Channel Myanmar

Corey Padnos

Batman: Gotham Knight (2008) 6.6
Batman: Gotham Knight (2008) Batman Gotham knight ‐----------------------------------- ဒီmovie ဟာ batman animated movie ​တွေထဲက ထူးခြားတဲ့ movieတစ်ခုဖြစ်ပါတယ်။ အပိုင်းငယ် ၆ ပိုင်းပါရှိပြီး animation style ၊ story နဲ့ plot မတူညီကြပါဘူး။ အပိုင်းတစ်ပိုင်းစီက ဆာဘတ်တစ်​ယောက် Gotham ရဲ့ protector အ​နေနဲ့ ဘယ်လို​​လေ့ကျင့်ခဲ့တယ် ဘယ်လို အခက်အခဲ​တွေ ​ကိုရင်ဆိုင်လွှားရတယ်ဆိုတာကို မတူညီတဲ့ animation style​တွေနဲ့ပြသ​ပေးသွားမှာဖြစ်တဲ့အတွက် ရှု့စားကြည့်ကြပါဦးခင်ဗျာ...Batman assault on arkham --------------------------------------- ဒီဇာတ်လမ်းက​တော့ Batman ဆို​ပေမဲ့ suicide squad အဖွဲ့ဝင်​တွေဖြစ်တဲ့ Harley Quinn , Deadshot စတဲ့ Batman villain ​တွေကိုအသား​ပေးပြသထားတာဖြစ်ပါတယ်။ storyက​တော့ Riddler ခိုးယူသွားတဲ့ ပစ္စည်းတစ်ခုကိုပြန်ယူဖို့ Amanda Wallerဟာ Suicide squad ကိုထပ်ဖွဲ့စည်းပြီး စိတ္တဇအကျဥ်း​ထောင် Arkhamကို ဝင်​ဖောက်​စေခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Arkham ​က အဓိက villain ​တွေကို ...
movie

Batman: Gotham Knight (2008)

A Charlie Brown Valentine (2002) 7.1
A Charlie Brown Valentine (2002) A Charlie Brown Valentine (2002) ========================= IMDb Rating - 7.1/10"ကျွန်တော့်ကိုရှိလို့ရှိမှန်းတောင်မသိတဲ့ ကောင်မလေးအတွက် ချောကလက်ဝယ်ချင်လို့ပါ "..... Valentines' Day ကပြီးသွားပြီ ဆိုပေမယ့် Crush ကို Confess မလုပ်လိုက်ရတဲ့လူတွေအတွက် Relatable အဖြစ်ဆုံး ကာတွန်းဇာတ်လမ်းတိုလေးကို CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။Charlie Brown ဆိုတဲ့ ကောင်လေးကတော့ ရိုမန်တစ်ဆန်တာတွေ အပြောကောင်းတာတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုတာတွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ချည်းပဲ ပြည့်နှက်နေပြီး ရှက်တတ်လွန်းအားကြီးလို့ လူတောသိပ်မတိုးပါဘူး။ ဆံပင်နီနီနဲ့ကောင်မလေးတစ်ယောက်ကို ကြိတ်ကြိုက်နေပေမယ့် ဖွင့်ပြောရဲတဲ့သတ္တိမရှိတာကြောင့် အမြဲဝေ့လည် ကြောင်ပတ်နဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။Valentines' Day ဆိုတဲ့ အကြောင်းပြချက်အကြီးကြီးကို အသုံးချပြီး တောင် ဒိတ်ဖို့မပြောရဲသေးတဲ့ Charlie တစ်ယောက် Crush ဘက်က ကိုယ့်ကိုအော်တိုပြန်ကြိုက်လာမလားပဲ စိတ်ကူးယဉ်ရင်း အချိန်တွေသာ ကုန်လာတာပေါ့။ နောက်ဆုံး..... လူကိုယ်တိုင်မပြောရဲတောင် ဖုန်းကနေ တစ်ဆင့်ပြောဖို့ သတ္တိတွေမတရားမွေးပြီး ဖုန်းဆက်လိုက်တဲ့အခါမှာတော့ သူစိုးရိမ်နေသလို တစ်ဖက်ကဖုန်းပြန်ချသွားမှာလား၊ ဖုန်းရော လာကိုင်ပါ့ မလား၊ ကျောင်းကလူတွေအများကြီးထဲကမှ Valentine ကပွဲကို ဘယ်သူ နဲ့သွားလိုက်ရမလဲ ဆိုတာကို ဆယ်ကျော်သက်လေးတွေကြားထဲက ရတာ မလို လိုတာမရတဲ့ Valentines' ...
movie

A Charlie Brown Valentine (2002)

