Channel Myanmar

Cristine Reyes

Dearly Beloved (2024) 5.5
Dearly Beloved (2024)  လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်းများစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းကအသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ်တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန်နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့Dearly Beloved ပဲဖြစ်ပါတယ်။ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကိုအတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့်နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက်လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက်ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေးတစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကိုလက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီးပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေအတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar ...
movie

Dearly Beloved (2024)

Kidnap For Romance (2023) 7.1
Kidnap For Romance (2023) Kidnap for Romance (2023) IMDb - 7.1/10ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kidnap For Romance (2023)

2023
Martyr or Murderer (2023) 5.5
Martyr or Murderer (2023)  နိုင်ငံရေးအကြောင်း၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက်၂၀၂၃ခုနှစ်မှာ ထွက်ရှိ တဲ့ ဖိလစ်ပိုင်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ နာမည်ကြီးနိုင်ငံရေးဦးဆောင် မိသားစု ၂စုဖြစ်တဲ့အကွီနိုမိသားစုနဲ့ မားကို့စ်မိသားစုတို့ကြားက ရန်ကြွေးဟာ လူသိထင်ရှားပါပဲ။ဒီဇာတ်လမ်းဟာ ၎င်းမိသားစုနှစ်စုရဲ့ ကျောင်းတော်ကရန်စ၊ အတိတ်နောက်ခံသမိုင်း၊နိုင်ငံရေးမှာအားပြိုင်မှု စတာတွေကို ဖော်ကျူး ခြယ်မှုန်းထားတဲ့စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဟာ အာဏာရှင်အဖြစ်ကျော်ကြားပြီးတော့ စစ်အုပ်ချုပ်ရေးကာလထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ ချိန်တွေအပါအဝင် နှစ်ပေါင်း ၂၀ နီးနီးဖိလစ်ပိုင်နိုင်ငံကို ကြိုးကိုင် ချယ်လှယ်ခဲ့တဲ့သူပါ။ သူအုပ်စိုးစဉ်ကာလအတွင်း၊သူ့သမ္မတသက်တမ်းအတွင်း သူ့ရဲ့အဓိကပြိုင်ဘက်၊ အဓိက ဝေဖန်တိုက်ခိုက်ခဲ့သူကတော့ လွှတ်တော်အမတ် ဟောင်း၊ တာလေးဒေသအုပ်ချုပ်ရေးမှူးဟောင်းနီနွိုင်းအကွီနို ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ် အာဏာကနေ ပြုတ် ကျသွားတာကလည်းလေဆိပ်မှာ နီနွိုင်းအကွီနို လုပ်ကြံအသတ်ဖြတ်ခံရမှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့်ဖြစ်ပြီး သူ့ကိုဖြုတ်ချတဲ့ ပြည်သူ့အာဏာတော်လှန်ရေးကို ဦးဆောင်သူကလည်းနီနွိုင်းအကွီနိုရဲ့ ဇနီးသည်ဖြစ်သူ၊ ၁၁ကြိမ် မြောက်သမ္မတဖြစ်လာသူ ကော်ရာဇိုအကွီနိုပါပဲ။ဖာဒီနန်မားကို့စ်ရဲ့ဇနီးဖြစ်သူ အီမယ်လ်ဒါမားကို့စ်ဟာ တချိန်က နီနွိုင်းအကွီနိုနဲ့ချစ်သူဖြစ်ခဲ့ပြီး မားကို့စ်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီး အီမယ်လ်ဒါမားကို့စ်ဟာ ဖိနပ်အရံ (၁၀၀၀၀) ...
movie

Martyr or Murderer (2023)

Seven Sundays (2017) 7.6
Seven Sundays (2017) Seven Sundays 2017 IMDB 7.6/10သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ ...
movie

Seven Sundays (2017)

Maria (2019) 8.7
Maria (2019) လီလီဟာ ဘလက်ခ်ရိုစ့်ဆိုတဲ့ ဒုစရိုက်ဂိုဏ်ကြီးရဲ့ ထိပ်တန်းလုပ်ကြံရေးသမား တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ပေးအပ်တဲ့တာဝန်ကို ဖီဆန်ခဲ့မှုနဲ့ ဂိုဏ်းက သူ့ကို သတ်မိန့်ပေးခဲ့ပါတယ်။ အဲ့ဒါတွေအားလုံးဆီကနေ သူ့နည်းသူ့ဟန်နဲ့ ရှောင်ထွက်လွတ်မြောက်နေခဲ့ပြီး ကာလတစ်ခုမှာ သူဟာ ဘ၀ဟောင်းကိုမေ့ပျောက်ထားပြီး မာရီယာ ဆိုတဲ့ သာမန် အိမ်ထောင်ရှင်မအဖြစ် ဘ၀သစ်တစ်ခုကို ထူထောင်လျှောက်လှမ်းနေတဲ့ အချိန် အတိတ်ဟောင်းက မိတ်ဆွေဟောင်းတွေ သူ့ကို ပြန်ခြေရာခံမိသွားတဲ့နောက် သူ ရုန်းထွက်ချင်တဲ့ဘ၀ဆီက လွတ်မြောက်နိုင်ပါ့မလား။ ဘယ်လိုဖြစ်ရပ်ဆိုးတွေကြုံလာရမလဲဆိုတာ..။ အမျိုးသမီးဗားရှင်းနဲ့ John wick လို့ပြောလို့ရပါတယ်။ မြင်နေကျ ဇာတ်အိမ်မျိုးကိုမှ သွက်သွက်လက်လက်နဲ့ နောက်ခံတေးဂီတ ကောင်းကောင်း အက်ရှင်ခန်း အလန်းစားတွေနဲ့ ဆွဲခေါ်သွားနိုင်ပါတယ်။ အက်ရှင်ခန်း နှိပ်စက်ခန်းတစ်ချို့ကြမ်းလွန်းလို့ကလေးတွေအတွက်တော့ မသင့်တော်ပါဘူး။  File size…(950 MB) and (620 MB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Maria (2019)

2019