Channel Myanmar

Craig Ferguson

Chain of Fools (2000) 6.0
Chain of Fools (2000) Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲအတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ်ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန်ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီးAvent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲဆိုတာကိုတော့ကြည့်လိုက်ကြပါ။Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah WoodKresk ...
movie

Chain of Fools (2000)

Saving Grace (2000) 6.9
Saving Grace (2000) Saving Grace ဇာတ်ကားလေးဟာ 2000 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Comedy/Crime အမျိုးအစားဖြစ်ပါတယ်။IMDb 6.9 ရှိပြီးတော့ Rotten tomatoes 63% ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂရေ့စ်ဟာ ယောက်ျားဖြစ်သူဆုံးသွားတဲ့အခါမှာဘာမှမရရှိခဲ့ဘဲ အကြွေးတွေ တင်ကျန်ခဲ့ပါတယ်။အဲ့အကြွေးတွေဆပ်ဖို့ ဖိအားပေးခံရတဲ့အခါမှာသိထားတဲ့ စိုက်ပျိုးရေးနည်းကိုသုံးပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။မိတ်ဆွေတွေရဲ့ကူညီမှု‌တွေ၊ သူ့ရဲ့စိုက်ပျိုးရေးအသိပညာတွေနဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ‌ရှုစားရမှာဖြစ်ပါတယ်။ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်းရှိစေပြီးရုပ်ရှင်ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…    3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

Saving Grace (2000)

Kick-Ass (2010) 7.6
Kick-Ass (2010) Kick-Ass (2010)IMDb Rating (7.6) / Rotten Tomatoes (77%)ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ.....ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ ...
movie

Kick-Ass (2010)

2010
4K HEVCHDR
Brave (2012) 7.1
Brave (2012) အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ် သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ် စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ် ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ.....။IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော ...
movie

Brave (2012)

2012
4K HEVC
The Ugly Truth (2009) 6.4
The Ugly Truth (2009) The Ugly Truth ( 2009 ) ================== IMDb Rating - 6.4/10တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ညစာစားပွဲမှာ ဗိုင်ဘရေတာအတွင်းခံဝတ်ထားပြီး တိုင်ပတ်နေတဲ့ စကီရဲ့ ဗီဒီယိုအတိုလေးကို တော်တော်များများကြည့်ဖူးကြမှာပါ။ အဲဒီရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ ရုပ်လေးလှပေမဲ့ အကွက်မတတ်လို့ ဘဲမရ ဖြစ်နေတဲ့ ပရိုဂျူဆာမမကို ရှိုးမှာ ယောက်ျား မိန်းမ ဆက်ဆံရေးတွေ အကြောင်း ညစ်တီးညစ်ပတ်တွေသိပ်ပြောတတ်တဲ့ မိန်းမကျမ်းကြေ ယောက်ျားကျမ်းကြေတဲ့ ငရှုပ်က ဘဲစားခံရဖို့ ဆောင်ရန်ရှောင်ရန်များ သင်ပေးတဲ့အကြောင်းပါပဲ။Romance/Comedy တွေ သိပ်မရိုက်ပေမဲ့ ရိုက်လိုက်ရင်လည်း တစ်ကားဆို တစ်ကားဆိုသလို တော်တော်ထိတတ်တဲ့ လူမိုက်ရုပ်နဲ့ ထထပြောင်တတ်တဲ့ Gerard Butlerရဲ့ Romance/Comedyကား ကောင်းပေါ့။ နောက် အလှလေး Katherine Heiglကလည်း ပါထား ပါသေးတယ်။ ရယ်ရင်းမောရင်း မိန်းမတွေအကြောင်း ယောက်ျားတွေ အကြောင်း အထာတွေ အကွက်တွေ သင်ယူချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)File Size..........(1.8 GB) / (721 MB) / (410 MB) Quality............BluRay 1080p ...
movie

The Ugly Truth (2009)

2009
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ အစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ် ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ နဂါးတွေ ရဲ့ လက်ချက်ပါပဲ...ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့ အနည်းဆုံး ...
movie

How to Train Your Dragon (2010)

2010
4K HEVC
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) How to Train Your Dragon 2 (2014) IMDb - 7.8/10_____Rotten - 91%နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ ...
movie

How to Train Your Dragon 2 (2014)

