Channel Myanmar

Corey Taylor

My Little Nightmare (2024) 5.2
My Little Nightmare (2024) My Little Nightmare (2024) =====================ဒီဇာတ်လမ်းထဲမှာ သူငယ်ချင်းငါးယောက်က အပျော်ခရီးထွက်ရင်း ကလေးလေးတစ်ဦးကို ကားနဲ့တိုက်မိပြီး ကလေးလေး သေသွားခဲ့ တယ်။ လူငယ်တွေဖြစ်ပြီး မူးနေတာကြောင့် ထောင်မကျချင်တဲ့ သူ တို့သူငယ်ချင်းငါးယောက်က ကလေးရဲ့အလောင်းကို လမ်းဘေးထား ပြီးထွက်ပြေးဖို့ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြတယ်။ဒီမတော်တဆမှုကို အားလုံးက မေ့ပျောက်လိုက်ကြပေမဲ့ နောက်ပိုင်း နှစ်ကြာလာတဲ့အခါမှာ အဲဒီအရာက သူတို့ကိုပြန်လက်စားချေဖို့ တစ် ယောက်ချင်းစီကို ဘယ်လိုရောက်လာမလဲဆိုတာကိုတော့ ဒီဇာတ်လမ်း ထဲမှာ သဲထိတ်ရင်ဖို ကျောချမ်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / (630 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

My Little Nightmare (2024)

2024
Rucker the Trucker (2022) 4.0
Rucker the Trucker (2022) Rucker the Trucker (2022) ===================ဒီတစ်ခါ ထရပ်ကားလေးနဲ့ပုံဆွဲရအောင်... ဘာပုံလဲဆိုတော့... လူပုံပါ ဘယ်သူ့ပုံလဲဆိုတော့... ချစ်လှစွာသောဇနီးပုံလေးပေါ့ထရပ်ကားမောင်းရတာကို အရမ်းသဘောကျလွန်းလို့ လမ်းမပေါ်မှာပဲ နေ့ရက်တွေကုန်ဆုံးခဲ့တဲ့ ရပ်ကာ ကတော့ သူ့မိန်းမကိုအရမ်းချစ်ပါသ တဲ့။ ချစ်လွန်းလို့ မိန်းမရဲ့ရုပ်ပုံလွှာကို မြေပုံပေါ်မှာအစက်လေးတွေချပြီး ရုပ်ပုံပေါ်အောင်လုပ်ကာ သူ့အချစ်ကိုသက်သေပြချင်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကိုစွန့်ခွာခဲ့တဲ့ ဇနီးဟောင်းဒါလိန်းကို သူ့ဆီပြန် လာစေချင်တာပါ။သူ့ရဲ့မဟာဖန်တီးမှုကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးပြီး လိုက်ကူညီပေး နေတာ မက်ဂီလို့ခေါ်တဲ့အပျော်တမ်းဓါတ်ပုံဆရာတစ်ယောက်။ ပြီးတော့ ထရပ်ကားမောင်းဆရာတွေရဲ့ဘဝကိုလည်း စိတ်ဝင်စားတာကြောင့် အင် တာဗျူးတွေလုပ်ပြီး ရပ်ကာနဲ့အတူ မြေပုံပေါ်မှာပုံရိပ်ထင်အောင် ကြိုးစား ပေးနေတဲ့သူပေါ့။ ဒါပေမဲ့ ရပ်ကာက မြေပုံပေါ်က အစက်လေးတွေနေရာ ကို ဘယ်လိုရွေးချယ်ခဲရ့လဲ၊ မက်ဂီကရော သူစိမ်းတစ်ယောက်ရဲ့ဖန်တီးမှုမှာ ဘာလို့ကူညီပေးခဲ့တာလဲ၊ ရပ်ကာရဲ့ဇနီးဟောင်း ဒါလိန်းကရော ဘယ်လောက် ထိ အရေးပါလဲဆိုတဲ့မေးခွန်းတွေအတွက်တော့... ကြာပါတယ်ဗျာ.... ရုပ် ရှင်ကိုဆက်ကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.66 GB) / (712 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator......Jo Jo Va Encoder..........SWM
movie

Rucker the Trucker (2022)

2022
Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020