Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Craig Walker
6.3
The Light of the Moon (2017)
IMDb 6.3/10The light of the Moon (2017) ဟာ ဘွန်နီဆိုတဲ့အမျိုးသမီးတစ််ယောက် လိင်ပိုင်းဆိုင်ရာစော်ကားမှုအပြီးမှာ စိတ်ဒဏ်ရာများနှင့် တစ်ခြားသော ရှုပ်ထွေးမှုများကို သိမ်မွေ့စွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါရိုက်တာ Jessica M. Thompson ရိုက်ကူးထားပြီး ဆိုးရွားသောအတွေ့အကြုံရဲ့ နောက်ကွယ်ကအဖြစ်တွေကို Stephanie Beatriz က သဘာဝကျကျသရုပ်ဆောင်ထားပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မတ်ထ်နဲ့ ဘွန်နီဆိုတဲ့ ချစ်သူလေး ၂ယောက်ရှိပါတယ်။ မတ်ထ်ကတော့ အလုပ်ထဲနှစ်နေလေ့ရှိပြီး အိမ်ပြန်နောက်ကျတာတွေ ချစ်သူကိုအမြဲလိုလို အချိန်မပေးနိုင် ဖြစ်နေလေ့ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ချစ်သူ၂ယောက် အမြဲပြောနေကြရတာပေါ့။ဘွန်နီတစ်ယောက်ကတော့ အလုပ်နဲ့အိမ်က သိပ်မဝေးတာကြောင့် ညတိုင်းလိုလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘွန်နီတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး သူတို့ချစ်သူ၂ယောက်အကြားအလှည့်အပြောင်းတစ်ခု ဖြစ်လာပါတော့တယ်။အဲ့ကိစ္စဖြစ်အပြီးမှာ သူတို့ချစ်သူ၂ကြားက ကတောက်ကဆတွေ ချစ်ခြင်းမေတ္တာနားလည်ပေးနိုင်မှုတွေ သည်းခံခွင့်လွှတ်ပေးနိုင်မှုတွေနဲ့အတူ မတော်မတရားပြုကျင့်ခံရတဲ့ မိန်းမသားတို့အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာ ဒုက္ခပင်လယ်ဝေပုံကို ကရုဏာသက်ရင်းကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။File size… 1.2 GB / 549 MB Quality… ...
movie
The Light of the Moon (2017)
7.0
Two Lovers (2008)
Two Lovers (2008) ============== IMDb Rating - 7.0/10Joker မင်းသားကြီး Joaquin Phoenix ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ လှေနံနှစ်ဖက်နင်းတဲ့ Romance/Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လီယိုနက်ဆိုတဲ့ ဘဲတစ်ပွေဟာ bipolar ကြောင့် သူ့ဘဝသူ စိတ်ကုန် နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အဆုံးစီရင်ဖို့လည်း အကြိမ်ကြိမ် ကြိုး စားဖူးသူပါ။ ဒါပေမဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ သူ့ကို လောက ကြီးက ပစ်မထားခဲ့ပါဘူး။သူဟာ တစ်ချိန်နည်းမှာ အမျိုးသမီး နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။ တစ်ယောက်က မိဘချင်း သဘောတူသလို သူ့ကိုလည်း အရမ်းချစ်တဲ့ ဆန်ဒရာ။ နောက်တစ်ယောက်က မထင်မှတ်ဘဲ ခင်မင်ခွင့်ရခဲ့တဲ့ အိမ် ထောင်ရှိ အမျိုးသားရဲ့ အငယ်အနှောင်းဖြစ်သူ မီရှဲလ်။ နှစ်ယောက်လုံး က မက်လောက်စရာဖြစ်နေတော့ ဘိုင်ပိုလာ လီယိုနက်တစ်ယောက် ဟိုကိုလည်း လက်မလွှတ်နိုင်၊ ဒီကိုလည်း မရှင်းမရှင်းတွေ လုပ်မိပြီး နှလုံးသားရေးရာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ သူများချစ်သူ ကြောင် တောင်နှိုက်ချင်တဲ့သူတွေ ရှိနေတာကို တန်ဖိုးမထားချင်တဲ့ အာသာမပြေ မာမာဝေတို့ အထူးကြည့်သင့်သော ဇာတ်လမ်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ...
