၂ ...
movie
Taken 2 (2012)
4K HEVC
5.8
Reporting for Christmas (2023)
ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ ...
movie
Reporting for Christmas (2023)
6.4
Gardens of Stone (1987)
မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း ...
movie
Gardens of Stone (1987)
4.0
Haymaker (2021)
Haymaker (2021)=============IMDb Rating - 4.0/10ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်းစတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေနောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 23minSubtitle – Myanmar HardsubFormat – Mp4Genre : Action, DramaSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie
Haymaker (2021)
7.0
Captive State (2019)
Rating 7 ရရှိထားတဲ့ ကားဖြစ်ပါတယ်.....ခေတ်လွန်အမေရိကန် တော်လှန်ရေးကားဆိုလည်းမမှားပါဘူး....အညွှန်းကတော့ အနာဂတ်မှာ အမေရိကန်နိုင်ငံအပါအဝင်ကမ္ဘာပေါ်ကမြို့ကြီးတော်တော်များများကို ဂြိုလ်သားများနှင့်ဥပဒေပြုသူများဆိုတဲ့ အဖွဲ့အစည်းတစ်ခုက သိမ်းပိုက်ထားတာကိုပြည်သူတွေက ပြန်လည်တွန်းလှန်ကြတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စနစ်အသစ်တွေကိုလည်းစိတ်ဝင်စားဖွယ် ထည့်သွင်းရိုက်ကူးထားတဲ့ ကားတစ်ကားလည်းဖြစ်တာမို့ အားပေးကြပါဦး..File Size : (1 GB) & ( 285 MB)Quality : BluRay 720pRunning Time : 1 hr 49 minFormat : Mp4Genre : Sci-Fi , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie
Captive State (2019)
2019
6.9
The Cutting Edge (1992)
The Cutting Edge (1992)_____IMDb - 6.9/10 ဒီရုပ်ရှင်ကားက ကြည့်ဖူးသမျှ ကိုရီးယားကားတွေ တရုတ်ကားတွေထက်တောင် အရမ်း ရိုမန့် ဆန်တယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ကားလေးပါ အချိန်ကာလ အားဖြင့် ၁၉၉၂ ခုနှစ်က ရုံတင်တဲ့ကားမို့ အဲ့ဒီကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား မင်းသမီး တောင် လက်ရှိအချိန်မှာ အိုနေပါပြီ အဲ့ဒါကလဲ အဒ်မင်က အသဲတွေယားပြီး Google မှာ လိုက်ရှာမိခဲ့လို့ :D ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော် အိုလံပစ် အားကစားပြိုင်ပွဲမှာ စကိတ်အလှစီး တာ နဲ့ ရေခဲပြင်ဟော်ကီ တို့လဲ အပါအဝင်ပါပဲ ... ရေခဲပြင်အလှပြစကိတ်စီး ပြိုင်ပွဲမှာတော့ အရမ်းဟော့နေတဲ့ ကောင်မလေး တစ်ယောက် ရှိတယ် ကိတ် တဲ့ ကိတ်က သူမ လူမှန်းသိတက်ကတည်းက စကိတ်စစီးနေခဲ့ပြီ အရမ်းလဲ လှသလို သူဌေးသမီးလဲ ဖြစ်တော့ အရမ်းကို မာနကြီးတယ် ဘဝမြင့်တယ်... သူမ နဲ့ စကိတ် အတူစီးမယ့် သူတွေဆိုတာလဲ သူမ ဘယ်လောက်လှလှ ကြည့်မရကြဘူး... ကံဆိုးတယ် ပြောရမလားပဲ ပထမ ပြိုင်ပွဲမှာတင် ကိတ် ထွက်ခဲ့ရတယ်... သူ့လိုပဲ ...
movie
The Cutting Edge (1992)
1992
5.2
Spawn
ပထမဆုံးပြောရမယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကတော့ Hero မဟုတ်တဲ့ Anti Hero တစ်ယောက်ပါ...... သူ့နာမည်က Spawn ... သူဟာကောင်းကင်ဘုံနဲ့ငရဲဘုံကြားဖြစ်လာတဲ့စစ်ပွဲမှာ ငရဲစစ်တပ်ကိုဦးဆောင်မယ့်လူအဖြစ်မွေးဖွားလာခဲ့ပါတယ်... လူတစ်ယောက်ဖြစ်နေတဲ့အချိန်မှာ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်ဖြစ်ပြီးတော့ သူသေဆုံးသွားပြီးတဲ့နောက်မှာတော့ သူဟာ ငရဲပြည်ကိုရောက်ပြီး ငရဲဘုံကနေစွမ်းအားတွေရရှိလာခဲ့ပြီး ငရဲစစ်တပ်ကိုဦးဆောင်မယ့် Spawn အဖြစ်ပြန်လည်မွေးဖွားလာပါတယ်.... သေဆုံးသွားတယ်ဆိုတာထက် သူဟာလုပ်ကြံခံခဲ့ရတာပါ.. အပြင်းထန်ဆုံးမီးလောင်ပေါက်ကွဲမှု့ကြားထဲမှာ တကိုယ်လုံးမီးအရှို့ခံရပြီးတော့ သေဆုံးခဲ့ရပါတယ်.. ဒါကြောင့် သူ့တကိုယ်လုံးဟာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့ သူငရဲဘုံကနေစွမ်းအားတွေရပြီးပြန်လာခဲ့အချိန်မှာတော့ လူတောတိုးလို့မရတော့တဲ့အခြေနေဖြစ်သွားခဲ့ပါတယ်... ဒါဆို Spawn ရဲ့စွမ်းအားတွေကို လေ့လာကြည့်လိုက်ရအောင်... ငရဲတပ်ကိုဦးဆောင်ဖို့အတွက်မွေးဖွားလာတဲ့ Anti Hero ပါ... လုပ်ကြံသတ်ဖြတ်ရေးသမားတယောက်ဖြစ်ပြီးတော့ သူသေဆုံးတဲ့အချိန်မှာ ငရဲကနေအစွမ်းတွေရလာတာဖြစ်ပါတယ် ....Wolverine Deadpool တို့လို့ အနာကျက်မြန်ဆန်ပြီး ချွန်ထက်တဲ့ စတီးကြိုးတွေ ဓားတွေက သူ့စိတ်ထဲမှာရှိတဲ့အတိုင်း အခြေခံပြီး သူ့တကိုယ်လုံးကနေထွက်ပေါ်တတ်ပါတယ် ... ရှည်လျားကြီး အထာကျလွန်းတဲ့ သူ့ရဲ့ဝတ်ရုံက green lantern လို သူလိုချင်တဲ့ပုံစံကိုပြောင်းပေးနိုင်ပါတယ် .... ငရဲကစွမ်းအားတွေကို ရရှိထားတဲ့ spawn ကလူကောင်းမဟုတ်သလို လူဆိုးလို့လဲပြောလို့မရပါဘူး ... Super Hero ဇာတ်လမ်းတွေကြိုက်တဲ့လူတွေအတွက် ဒီကားက ကြည့်လို့ကောင်းမယ့်ကားတစ်ကားလို့ညွှန်းပါရစေ.... ပထမဆုံးပြောရမယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကတော့Hero မဟုတ်တဲ့ Anti Hero တစ်ယောက်ပါ......သူ႕နာမည္က Spawn ...
movie
Spawn
1997