Channel Myanmar

Cuba Gooding Jr.

In the Shadows (2001) 5.1
In the Shadows (2001) ဒီဇာတ်ကားက​တော့ hollywood stunt သမား​တွေရဲ့အလုပ်လုပ်ပုံနဲ့ သည်းထိတ်ရင်ဖိုမှုခင်းအ​ကြောင်း ​ရောစပ်ပြီးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လိုက်က​တော့ Eric O'Bryne လို့​ခေါ်တဲ့ ​ကြေးစားလူသတ်သမားဖြစ်ပြီး​တော့ဝါရင့် Hollywood stunt သမားတစ်​ယောက်ကိုလက်စား​ချေတဲ့အ​နေနဲ့  သတ်ဖို့ တာဝန်ရခဲ့ပါတယ်။ဒါ​ပေမဲ့ သတ်ဖို့ကြိုးစားရင်း stuntသမားနဲ့ ရင်းနှီးပြီး သူလိုချင်ခဲ့တဲ့သာမာန်ဘဝကို ခဏတာ ပိုင်ဆိုင်ပြီး​တဲ့​​နောက်တာဝန်​​ကျေ​အောင်လုပ်ဖို့ အချိန်​ရောက်လာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာ​ဇာတ်လမ်း​လေးထဲမှာ ဆက်လက်ရှုစားကြည့်ကြပါခင်ဗျာ File size…  2.3 GB / 1.13 GB Quality… WEB-DL  1080p / 720p Format…  mp4 Duration…. 1h 45m Genre ..... Action / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by  Jack
movie

In the Shadows (2001)

Radio (2003) 6.9
Radio (2003)  ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ ..... ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Football, Biography, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Radio (2003)

Home on the Range (2004)
Home on the Range (2004)  Disney ရဲ့ ဇာတ်​ကား​ဟောင်း​လေး တစ်ကားဖြစ်တဲ့ Home​on the Range ဆိုတဲ့​ ဟာသ animation ရုပ်ရှင်​လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့ old but gold ဇာတ်​ကား​ဖြစ်​ပြီး ရုပ်ရှင်​ရဲ့​အမည်​Home​ on the Range​ က အမေရိကန်​တောင်​ပိုင်း​ဒေသ​ရဲ့ ဂန္တဝင်​သီချင်း​ကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်​ဘက်​ဒေသ​ရဲ့ ကောင်း​ဘွိုင်​ခေတ်​မှာ အခြေ​ပြု​ထားတာဖြစ်ပေမဲ့ အဓိက​ဇာတ်​ကောင်​တွေက ကောင်း​ဘွိုင်​တွေ မဟုတ်​ဘဲ နွား​မတွေပါ။ဇာတ်လမ်း​အကျဥ်း​ကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်း​ကင်​ဘုံ​စား​ကျက်​မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်​တွေ​ကို ခြံရှင်ဖြစ်သူ မစ္စ​ပါးလ်က မိသားစု​ဝင်တွေလို သဘော​ထား​ပြီး အတူပျော်ရွှင်စွာ နေထိုင်​ကြပါ​တယ်။ ဒါပေမဲ့​ ပြည်နယ်​တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့​ နာမည်​ကျော်​နွားခိုးသမား လက်​ချက်​ကြောင့် ခြံရှင်လယ်သမား အတော်များများ​ ဒုက္ခ​ရောက်​နေကြ​ပါတယ်။အလာမီဒါဆလင်း​ရဲ့ ပယောဂ​ကြောင့်​ ...
movie