movie
Two Lovers (2008)
2008
5.6
Love Is in the Air (2023)
Love is in the air (2023)Love is in the air ဆိုတဲ့ Australian romantic, comedy ဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။ Dana က မိခင်ဆုံးသွားပြီးတဲ့နောက်ပိုင်း သူ့အမေအရမ်းချစ်မြတ်နိုးတဲ့ မိသားစုပိုင်လေကြောင်းလိုင်းကို အဖေနဲ့အတူတူ ဦးစီးလုပ်ကိုင်နေတဲ့သူပါ။ သူတို့လေကြောင်းလိုင်းက မြို့နဲ့ဝေးတဲ့နေရာက ကမ်းခြေတွေ၊ ကျွန်းတွေဆီကို စာတွေ၊ ပစ္စည်းတွေပို့ပေးပြီး အရေးပေါ်ကိစ္စကူညီတာတွေကို အဓိကလုပ်ပေးနေတော့ လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေက ချွတ်ခြုံကျလာရော။ William ကတော့ ချမ်းသာတဲ့မိသားစုရဲ့ အမွေဆက်ခံသူ သားတစ်ယောက်ဖြစ်ပြီးတော့ ဖခင်စိတ်ကျေနပ်အောင် အမြဲကြိုးစားပေးနေတဲ့သူပေါ့။ တစ်နေ့ သူတို့လုပ်ငန်းလက်အောက်မှာရှိတဲ့ Dana တို့မိသားစုပိုင် လေကြောင်းလိုင်းကို အမြတ်အစွန်းမရလို့ဆိုပြီး အပြီးပိတ်ပစ်ဖို့လုပ်ပါတော့တယ်။ အဲဒါနဲ့ ဩစတေးလျကိုသွားပြီး လုပ်ငန်းအခြေအနေကို စစ်ဆေးဖို့ William ကို သူ့အဖေက လွှတ်လိုက်တဲ့အခါမှာတော့ Dana တစ်ယောက် သူ့အမေချန်ခဲ့တဲ့ တစ်ခုတည်းသောအရာကို ဆက်ပြီး ကာကွယ်သွားနိုင်ပါ့မလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ...
movie
Love Is in the Air (2023)
2023
We Own the Night(2007)
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB) / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre... Drama / Crime / ...
movie
We Own the Night(2007)
7
Thor: Love and Thunder (2022)
ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie
Thor: Love and Thunder (2022)
4K HEVC
7.2
Unbroken (2014)
မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie
Unbroken (2014)
HEVC 1080p 5.1
5.0
Universal Soldier: Day of Reckoning (2012)
ကဲ ဒီတစ်ခါတော့ ဇာတ်ကြမ်း ကြိုက်တဲ့ သူတွေ အတွက် မင်းသားကြီး ဗင်ဒိန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဗင်ဒိန်းဆို တော်တော်များများ မသိတဲ့သူ မရှိလောက်ပါဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျွန်ဟာ အတတိမေ့ ကိုမာ ရောဂါကိုခံစား နေရသူ တယောက်ဖြစ်ပြီး သူ ဒီရောဂါကို ခံစားရတဲ့ အကြောင်းအရင်းက တော့ သူ့မိန်မနဲ့ သမီးဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာအသတ်ခံခဲ့ရပြီး သူကိုယ်တိုင်လဲ ဦးခေါင်းကိုထိခိုက်ခံခဲ့ရလို့ပဲဖြစ်ပါတယ် ဂျွန်တို့ မိသားစု ဘာလို့ ဒီလို အတိုက်ခိုက်ခံခဲ့ရတာလဲ ဂျွန်ကကော အရင်က ဘာတွေများ လုပ်ခဲ့တာလဲ ဂျွန်က ကော သူ့ရဲ့ အတိတ်ဖြစ်ရပ်တွေကိုဖော်ထုတ်ပြီး မိန်းမ နဲ့ သမီး အတွက် ကလဲ့စားချေနိုင်မှာလားဆိုတာကိုတော့ UNICODE ကဲ ဒီတစ်ခါတော့ ဇာတ်ကြမ်း ကြိုက်တဲ့ သူတွေ အတွက် မင်းသားကြီး ဗင်ဒိန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဗင်ဒိန်းဆို တော်တော်များများ မသိတဲ့သူ မရှိလောက်ပါဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျွန်ဟာ အတတိမေ့ ကိုမာ ရောဂါကိုခံစား နေရသူ တယောက်ဖြစ်ပြီး သူ ဒီရောဂါကို ခံစားရတဲ့ အကြောင်းအရင်းက တော့ သူ့မိန်မနဲ့ သမီးဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာအသတ်ခံခဲ့ရပြီး သူကိုယ်တိုင်လဲ ဦးခေါင်းကိုထိခိုက်ခံခဲ့ရလို့ပဲဖြစ်ပါတယ် ဂျွန်တို့ ...
movie
Universal Soldier: Day of Reckoning (2012)
2012