Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cuba Gooding Jr.
7.7
As Good as It Gets(1997)
As Good As It Gets(1997) ဇာတ်လမ်းအညွှန်း *************************************IMDb....7.7,,,Rotten..85%ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ...ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့...OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ... လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ...ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်...သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်...အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
movie
As Good as It Gets(1997)
7.2
Men of Honor(2000)
Men of Honor(2000) ***************** IMDb.....7.2 ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ်ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့....ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ စကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်....ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားကကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်...ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်....ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်...ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါ ပါဘူး...သို့ပေမယ့် ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ ...ဒီကားကချွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်...ခံစားကြည့်လိုက်ပါဦးဗျ....File Size : (950 MB) Quality : Blu-Ray ...
movie
Men of Honor(2000)
2000
6.6
Outbreak (1995)
ဒီတစ်ခါမှာတော့ လတ်တလော ဖြစ်ပွားနေတဲ့ Covid 19 လိုမျိုး ဗိုင်းရပ်စ်တစ်မျိုးကြောင့်လူတွေ ဘယ်လိုဒုက္ခရောက်ရလဲဆိုတာကို ရိုက်ကူးပြထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်1995 ခုနှစ်မှာ ထွက်ခဲ့တဲ့ Outbreak ဆိုတဲ့ အမေရိကန်ကားလေးပါဒီဇာတ်ကားထဲက ဇာတ်လိုက်ကျော်ဗိုင်းရပ်စ်ကတော့ အာဖရိကမှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ Motaba ဗိုင်းရပ်စ်ပါဘီလီဖော့ဒ်နဲ့ သူ့အထက်အရာရှိ မက်ကလင်တော့တို့ဟာ အာဖရိကကို ကူညီဖို့ သွားခဲ့ပေမဲ့ ပြင်းထန်လွန်းပီးကူးစက်မြန်တဲ့ ရောဂါ ဖြစ်နေတဲ့အတွက် မတတ်သာဘဲ စခန်းကို အပျောက်ရှင်းခဲ့လိုက်ကြပါတယ်ဒီဗိုင်းရပ်စ်အတွက် ကုသဆေးကိုတော့ အမေရိကမှာ စမ်းသပ်ထုတ်ဖော်ခဲ့ကြပီး လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့ သိမ်းထားခဲ့ကြပါတယ်တစ်နေ့မှာ အာဖရိကမှ မျောက်တစ်ကောင်ကို ဂျင်ဘိုဆိုတဲ့ကောင်လေးက ဖမ်းလာခဲ့မိပါတယ်အဲဒီမျောက်မှာ Motaba virus ပါလာပြီး ဂျင်ဘိုကတစ်ဆင့် ကူးစက်ပါတော့တယ်ဂျင်ဘိုက မျောက်ကို လွှတ်ပေးလိုက်တဲ့အခါ အစရှာမရဖြစ်ပီး ရောဂါဟာ ကယ်လီဖိုးနီးယားက ...
