Channel Myanmar

Cooper Thornton

The Ring Two (2005) 5.5
The Ring Two (2005)  ဒီတစ်ခါမှာတော့ The​ Ring ဆိုတဲ့horror ကားကောင်းလေးကိုတင်ဆက်ပေးပါရစေတစ်ချို့သဘာဝလွန်ဖြစ်ရပ်တွေက တကယ်​ရှိတယ်​ မရှိဘူးပြောလို့မရဘဲကိုယ်တိုင်ကြုံတွေ့မှလက်ခံလို့ရတာမျိုးဗျဒီဇာတ်ကားလေးထဲမှာလည်းအဲလိုပဲ ရေချယ်လ်နဲ့သားဖြစ်သူအေဒန်တို့ကြုံတွေ့နေရတဲ့ သဘာဝလွန်ဖြစ်ရပ်က ဘေးလူတွေအတွက်တော့​ မယုံနိုင်စရာရူးကြောင်ကြောင်ပုံပြင်လိုပါပဲရေချယ်လ်ရဲ့သားဖြစ်သူအေဒန်ဟာ​ ဆမာရာဆိုတဲ့သေပြီးသားကလေးမလေးရဲ့ဝိညာဥ်ပူးကပ်ခြင်းကိုခံနေရတာပါဒီလိုမျိုးပူးကပ်ခံရတာမှာအေဒန်ဟာပထမဆုံးကလေးတော့မဟုတ်ပါဘူးရှေ့မှာလည်းအေဒန့်လိုမျိုးပူးကပ်ခံရတဲ့ကလေးတွေရှိပါသေးတယ်ကလေးတွေ​ကိုပူးကပ်တတ်တဲ့ဆမာရာဟာ စိတ်ကျဝေဒနာခံစားနေရတဲ့မိခင်ဖြစ်သူကြောင့် သေဆုံးခဲ့ရတဲ့ကလေးလေးပါမိခင်ကောင်းတစ်ယောက်လိုချင်တဲ့ဆမာရာတစ်ယောက် ဝိညာဉ်​ဘဝနဲ့ကလေးတွေကိုလိုက်ပူးကပ်ရင်းမိခင်ရဖို့ကြိုးစားရင်းနဲ့အေဒန်ဆီကိုပူးကပ်ရာကနေ အေဒန်လေးဟာ လူတစ်ကိုယ်စိတ်နှစ်မျိုးလိုဖြစ်သွားတတ်ပါတယ်ဒီလိုဖြစ်ရပ်ကနေလွတ်မြောက်ချင်လို့ မူလနေထိုင်ရာမြို့ကနေထွက်ပြေးတိမ်းရှောင်လာကြပေမယ့် အေဒန်ဟာ ဆမာရာရဲ့ပူးကပ်မှုကိုမလွတ်မြောက်နိုင်ဘဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ပါ.... File size…2.26GB / 1.12GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 50m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

The Ring Two (2005)

Sully (2016)
Sully (2016)  ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie

Sully (2016)

Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

Gone Girl (2014) 8.1
Gone Girl (2014) IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie

Gone Girl (2014)

4K HEVC
Fracture(2007) 7.2
Fracture(2007) Fracture(2007)**************IMDb...7.2ဆရာကြီးတွေဖြစ်တဲ့ Anthony Hopkins နဲ့Ryan Gosling တို့ အဓိကပါဝင်ထားတဲ့အပြင်ဇာလမ်းကလည်း ရှယ်ကြီးဆိုတော့ကား...ထက်မြက်ထူးချွန်လွန်းတဲ့ လူတစ်ယောက်ဟာရာဇဝတ်သားဖြစ်သွားခဲ့ရင် ဘယ်လောက်အန္တရာယ်များသွားနိုင်မလဲ...လေယာဉ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ တက်ဒ်ခရောဖော့ဆိုတဲ့လူကြီးမှာမိန်းမငယ်ငယ်ချောချောလေးတစ်ယောက်ရှိတယ် သူ့မိန်းမဟာ စုံထောက်တစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလည်းသူသိတယ်... ဒီလိုနဲ့တစ်ညမှာတော့ သူ့မိန်းမကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်... ဒါပေမဲ့ ပေါ်တင်ပဲ "ငါ့မိန်းမကို ငါပစ်သတ်လိုက်ပြီ သက်သေပြနိုင်ရင်ပြကြ" တဲ့....တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးရှေ့နေအဖွဲ့ဆီရောက်နေတဲ့ဝီလီယမ်ဆိုတဲ့ရှေ့နေတစ်ယောက်ရှိတယ် ဒီရှေ့နေလေးကပဲ ဉာဏ်ကြီးရှင်ရာဇဝတ်သားကြီးနဲ့ တရားခွင်မှာသွားရင်ဆိုင်မိတဲ့အခါမှာတော့...     File Size :(1.9GB) (638 MB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae  
movie