Home on the Range (2004)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

Boat Trip (2002) 5.0
Boat Trip (2002) Boat Trip (2002) ==============ဂေးပေါင်းငါးထောင်မကပါတဲ့ သင်္ဘောကြီးလာပါပြီ။ ဂျယ်ရီက ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်ကာမှအငြင်းခံရလို့ လတ်တလောအသည်းကွဲ နေတဲ့သူပါ။ သူ့သူငယ်ချင်းဖြစ်သူနစ်ခ်ဆိုတဲ့ငနဲကလည်း ချိန်ပါတစ်ယောက် ဖြစ်ပြီး အခုချိန်မှာတော့ ဘော်ဒါနှစ်ယောက်လုံးရည်းစားလက်မဲ့ဘ၀နဲ့ငုတ် တုတ်မေ့နေပါတယ်။တစ်နေ့တော့ကျောင်းတုန်းက ဂေါ်မစွံဖြစ်ခဲ့တဲ့ သူငယ် ချင်းတစ်ယောက်နဲ့နစ်ခ် ပြန်ဆုံချိန်မှာ အဲ့ဒီငနဲက အမိုက်စားအမျိုးသမီးတစ် ယောက်ကိုရထားတာတွေ့လိုက်ပါတယ်။အရမ်းစိတ်ဝင်စားသွားတဲ့ နစ်ခ်က မေးမြန်းစုံစမ်းရင်း FA တွေချည်းပါတဲ့ အပျော်သင်္ဘောခရီးစဉ်တစ်ခုမှာ အဲ့ဒီအမျိုးသမီးနဲ့ ဖူးစာဆုံခဲ့ကြောင်းသိလိုက် ရတဲ့နောက်မှာ သင်္ဘောစီးခရီးထွက်ဖို့ချက်ချင်းပဲစုံစမ်းပါတော့တယ်။ ဒါပေမယ့် လည်း အလွဲလွဲအချော်ချော်နမော်နမဲ့နဲ့ သူတို့နှစ်ယောက်လိုက်ပါလာတဲ့ သင်္ဘော ကြီးဟာ ဂေးသင်္ဘောကြီးဆိုတာ ကမ်းကခွာမှပဲသိလိုက်ရတဲ့အခါမှာတော့..။သင်္ဘောပေါ်မှာပါလာတဲ့ ဂေးတစ်သိုက်နဲ့ မိန်းမငမ်းငမ်းတက်လိုချင်နေတဲ့ Straight နှစ်ယောက်ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက် ကြပါ။Roselyn Sanchez တို့ Vivica A. Fox တို့လိုအမိုက်စားမင်းသမီးတွေခေါင်း ဆောင်ပါဝင်ထားပြီး Insidious ဇာတ်ကားတွဲတွေထဲက နတ်ဝင်သည်အဘွားကြီး Lin Shaye ကိုဒီဇာတ်ကားမှာ စရိုက်တစ်မျိုးနဲ့တွေ့မြင်ရမယ့်အပြင် ဂျိမ်းစ်ဘွန်း မင်းသားဟောင်းကြီး Roger moore ကိုလည်း ဂျိမ်းစ်ဘွန်းအငြိမ်းစားဂေးဗားရှင်းနဲ့ တွေ့မြင်ရမှာပါ။ Euro Trip, Road trip တို့ထက်မလျော့တဲ့ Boat Trip ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Boat Trip (2002)

Skeletons in the Closet (2024)
Skeletons in the Closet (2024) Skeletons in the Closet (2024)ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.1GB, 510MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - ...
movie

Skeletons in the Closet (2024)

2024
Rat Race (2001) 6.5
Rat Race (2001) 90's born တော်တော်များများ ငယ်ငယ်တုန်းကကြည့်ဖူးခဲ့ကြမယ့် Rat Race ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာ တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီးတစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်‌နေသူတွေ၊ comedy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာလောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီးဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။ ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီးသူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။ပြိုင်ပွဲ၀င်တွေလည်း အင်မတန်များပြားတဲ့မက်လုံးကြောင့် ပြိုင်ပွဲကို၀င်ပြိုင်ဖြစ်ကြပြီးသူဌေးဒေါ်နယ်နဲ့ သူ့အပေါင်းအပါတွေကတော့အနိုင်ရရှိသူကို ခန့်မှန်းရင်း လောင်းကစားလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုလူလူချင်း ဂုတ်ခွနင်းနဲ့ကိစ္စကြီးဟာ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲ။ပြိုင်ပွဲ၀င်တွေထဲ ဘယ်သူက ဒေါ်လာ၂သန်းပိုင်ဆိုင်သွားမလဲဆိုတာကိုရယ်ရင်းမောရင်းကြည့်ရှုရမှာဖြစ်တာကြောင့်ကြည့်မိလို့ နောင်တမရစေမယ့် old school comedy လေးတစ်ကားလို့ ညွှန်းပေးလိုက်ပါတယ်။  File size…    1.4 GB /  785 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h ...
movie

