Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cyril Cusack
7.0
Shake Hands with the Devil (2007)
ကနေဒီယန်ဗိုလ်ချုပ်ဖြစ်တဲ့ ရိုမီယိုဒလဲရ်ဟာ အာဖရိကန်နိုင်ငံ ရဝမ်ဒါပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ပြည်တွင်းစစ်ကို ကုလသမ္မဂအဖွဲ့ရဲ့စေလွှတ်မှုအရ ဘက်မလိုက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအတွက် ရောက်ရှိသွားခဲ့ပါတယ်......ရဝမ်ဒါမှာ ဖြစ်ပွားလာတော့မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရင်း အပြစ်မဲ့တဲ့ပြည်သူတွေကို ကိုယ်စွမ်းရှိသမျှ ဖြောင့်မတ်မှန်ကန်စွာ အဆုံးထိ ကာကွယ်ခုခံပေးတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Shake Hands with the Devil (2007)
7.8
My Left Foot: The Story of Christy Brown (1989)
ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ အယ်လင်ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, ...
movie
My Left Foot: The Story of Christy Brown (1989)
7.8
The Day of the Jackal (1973)
The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie
The Day of the Jackal (1973)
1973
7.1
Nineteen Eighty-Four (1984)
1984(1984) ======== IMDb Rating .... 7.1/101984ရုပ်ရှင်ဟာ စာအုပ်ကိုအရမ်းသစ္စာရှိတဲ့ ရုပ်ရှင်လို့ဆိုကြတော့ နိုင်တီးအိတ်တီဖိုးရဲ့ မူလစာရေးဆရာဖြစ်တဲ့ ဂျော့အော်ဝဲလ် အကြောင်းပြောတာပဲ ပိုကောင်းပါမှာပါပဲ။ ဂျော့အော်ဝဲလ်ဟာ မြန်မာပြည်မှာ နေသွားဖူးခဲ့တဲ့ ကမ္ဘာကျော်ဂန္တဝင် စာရေးဆရာ၊ မြန်မာပြည်နဲ့ပက်သက်တဲ့ Burmese Daysလို့ခေါ်တဲ့စာအုပ်ကိုလည်း ရေးခဲ့ဖူးတယ်။ ပဝေဏသီကတည်းက သခင်ဘသောင်းဘာသာပြန်ထားတဲ့ ဂျော့အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေးခေါ် Animals Farmကို စာပေနဲ့မစိမ်းတဲ့သူတွေ ဖတ်ဖူးကြမှာပါပဲ။ ထိုစာအုပ်မှာလည်း အော်ဝဲလ်ဟာ လက်ဝဲစနစ်ထဲက လျှိုဝင်လာတဲ့ အာဏာရှင်ဝါဒကို သရော်စာဆန်ဆန် ပုံဖော်ထားခဲ့တယ်။ ဒီ1984ကတော့ သူ့ရဲ့Classicတန်းဝင်လက်ရာ မာစတာပိစ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။၁၉၈၄ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ စာအုပ်တစ်အုပ်လို့လည်းဆိုကြတယ်။ ဒီရုပ်ရှင်ဟာလည်း စာအုပ်ကိုသစ္စာရှိစွာနဲ့ ရိုက်ထားတယ်လို့ ဝေဖန်ရေးသမားများက ဆိုပါတယ်။ ဂျော့အော်ဝဲလ်ဟာ ဆိုရှယ်လစ်တစ်ယောက်ပေမဲ့ သူ့စာတွေဟာ သူပြောသလို အနုပညာရော နိုင်ငံရေးရော ပါဝင်နေတဲ့ အကောက်အယူလွဲကြတဲ့အခါ သူ့စာတွေကို ဆိုရှယ်လစ်ကိုဖိနှိပ်ဖို့ အသုံးခံခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ သူ့တစ်ချို့စာတွေဟာ ခေတ်ရှေ့ပြေးလွန်းတာကြောင့် ဖော်ပြဖို့ငြင်းခဲ့တဲ့သူတွေတောင် နောက်ပိုင်းနှစ်အတော်ကြာမှာ ပြန်တောင်းပန်ခဲ့ရတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ အနုပညာရည်မှန်းချက်ကို ပေါ်လွင်အောင်ရေးချင်ခဲ့တဲ့သူပါ။ ၁၉၃၆ခုနှစ်ကတည်းကစ သူအလေးအနက်ရေးတာမှန်သမျှဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကြွင်းမဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တာနဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်စနစ်ဘက်က ...
movie
Nineteen Eighty-Four (1984)