2014
4K HEVC
Lemony Snicket’s A Series of Unfortunate Events (2004) 6.8
Lemony Snicket’s A Series of Unfortunate Events (2004)  A Series of Unfortunate Events (2004) =======================တစ်ချို့လူတွေကတော့ ရက်စက်အကျည်းတန်တဲ့ ကမ္ဘာကြီးကို မမြင်ချင်ယောင်ဆောင်ရင်း ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာ သက်သာရာရှာရင်း ဘာမှမဟုတ်သလို ဘဝကို ကုန်ဆုံးတတ်ကြတယ်။ တစ်ချို့လူတွေကတော့ ကမ္ဘာကြီးမှာ ရှာဖွေဖော်ထုတ်ရမှာတွေ ရှိနေသေးတာကိုသိပြီး သုတေသနလုပ်ရင်း မှတ်တမ်းတင်ရင်း ကြီးကျယ်ခမ်းနားစွာ ဘဝကိုကုန်ဆုံးတတ်ကြတယ်။အခုဇာတ်လမ်းကတော့ အဲ့ဒီ အစွန်းနှစ်ဖက်က လွတ်တဲ့လူတွေအကြောင်းပါ။တစ်ခုခုကို တီထွင်တာလို.. စာအုပ်တစ်အုပ်ကို ဖတ်တာလို..အဓိပ္ပါယ်ရှိတယ်ထင်ရတဲ့ အရာတွေကနေ ..ဘာမှမဟုတ်ပဲ ပစ္စည်းတစ်ခုကိုလိုက်ကိုက် နေတတ်တာလို အဓိပ္ပါယ်မရှိဘူးထင်ရတဲ့အရာတွေအပါအဝင် တစ်ခုခုတွေကို လုပ်ရင်း အဆိုးဝါးဆုံး အခြေအနေတွေမှာ မျှော်လင့်ချက်ရှိစွာပဲ ရှင်သန်တတ်ကြတဲ့ လူတွေအကြောင်းပါ။ သူတို့သိထားတဲ့ အသိကတော့ အခြေအနေ ဘယ်လောက်ပဲဆိုးဝါး စုတ်ပြတ်နေပါစေ တစ်ခုခုတော့ အမြဲရှိနေတတ်တယ်ဆိုတာပါပဲ။အဲ့ဒီလူတွေကတော့ Baudelaire မောင်နှမသုံးယောက်ပါ။ အကြီးဆုံး Violet Baudelaireကတော့ စွန့်ပစ်ထားတာတွေ.. ကြားမှာ အသုံးဝင်တာတစ်ခုခုတော့ရှိတတ်ပြီး အမှိုက်ဆိုတာလည်း နေရာလွဲမှားနေတဲ့ တန်ဖိုးရှိပဲ ပစ္စည်းဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပြီး စွန့်ပစ်ပစ္စည်းတွေကနေ တစ်ခုမဟုတ်တစ်ခု တီထွင်နေတတ်တဲ့ကလေးမလေးတစ်ယောက်ပါ။ အလတ်ဖြစ်တဲ့ Klaus Baudelaireကတော့ စာအုပ်တွေကြားမှာ ပျော်မွေ့တတ်တဲ့ စာကြမ်းပိုးကလေးဖြစ်ပြီး အငယ်ဆုံးလေးကတော့ တွေ့ကရာ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူတို့ မိသားစုရဲ့ အိမ်ကြီးကို ဘယ်ကနေဘယ်လိုဖြစ်မှန်း မသိတဲ့ မီးလောင်မှုကြီးတစ်ခုဖြစ်သွားပြီး။ မီးထဲမှာ သူတို့မိဘတွေပါပါသွားတာကြောင့် သူတို့မိဘမဲ့ဖြစ်သွားခဲ့ပါတယ်။ ကံဆိုးမိုးမှောင်ကျပြီး မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးသုံးယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ဒီတစ်ခုနဲ့ ...
movie


2004
Duck Duck Goose (2018) 5.4
Duck Duck Goose (2018) ဒီဇာတ်ကားလေးကတော့ ပန် ဆိုတဲ့ ငန်းလေးရယ် ချီ နဲ့ချောင် ဆိုတဲ့ ဘဲပေါက်လေး နှစ်ကောင်ရယ် အကြောင်းဖြစ်ပါတယ်ကြည့်လို့ကောင်းတဲ့ အန်နီမေးရှင်းလေးပါမိသားစု ဆိုတာဘာလဲ မိသားစုက ဘယ်လို ခွန်အားတွေပေးနိုင်လဲဆိုတာကို ပြသွားတာပါပန်က ပေါ့ပျက်ပျက် နဲ့ ပျော်ပျော် နေတက်တဲ့ ငန်းတစ်ကောင်ပါဒီလို နေတက်လို့လဲ ငန်းအုပ်က သူ့ကို ချဉ်နေကြတာပေါ့ဒါပေမဲ့ ခေါင်ထိ အကုန် စားလို့ မှတ်ထားလားတော့ မသိပါဘူးစည်းကမ်းကြီးပြီး အတည်တံ့နေတက်တဲ့ ငန်းအုပ်ခေါင်းဆောင်ကြီးရဲ့ သမီးဂျင်ဂျင်း ကိုမှကြိုက်နေတာပါဒါပေမဲ့ ဒီလို ပေါ့ပျက်ပျက်ကောင်ကို ဂျင်ဂျင်းရဲ့ အဖေက ဘယ်သဘောကြမလဲဒီလိုနဲ့ တစ်ရက် ပန် တစ်ယောက် အဲ့လေ ပန် တစ်ကောင် ပေါ့ပျကိပျက် ပေါက်ကရလုပ်ရင်းက သာသာယာယာ တောင်ကုန်းကို သွားနေတဲ့ ဘဲပေါက်အုပ်ထဲ ကျပြီး ဘဲမောင်နှမ နှစ်ယောက်က ဘဲအုပ်ထဲကနေကွဲထွက်သွားပါတော့တယ်ဘဲပေါကလေးနှစ်ကောင်ထဲမျက်စိလည်တာပေါ့တစ်ဖက်မှာလည်း ပန်တို့ ငန်းအုပ်က ဆောင်းခိုပြောင်းရွှေ့ ဖို့လုပ်နေပါတယ်အဲ့အချိန်မှာ ပဲ ...
movie

Duck Duck Goose (2018)

2018