Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Connie Ray
About Schmidt (2024)
IMDb Rating – 7.2/10, RT – 85%ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ ...
movie
About Schmidt (2024)
6.0
The Time Machine (2002)
The Time Machine (2002) IMDb Rating (6.0)အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့... ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သုတေသနတွေ နဲ့ ပျော်မွေ့နေတတ်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
movie
The Time Machine (2002)
2002
6.8
Worth (2020)
Worth (2020)~ IMDb - 6.8/10, Rotten Tomatoes - 82% ~အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးတိုက်ခိုက်ခံရမှု 9/11 ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး Michael Keaton, Amy Ryan နဲ့ Stanley Tucci တို့လို အကျော်အမော်တွေနဲ့ Netflix ကနေ ရိုက်ထားတဲ့ ကားကောင်းတစ်ကားပါ။~ ဇာတ်လမ်းအကျဉ်း ~ကန်တစ်ယောက် နိုင်ငံရဲ့ ထိပ်သီး ဥပဒေလုပ်ငန်းတစ်ခုကို ဦးဆောင်နေရင်း တစ်နေ့ 9/11 ဖြစ်စဥ်ကြောင့် လူအမြောက်အများသေဆုံးမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ အစိုးရက နစ်နာသူတွေ လေကြောင်းလိုင်းတွေကို တရားမစွဲရေး လုပ်ဆောင်ဖို့ လျော်ကြေးကိစ္စတစ်ခုနဲ့ ဖြေရှင်းဖို့စဥ်းစားမိရင်း အဲဒီအကြံကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဖို့ ကန်တစ်ယောက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။လူတစ်ယောက်ရဲ့ အသက်တန်ဖိုးကိုငွေပမာဏဘယ်လောက်ဆိုပြီး နှိုင်းယှဥ်ပြီး ကန်က ဖော်မြူလာထုတ်ပြလိုက်တဲ့အခါ နစ်နာသူအများစုက မနှစ်မြို့ကြပါဘူး။တစ်ဖက်မှာလည်း ကန်တို့အဖွဲ့မှားယွင်းနေတာတွေကို ထောက်ပြဖို့ ချားစ်ဦးဆောင်တဲ့ အဖွဲ့ပေါ်ပေါက်လာပြီး ...
movie
Worth (2020)
2020
6.2
Idle Hands (1999)
Idle Hands (1999)1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစားပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်...ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ဒီလိုနဲ့ ...
movie
Idle Hands (1999)
1999
5.9
Stuart Little (1999)
Stuart Little (1999)Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ်လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော...အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော်ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော်ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ ...
movie
Stuart Little (1999)
7.6
Thank You for Smoking (2005)
Rotten Romatoes - 86%ဆေးလိပ်သောက်တာ မကောင်းဘူး။ ဆေးလိပ်သောက်တတ်သူတွေ အတော်များများနားခါးကြမယ့်စကားပါ။ အဲဒါကိုဘယ်သူပြောတာလဲ။ အဲဒါကယုံကြည်ရတဲ့နေရာကအချက်အလက်လား။ သောက်ဖူးလား။ တကယ်သောက်တဲ့သူတွေအဲလိုဖြစ်တာမြင်ဖူးလား စတဲ့ အချက်အလက်တွေနဲ့ ပြန်ပြီးဘလိုင်းကြီးဆေးလိပ်သောက်တာ မကောင်းဘူးပြောတဲ့သူကို ပြန်ရှင်းခိုင်းလိုက်ပါ။လေ့လာချက်တစ်ခုအရ စာသားတစ်ခုရဲ့အရှေ့မှာ လေ့လာချက်တစ်ခုအရ ဒါမှမဟုတ်သိပ္ပံနည်းကျပြောပြချက်အရ ဆိုတာကို တပ်ပြီးပြောရင် ပိုပြီးယုံချင်တတ်ကြပါတယ်တဲ့။ဒီဇာတ်ကားမှာကလည်း အဓိကဇာတ်ဆောင်က သိပ္ပံနည်းကျအချက်အလက်တွေကိုသုံးပြီး ဆေးလိပ်ဘက်ကနေ ပြန်လည်တိုက်ခိုက်သွားတာကို မြင်တွေ့ရမှာပါ။အမှန်တရားဆိုတာ ကိုယ်မြင်တဲ့အမြင်ပေါ်မူတည်တယ်ဆိုတဲ့ အချက်ကိုသုံးပြီးနေရာပြောင်းပြသွားတာတွေက အရမ်းကို လှပါတယ်။လူတော်တော်များများက အရမ်းအန္တရာယ်များပါတယ်ဆိုတဲ့ ဆေးလိပ်ကို ပညာသားပါပါနဲ့နေ့စဉ်သုံးပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ချင်စိတ်ပေါက်သွားနိုင်အောင် စကားလုံးတွေကအရမ်းလန်းပါတယ်။IMDB Rating 7.6 ထိရရရှိထားပြီး Satire,Comedy အမျိုးအစား ဇာတ်ကားတစ်ကားပါ။ဟားနေရင်း တွေးချင်ရင်တော့ ကြည့်လိုက်ကြပါဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 350 MB) and ( 850 MB) Quality__BR-Rip 720p IMDb Rating__7.6/10 Format__mp4 Duration__01:32:07 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by ...
movie
Thank You for Smoking (2005)
2005