2002
I Want a Dog for Christmas, Charlie Brown (2003) 7.0
I Want a Dog for Christmas, Charlie Brown (2003) I Want a Dog for Christmas, Charlie Brown (2003) ==================================== IMDb Rating - 7.0/10"Peanuts" ဆိုတဲ့ကာတွန်းတွေထဲက ချာလီဘရောင်းဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့အချစ်တော်ခွေးလေးစနူပီဆိုတာကို တော် တော်များများပဲသိကြမှာပါ။ သူတို့နဲ့အတူ သူငယ်ချင်းတွေဖြစ် ကြတဲ့ လူစီတို့၊ လိုင်းနပ်စ်တို့ကိုပါတွဲမြင်ကြတယ်ဟုတ်။ ဒီ "I Want a Dog for Christmas, Charlie Brown" ဆိုတဲ့ဇာတ် လမ်းလေးထဲမှာတော့ လူစီနဲ့လိုင်းနပ်စ်တို့ရဲ့မောင်ငယ်လေးရီရန်းလ်ကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ဇာတ်ကြောင်းအပြင် တခြားရယ်စရာ၊ ကြည်နူးစရာလေးတွေနဲ့ အချစ်တော်ခွေးလေးစနူပီရဲ့မိသားစုအကြောင်းလေးတွေပါ တစ်ပိုင်း တစ်စပါတော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ပုဒ်ဆိုတာ တော့သေချာပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ရီရန်းလ်ဆိုတဲ့ကောင်လေးဟာ တစ်နေ့တစ်နေ့ သူ့အမေစက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီး နေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ဘုဂလန့်အစ်မဖြစ်သူလူစီနဲ့၊ စောင်တကားကားနဲ့အလုပ်ရှုပ်နေတတ်တဲ့အစ်ကိုဖြစ်သူ လိုင်းနပ်စ်တို့ အကြောင်းတွေလိုက်မေးတာပဲခံနေရတာတွေကနေစိတ်ညစ်ငြီးငွေ့နေ ရတာပေါ့။ အဲဒီမှာ ချာလီဘရောင်းနဲ့သူ့ခွေးလေးစနူပီတို့ကိုမြင်တော့ အားကျမိပြီး ရီရန်းလ်တစ်ယောက် သူနဲ့အတူတူဆော့ပေးနိုင်မယ့်ခွေးလေး တစ်ကောင်လိုချင်လာပါတယ်။ ဒီတော့လည်း မကြာခင်ကျရောက်တော့မယ့် ခရစ္စမတ်စ်ပွဲတော်မှာ ဆန်တာကလော့စ်ဘိုးဘိုးကြီးကိုစာရေးပြီးပူဆာဖို့ ကြံမိတယ်ပေါ့။ပြဿနာက သူ့အမေကလည်း ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်ဆိုပြီး ခွေးမွေးခွင့်ကိုဘယ်လိုမှမပြုသလို အစ်မလူစီကလည်း ဆန်တာကလော့စ် ဆိုတာ မိဘဖြစ်သူတွေသဘောမတူတဲ့အရာကိုလာပေးမှာမဟုတ်ဘူးဆိုပြီး ပြောတော့ ရီရန်းလ်လေးမှာစိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း ဆီခဏခဏသွားသွားပြီး စနူပီနဲ့ဆော့ဖို့ခေါ်တာကများများနေတော့ သူ့ကို ရှောင်ချင်နေကြပြန်သေးတယ်။ ...
movie

I Want a Dog for Christmas, Charlie Brown (2003)

2003
Stuart Little 3: Call of the Wild (2005) 5.6
Stuart Little 3: Call of the Wild (2005) Stuart Little 3: Call of the Wild (2005) ============================ ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ကြည့်ရတာပေါ့ပေါ့ပါးပါးရှိပြီး လူတော်တော်များများနဲ့ရင်းနီးပြီးသားဖြစ်တဲ့ ကြွက်ကလေး စတူးဝပ်လစ်တဲလ် ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။၁၉၉၉ ခုနှစ်မှာ Stuart Little -1 ကိုထွက်ရှိခဲ့ရာမှ ပရိတ်သတ်အခိုင်အမာရရှိခဲ့ပြီး နောက် Stuart Little 2 နှင့် 3 ကို အသီးသီးဆက်လက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Stuart Little 3 မှာတော့...ကြွက်ကလေး စတူးဝပ်တို့ မိသားစုဟာ နွေရာသီအား လပ်ရက်မှာ အပန်းဖြေစခန်းတစ်ခုကိုသွားခဲ့ကြပါတယ်။ သဘာဝတရားကြီးကိုချစ် မြတ်နိုးပြီး စွန့်စားခန်းတွေလုပ်ရတာသဘောကျတဲ့ စတူးဝပ် အတွက်တော့ ထိုတော တွင်းစခန်းမှာနေရတာဟာ တကယ့်ကိုကြီးမားတဲ့ ဆုလာဘ်တစ်ခုလိုဖြစ်နေပါတော့တယ်။ မိဘနှစ်ပါးလုံးဆီက ကလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံခံရတာကို သဘောမကျတဲ့ စတူးဝပ်တစ်ယောက် ဒီတောတွင်းခရီးစဉ်ကိုအသုံးချပြီး ဘယ်လိုအပြောင်းအလဲတွေကို ဖန်တီးယူမလဲ... သစ်တောထဲမှာ ဘယ်လိုမျိုးအန္တရာယ်များတဲ့စွန့်စားခန်းတွေကို ကြုံတွေ့ ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ကြပါဦး…(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Thar Htet ဖြစ်ပါတယ်)File Size - (1.23 GB) /(644 MB) / (469 MB) Quality ...
movie

Stuart Little 3: Call of the Wild (2005)

2005