Rat Race (2001)

2001
Selma (2014) 7.5
Selma (2014) ၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်း​ခွဲခြား​မှုနဲ့ ဖိနှိပ်​ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်​ခဲ့ရပါတယ်။ အထူးသဖြင့်​တောင်​ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်​ရပ်ကွက်​တွေ လူမည်းမဝင်ရတဲ့ စားသောက်​ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူး​ကန် စာသင်​ကျောင်း​နဲ့ ဘတ်စ်ကားတွေအထိ လူဖြူ​တွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်​ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကား​ပေါ်က​လူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်​ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ​ လူဖြူ​သီးသန့်​ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကား​ရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကား​ဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa​ Park​ က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲက​ဖမ်းဆီး​ခဲ့ရာမှ Montogomery​ ဘတ်စ်ကား​သပိတ်​ကြီးပေါ်ပေါက်လာပြီး သမိုင်း​ဝင် အရပ်​ဘက်အခွင့်အရေး​လှုပ်ရှား​မှုကြီး (Civil Rights​ Movement) ပေါ်ပေါက်​လာပါတော့တယ်။ ဒီလှုပ်ရှားမှု​ကြီးရဲ့ အဓိက​ခေါင်း​ဆောင်​ကတော့ ဒေါက်တာ​မာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်​က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်း​ဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစကို ဒေါက်တာ​မာတင်​လူသာကင်း ...
movie

Selma (2014)

A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... ------------------------------------------------ File Size :(2.1GB) (748MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye ...
movie

A Few Good Men (1992)

1992
The Hit List (2011) 5.3
The Hit List (2011) အယ်လန် ကမ့်ဘဲလ်ဆိုတာက အရှုံးသမား အကြွေးကဝိုင်းမိန်းမကလည်း အချစ်‌ဆုံးသူငယ်ချင်းနဲ့ဖောက်ပြန်အလုပ်မှာ ရာထူးတိုးကလည်းမရ။ဒီလိုနဲ့ပဲ ညဘက်အရက်ဆိုင်မှာမှောက်ဖို့ကြံနေတဲ့သူ့ဆီကိုမိတ်ဆက်လာတာကတော့ ဂျိုးနားစ် အာဘာ။အထူးအေးဂျင့်အနေကနေ ပြေးလာပြီးတော့ ဒီမြို့လေးမှာအချိန်လာဖြုန်းလုပ်ချင်ရာလုပ်နေတဲ့လူ။ အယ်လန်ရင်ဖွင့်သမျှကြားပြီး ဂျိုးနားစ်က သူ့ကိုကမ်းလှမ်းခဲ့တာကအယ်လန်အမုန်းဆုံးလူ နာမည်ငါးခုချရေး ဂျိုးနားစ်ကရှင်းပေးမယ်။ဂျိုးနားစ်ကတော့မယုံမကြည် မူးမူးနဲ့ရေးပေးလိုက်ပြီးနောက်နေ့မနက် ပထမတယောက်ကို တကယ်ဖြစ်လာတဲ့အခါမှာတော့အယ်လန်တယောက် ကျန်တဲ့လူတွေကိုပါ ဂျိုးနားစ်ရဲ့ရန်ကနေကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ဂျိုးနားစ်ရဲ့ကစားပွဲအောက်မှာ အယ်လန်တယောက်စာရင်းထဲပါသူတွေကို ကယ်တင်နိုင်ပါ့မလား။ဂျိုးနားစ်ကရော ဘာဖြစ်လို့ ဒီလိုမျိုးလုပ်နေတာလဲ။ဒီကစားပွဲရဲ့အဆုံးသတ်မှာ သူတို့နှစ်ယောက်ထဲကဘယ်သူကအောင်မြင်သွားမလဲဆိုတာကိုCMပရိတ်သတ်ကြီးကဒီဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။  File size…  1.5 GB / 590 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h 41m Genre .....  Action, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by...  Brackman
movie

The Hit List (2011)