Fracture(2007)

Flightplan
Flightplan ဒီရုပ်ရှင်က Psychological Thriller အမျိုးအစားပါ၊ အတူလိုက်ကြည့်ရင်း ခေါင်းစားလိုက် ရင်ခုန်လိုက်ပေါ့။မိခင်တစ်ယောက်ဆိုတာ သွားရှုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်လေးပေးချင်တဲ့ ကားကောင်းလေးတစ်ကားလာပါပြီပရတ်ဆိုတဲ့ အမျိုးသမီးဟာ ယောကျ်ားဆုံးသွားလို့ သမီးလေးနဲ့အတူ အမေရိကန်က လောင်းအိုက်လန် ကိုပြန်ပြီးသဂြိုလ်ဖို့အတွက် ဘာလင်ကနေထွက်လာတာပါ သူကလေကြောင်းအင်ဂျင်နီယာဆိုတော့ သူစီးမယ့်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သေသေချာချာသိတဲ့ သူတစ်ယောက်ပေါ့အဲဒီလိုနဲ့ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ သူ့သမီးလေးက လေယာဉ်ပေါ်မှာပျောက်သွားခဲ့တာပါ ထူးထူးဆန်းဆန်းကိစ္စဆိုတော့ သူများတွေကလည်း သိပ်မယုံကြဘူးပေါ့ လေယာဉ်မှူးကိုယ်တိုင်က မယုံချင်ချင်နဲ့ ရှာပေးရှာတော့တာပါပဲ အဲဒီမှာ သူ့ကိုစိတ်ကယောင်ကတမ်းဖြစ်တယ်ဆိုပြီး လေကြောင်းရဲက ထိန်းသိမ်းထားရပါတော့တယ် တကယ်တော့ သူက တကယ်ပဲစိတ်ရောဂါဖြစ်နေတာလား သူ့သမီးလေးကရော တကယ်ပါလာရဲ့လား လေယာဉ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်လှုပ်တရှားနဲ့ကြည့်လို့ကောင်းတဲ့ ကားဟောင်းလေးတစ်ကားပါပဲFile size…(1.54GB)/(719MB)/(524.78MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller/Mystery/drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield
movie

Flightplan

Changeling (2008) 7.7
Changeling (2008) Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ​ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်​ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။​အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှု​တွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်​ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie

Changeling (2008)

2008
I Am Number Four (2011) 6.1
I Am Number Four (2011) ဒီဇာတ်ကားက Pittacus Lore ရေးတဲ့ ဝတ္ထုအတွဲတွေထဲကပထမဆုံး စာအုပ်ကို ဇာတ်ညွှန်းပြုပြီး ရိုက်ထားတာပါ ။တခြားစာအုပ်တွေဖြစ်တဲ့ "The Power of Six," "The Rise of Nine," "The Fall of Five,""The Revenge of Seven" နဲ့ "The Fate of Ten." စာအုပ်တွေကျန်ပါသေးတယ် ။ရုပ်ရှင်ထပ်ရိုက်မရိုက်တော့ မပြောတက်ဘူး ။ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာမြေမှာ လာရောက်နေထိုင်နေတဲ့ ဂြိုလ်သား ၉ ယောက်နဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ ကိုလိုက်ရှင်းနေတဲ့ Mogadorian တွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ ။ကလေးတွေဟာ သူတို့ကိုယ် သူတို့ ဂြိုလ်သားဖြစ်တယ် ၊စွမ်းအားရှိတယ်ဆိုတာ မသိရပါဘူး ။အရွယ်ရောက်လာရင် သူ့အလိုလို စွမ်းအားတွေ ထွက်ပေါ်လာတတ်တယ် ။အဲဒိလို ထွက်ပေါ်လာတဲ့ စွမ်းအားတွေကြောင့် Mogadorian တွေကိုသူတို့ဘယ်မှာရှိတယ်ဆိုတာ ပြသမိသလို ဖြစ်ဖြစ်သွားပါတယ် ။.Mogadorian ...
movie

I Am Number Four (2011)

2011