Channel Myanmar

Cree Cicchino

Turtles All the Way Down (2024) 6.8
Turtles All the Way Down (2024)  John Green ရဲ့ Turtle all the way down ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက်နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoesဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကိုမြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကိုအလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးတစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်းလိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်းမေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့အေဇာရဲ့ OCD ရောဂါပါပဲ ။အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှုတွေကိုတော့ ...
movie

Turtles All the Way Down (2024)

Stay Awake (2022) 6.8
Stay Awake (2022)   Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်း‌ဖြစ်နေတဲ့မိသားစုဝင်ကို ပြုစု‌စောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။ ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လို‌ဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.2 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Lwin
movie

Stay Awake (2022)

The Sleepover(2020) 6.0
The Sleepover(2020) The Sleepover(2020)အညွှန်း**************************((ဇာတ်ကားအလန်းမို့ 1080P5.1CH,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...))အဖေရယ် အမေရယ် သားလေးရယ် သမီးလေးရယ်နဲ့ပျော်ပျော်နေတတ်တဲ့ မိသားစု(၄)ဉီးရှိတယ်....သာမန်လူတန်းစားဖြစ်ကြသလို သိပ်ချစ်ကြတဲ့မိသားစုလေးပေါ့...တစ်နေ့တော့ မိခင်နဲ့ဖခင်ကို လူဆိုးဂိုဏ်းက ဖမ်းခေါ်သွားတယ်...ကြည့်ရတာ ဒီလင်မယား(၂)ဉီးဟာတစ်ချိန်က လူဆိုးတွေနဲ့ပတ်သက်မှုရှိတဲ့ ကြေးစားတွေဖြစ်ပုံရတယ်....အိမ်ထောင်ပြုပြီးကလေးတွေနဲ့ ဇာတ်မြှုတ်နေပုံပါပဲ...ရုတ်တရက်ကြီးအဖမ်းခံလိုက်ရတော့အိမ်မှာ သဲလွန်စလေးတွေပဲချိန်ထားနိုင်တော့တယ်...သား၊သမီးတွေပြန်ရောက်တော့အဖေ၊အမေရဲ့သွေးပါတဲ့သူတွေပီပီ ချန်ခဲ့တဲ့သဲလွန်စတွေကိုလေ့လာရင်းမိဘ(၂)ပါးဒုက္ခရောက်နေပြီကိုသိတဲ့နောက် လိုက်လံကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်...မိဘတွေက အတိတ်မှာ ဘာတွေလုပ်ခဲ့လို့လဲ..လူဆိုးဂိုဏ်းကရော ပြန်ပေးဆွဲပြီး ဘာတွေခိုင်းဖို့ကြိုးစားတာလဲ...သားသမီးတွေကလည်း ကယ်ဆယ်ဖို့ကြိုးစားတာ အဆင်ပြေနိုင်ကြပါ့မလား...ဒီကားက အတော်လည်းစိတ်ဝင်စားဖို့ကောင်းသလိုရယ်လည်းရယ်ရပါတယ်...အက်ရှင်ခန်းတွေဆိုလည်း တော်တော်ကြီးကိုအားရစရာကောင်းတာပါ..ကြည့်ကြည့်ပါ ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size :(1.82GB) (900 MB) and (395 MB) Quality : WEB-DL1080P5.1CH, 720p Format…mp4 Duration…01:40:00 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie

The Sleepover(2020)