Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Conrad Ricamora
6.3
The Light of the Moon (2017)
IMDb 6.3/10The light of the Moon (2017) ဟာ ဘွန်နီဆိုတဲ့အမျိုးသမီးတစ််ယောက် လိင်ပိုင်းဆိုင်ရာစော်ကားမှုအပြီးမှာ စိတ်ဒဏ်ရာများနှင့် တစ်ခြားသော ရှုပ်ထွေးမှုများကို သိမ်မွေ့စွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါရိုက်တာ Jessica M. Thompson ရိုက်ကူးထားပြီး ဆိုးရွားသောအတွေ့အကြုံရဲ့ နောက်ကွယ်ကအဖြစ်တွေကို Stephanie Beatriz က သဘာဝကျကျသရုပ်ဆောင်ထားပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မတ်ထ်နဲ့ ဘွန်နီဆိုတဲ့ ချစ်သူလေး ၂ယောက်ရှိပါတယ်။ မတ်ထ်ကတော့ အလုပ်ထဲနှစ်နေလေ့ရှိပြီး အိမ်ပြန်နောက်ကျတာတွေ ချစ်သူကိုအမြဲလိုလို အချိန်မပေးနိုင် ဖြစ်နေလေ့ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ချစ်သူ၂ယောက် အမြဲပြောနေကြရတာပေါ့။ဘွန်နီတစ်ယောက်ကတော့ အလုပ်နဲ့အိမ်က သိပ်မဝေးတာကြောင့် ညတိုင်းလိုလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘွန်နီတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး သူတို့ချစ်သူ၂ယောက်အကြားအလှည့်အပြောင်းတစ်ခု ဖြစ်လာပါတော့တယ်။အဲ့ကိစ္စဖြစ်အပြီးမှာ သူတို့ချစ်သူ၂ကြားက ကတောက်ကဆတွေ ချစ်ခြင်းမေတ္တာနားလည်ပေးနိုင်မှုတွေ သည်းခံခွင့်လွှတ်ပေးနိုင်မှုတွေနဲ့အတူ မတော်မတရားပြုကျင့်ခံရတဲ့ မိန်းမသားတို့အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာ ဒုက္ခပင်လယ်ဝေပုံကို ကရုဏာသက်ရင်းကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။File size… 1.2 GB / 549 MB Quality… ...
movie
The Light of the Moon (2017)
6.6
Talladega Nights: The Ballad of Ricky Bobby (2006)
အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie
Talladega Nights: The Ballad of Ricky Bobby (2006)
6.8
Fire Island (2022)
Fire Island (2022)" ဥစ္စာပေါ ရုပ်ချော အမျိုးသားတစ်ဦးဟာ သူ့အတွက် အမျိုးသမီး အဖော်မွန်တစ်ယောက် လိုကို လိုအပ်တယ်လို့ အကြွင်းမဲ့ ယုံကြသတဲ့ "အဲဒါ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ Jane Austen ပြောတာ။ စိတ်တော့မကောင်းပေမယ့် Jane ရဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ စာသားက ဒီခေတ်ကြီးထဲမှာ အလုပ်မဖြစ်တော့ဘူးဗျ။ ဘာလို့လဲဆိုတော့ ယောင်္ကျားတိုင်းက မိန်းမ လိုချင်နေတာ မဟုတ်ဘူးလေ။ဒီဇာတ်လမ်းထဲက ကာရိုက်တာတွေက သက်သေပဲ။ နိုရာ၊ ဟောင်ဝီ၊ မက်ဇ်၊ ကီကန် နဲ့ လုခ်တို့က ကောလိပ်ကတည်းက ပေါင်းသင်းခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ တိတိကျကျ ခေါင်းစဉ်တပ်ပေးရရင် အဆင်ကြိုက်တဲ့ အပွင့်တစ်လိုင်းး ဂေးအုပ်စုပေါ့။သူတို့မှာ tradition လေးတစ်ခုရှိသဗျ။ အဲဒါကတော့ ဘယ်လောက်ပဲ ဝေးကွာနေကြပါစေ နှစ်စဉ် အပန်းဖြေခရီးအဖြစ် အုပ်စုလိုက် ဂေး Disney World လို့ တင်စားရလောက်တဲ့ ဖိုင်းယားကျွန်းကို တစ်ပတ်တိတိ အလည်သွား အဆင်စားကြတာပဲ။ ဖိုင်းယားကျွန်းမှာ ကြိုက်တဲ့သူနဲ့ ကြိုက်သလို ပလူး ...
movie
Fire Island (2022)
2022
7.0
Over the Moon (2020)
Over the Moon (2020)=================IMDb Rating - 7.0/10#Unicodeတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) #Zawgyiတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ...
movie
Over the Moon (2020)
2020