(18+) Don Jon (2013) 6.5
(18+) Don Jon (2013) IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie

(18+) Don Jon (2013)

2013
1080p HEVC
The Butler (2013) 7.2
The Butler (2013) 2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Butler (2013)

The Weapon (2023)
The Weapon (2023) The Weapon (2023)Action, Thriller ဝုန်းဒိုင်းကြဲ​​တွေကြည့်ချင်တဲ့ Bro ​တွေအတွက် 2023 မှာထွက်ထားတဲ့ The Weapon ဆိုတဲ့ အကြမ်းပတမ်း အက်ရှင်အလန်းကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ဘယ်လောက်ကြမ်းလဲဆို ဇာတ်လမ်းစလာတည်းက ​ဒေါသထွက်ပြီး ရန်လို​နေတဲ့ ဒဲလက်စ်ဆိုတဲ့သူကို​တွေ့ရမှာ​ဖြစ်ပါတယ်။ သူ့အ​ကြောင်းကို ဘာမှ​မမိတ်ဆက်ထားပဲနဲ့ ​နောက်ပိုင်းမှ တဖြည်းဖြည်း သူဒီလိုဖြစ်​နေရတာဘာ​ကြောင့်လဲ... သူ့​နောက်ကွယ်က သူ​တွေက​ရော ဘယ်သူ​တွေလဲ... ဘယ်အရာ​တွေက သူ့ကိုကျင်စက်​တွေနဲ့ နှိပ်စက်တာ​တောင် ဘာမှမဖြစ်တဲ့လူကြမ်းကြီးအဖြစ်​ပြောင်းလဲသွား​စေတာလဲ... သူ့ကို ဘယ်သူ​တွေက​ရော လက်နက်တစ်ခုအဖြစ် အသုံးချ​နေတာလဲဆိုတာကို အက်ရှင်ခန်း ကြမ်းကြမ်းတမ်းတမ်းကြီး​တွေနဲ့ ကြည့်ရဦးမှာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 830MB Quality - 1080p, 720p Format - mp4 Duration - 1H 25Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated ...
movie

The Weapon (2023)

2023
What Dreams May Come (1998) 6.9
What Dreams May Come (1998) ကားအက်ဆီးဒန့်နဲ့ သေဆုံးသွားတဲ့ ခရစ်စီဟာ မထင်မှတ်ပဲ ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စီဟာ လိုချင်တာအားလုံးကို မျက်လုံးမှိတ်ပြီးစိတ်ကူးယဉ်လိုက်ရုံနဲ့ ဘယ်အရာမဆိုရနေတဲ့ကောင်းကင်ဘုံကနေ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သူ့မိန်းမအန်နီ့ကိုပဲ လွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့မိန်းမကွယ်လွန်ပြီဆိုတဲ့သတင်းကို သိလိုက်ရတော့တယ်။ ဒါပေမယ့် ခရစ်စီလိုတော့ ကောင်းကင်ဘုံကို ရောက်မလာခဲ့ပါဘူး။ အထီးကျန်ပြီး စိတ်ဓာတ်ကျရောဂါခံစားနေခဲ့ရတဲ့ အန်နီတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လို့ ငရဲမှာ ထာဝရနေထိုင်သွားရမှာဖြစ်တယ်။ ချစ်လှစွာသောမိန်းမကို လက်မလျော့တဲ့ခရစ်စီတစ်ယောက် ကောင်းကင်ဘုံကနေ ငရဲအထိ အန်နီ့ကိုလိုက်ရှာပါတော့တယ်။ မြင်မြင်ချင်းချစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝစာအမှတ်တရတွေ၊ချစ်ခြင်းမေတ္တာတွေက လမ်းခရီးတစ်လျောက် ခရစ်စီကို အန်နီရှိရာ ငရဲဆီကိုခေါ်ဆောင်သွားနိုင်မလား၊ ခရစ်စီတစ်ယောက် အန်နီ့ကို ကောင်းကင်ဘုံကိုခေါ်လာဖို့အစီစဉ်အောင်မြင်ပါ့မလားဆိုတာကို အကယ်ဒမီဆုရှင် ရော်ဘင် ဝိလီယျံရဲ့ ရင်ထဲရောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ခရစ်စီနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရော်ဘင် ဝီလီယျံဟာ 2014ခုနှစ် အသက်63နှစ်မှာ စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ What Dreams May Come ထဲမှာတော့ ...
movie

