Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Courtney Taylor
5.3
The Invitation (2022)
The Invitation (2022)(1080p ရပါပြီ)ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ? ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion ...
movie
The Invitation (2022)
2022
5.2
Independence Day: Resurgence(2016)
Independence Day: Resurgence(2016)ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလိုမစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် ...ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက်သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည်ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး SCRN ပဲဖြစ်ပါတယ်။)File Size : (2.13GB)(857MB) and (313 ...
movie
Independence Day: Resurgence(2016)
2016