movie
Outbreak (1995)
1995
7.8
American Gangster(2007)
American Gangster(2007) ************************ IMDB...7.8,,,Rotten...87% Denzel Washington နဲ့ Russell Crowe တို့ အပြိုင်ကျဲထားတဲ့ဒီကားကြီးဟာ ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါးဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဖရန့်က ဂန်စတားအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်....အဲ့ဒီခေတ်များဆီက ဖရန့်တို့အဖွဲ့ဟာ အင်အားကြီးလွန်းတယ်....ဖရန့်ဟာ အဓိကသော့ချက်ပေါ့... လူမိုက်ဆိုပေမယ့် အားလုံးကိုဉာဏ်ကိုလွှာသုံးလေ့ရှိတယ်...ရဲတွေကိုလည်း အိပ်ကပ်ထဲထည့်ထားတတ်သလို အတားအဆီးတွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ လက်ရွံနေလေ့မရှိဘူး....ပြောရရင် ဖရန့်တို့အဖွဲ့ကိုထိရဲတဲ့သူတောင်မရှိဘူးဆိုရမယ်... ဒီအချိန်မှာပဲ အခြားရဲတွေနဲ့မတူတဲ့အမှတ်တရားကိုမြတ်နိုးတဲ့ Richie Roberts တစ်ယောက်ရှိလာခဲ့တဲ့အချိန်မှာတော့... ဒီကားက အတော်များများလည်းကြည့်ပြီးလောက်ပြီ..ဒါပေမယ့် ပြန်လည်ခံစားလည်း တကယ့်ကိုရသမြောက်လွန်းတယ်... ဒန်ဇယ်ရဲ့ အကောင်းဆုံးဆိုတာထက် ဒီဘက်ခေတ်ရုပ်ရှင်အဆင့်အတန်းတွေနဲ့ တန်းယှဉ်နိုင်ဆဲပဲ.....File Size…(3.5GB)(1.3GB)&(618MB) Quality… Blu-Ray 720p Format…mp4 Duration…02:37:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by..Chan Myae Thu Aung
movie
American Gangster(2007)
2007
6.2
Bayou Caviar(2018)
Bayou Caviar(2018) ဒီကားဟာ Rotten Tomatoesက ဆရာကြီးတွေ Rate လုံးဝမပေးထားပဲ Audience Score 100% အတိရထားတဲ့ကားပါ။ Tom Cruise ရဲ့ Jerry Maguireကားမှာ Supporting Role အော်စကာရထားတဲ့ မင်းသား Cuba Gooding Jr. ကိုယ်တိုင်ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ Old X men timeline က Attractive အပြည့်နဲ့ မမ ဂျင်း Famke Janssenကို တစ်ဖန်မြင်ရဦးမဲ့ ကားလည်း ဟုတ်ပါတယ်။ှဇာတ်လမ်းသွားမှာတော့ ဘောက်ဆင် ချန်ပီယံဟောင်း တစ်ယောက်နဲ့ ရုရှ လူဆိုးဂိုဏ်းတစ်ခုရဲ့ အဖြစ်အပျက်တွေကို ကို ပြထားပြီး လိင်ကိစ္စ အာဏာ ငွေ အကြမ်းဖက်မှုတွေကြားမှာ မိသားစုအတွက် တိုက်ခိုက်နေတဲ့ လူတစ်ယောက်အကြောင်း ဒရာမာ အပြည့်ခင်းပြသွားမှာပါ.. ဘယ်လိုခင်းမလဲတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ပါ။ ဒီကားမှာ မတ်မတ် Famke Janssenကြီးရဲ့ ခပ်မိုက်မိုက်စတိုင်လေးတွေကို အတော်ကြွေချင်စရာကောင်းအောင် မြင်ကြရမှာပါ။ ဒီတော့ကာ Old X men fan တွေ ကြည့်ကို ကြည့်သင့်တယ်လို့ Recommand ပေးပါတယ်။ ထပ်ဆောင်းပြောရရင် Richard Dreyfuss ကြီးဟာလည်း Leading Role Oscar ပိုင်ရှင်ကြီးပါ။ ကဲ..Oscar Winner နှစ်ယောက်နဲ့ ဒီကားက ...
movie
Bayou Caviar(2018)
2018
7.3
Jerry Maguire (1996)
Jerry Maguire(1996) IMDb ....7.3 ,,,,Rotten 83% ဒီကားထဲမှာ မင်းသားTom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့.အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ .....သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှ အချစ်ရယ် အလုပ်ရယ် ငွေကြေး ရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........နှလုံးသားနဲ့ဦးဏှောက် ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေ အတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်...ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင်ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ် ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award for Best Actor ဆုရသွားတယ် ဒါ့အပြင် ရုပ်ရှင်ဆုပေါင်း ဆယ့်တစ်ဆုလည်း ရခဲ့တယ် IMDb Rotten...ကလည်းကောင်းတယ်...ဒီအချက်အလက်တွေအရ ...
movie
Jerry Maguire (1996)
1996
1
2
Previous