What Dreams May Come (1998)

Red Tails (2012) 5.9
Red Tails (2012) Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie

Red Tails (2012)

2012
Life in a Year (2020) 5.8
Life in a Year (2020) Life in a Year(2020)ခင်ဗျားတို့ဘဝမှာဖြစ်ရမယ်လို့ သတ်မှတ်ထားတဲ့ရည်ရွယ်ချက်တွေ အိပ်မက်တွေရှိကြတယ်မလားအဲ့ဒီရည်ရွယ်ချက်တွေအကောင်အထည်ဖော်ဖို့ ရေးဆွဲထားတဲ့ Plan တွေလည်းရှိမှာပဲဒါပေမယ့် အဲ့ဒီ Plan တွေက တကယ်ရောအလုပ်ဖြစ်ရဲ့လား???အဲ့ဒီရည်ရွယ်ချက်တွေ အိပ်မက်တွေကရောခင်ဗျားတို့ကိုယ်တိုင် သတ်မှတ်ထားတာဟုတ်ရဲ့လား???ကျွန်တော်တို့တွေတော်တော်များများက ဆယ်ကျော်သက်ဘဝမှာ မိဘတွေပုံသွင်းထားတဲ့ဘောင်ထဲကရည်မှန်းချက်ကို ကိုယ့်ရဲ့တကယ့်အိပ်မက်လို့ယူဆထားကြမိတယ်သူတို့ရဲ့ဘောင်လေးထဲမှာ ကိုယ့်ကိုကိုယ်ပုံစံကျအောင်နေရင်း ကြိုးစားခဲ့ကြတာဒါတွေက ကိုယ့်ရဲ့တကယ့်အိပ်မက်မဟုတ်တဲ့အခါကြာလာတော့ ကြိုးစားရတာ ပင်ပန်းလာတယ်ဒီလိုနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အိပ်မက်တွေဟာ ဘာမှန်းတောင် မသိကြတော့ပါဘူးဒီဇာတ်ကားထဲက Jaden Smith သရုပ်ဆောင်ထားတဲ့Daryn ဆိုတဲ့ ကောင်လေးက ဒီလိုကောင်လေးမျိုးပေါ့တစ်ရက်မှာတော့ ရှိုးပွဲတစ်ခုသွားရင်းက အမှတ်မထင်ဆုံခဲ့ရတဲ့ကောင်မလေးကိုစိတ်ဝင်စားသွားမိတယ်Daryn ရဲ့ပုံစံအမှန် ဖော်ထုတ်ပေးခဲ့တဲ့ကောင်မလေးကိုချစ်မိသွားချိန်မှာ ကောင်မလေးနဲ့ပက်သက်ပြီး သူသိလာရတဲ့အရာတွေက......Plan တွေနဲ့ပြည့်နေတဲ့ သူ့ရဲ့ကမ္ဘာမှာ သူတကယ်ဖြစ်ချင်ခဲ့တဲ့အရာကရော ဘာများလဲ??ဇာတ်အိမ်အရတော့ ဆယ်ကျော်သက်အချစ်ဆိုပေမယ့်တော်တော်လေးကို Touching ဖြစ်တဲ့ကားဗျTrue Love meaning ကိုလည်း ဒီထဲတွေ့နိုင်တယ်Jarden Smith နဲ့ Cara Delevingne သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကိုပြည့်စုံပါတယ်Jarden Smith ရဲ့သီချင်းကို emotional အပြည့်နဲ့နားထောင်နိုင်နေရုံနဲ့တော်တော်လေးကိုတန်နေပြီလို့ပြောရမှာပါ  Translated by ...
movie

Life in a Year (2020)

2020
The Land Before Time XIII: The Wisdom of Friends 5.4
The Land Before Time XIII: The Wisdom of Friends THE LAND BEFORE TIME XIII ======================== Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေး တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စ ပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ...
movie

The Land Before Time XIII: The Wisdom of Friends

2007
Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001