Channel Myanmar

Conner O'Malley

I Saw the TV Glow (2024) 6.0
I Saw the TV Glow (2024)   ဒီကားကတော့ A24 production က ထုတ်ထားတဲ့ Horror/Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Horror ကားဆိုပေမယ့် လူတွေကို အတင်းဖြဲခြောက်တဲ့ကားတွေထဲမှာတော့ မပါပါဘူး။ သေချာတာကတော့ ဒီဇာတ်ကားကြည့်ရတာ တော်တော်လေး Trippy ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သုံးထားတဲ့ အရောင်တွေ ရိုက်ချက်တွေကတော့ ကြည့်လို့လှပြီး တစ်မူထူးခြားပါတယ်။အိုဝန် ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ကျောင်းမှာ တစ်နေ့ မက်ဒီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ မက်ဒီဟာ အိုဝန်ကို သူကြည့်နေကြ ဇာတ်လမ်းတွဲတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲလာတဲ့အချိန်ဟာ အိုဝန်ရဲ့ အိပ်ယာဝင်ချိန်ထက်နောက်ကျတဲ့ အတွက် သူ့ရဲ့ မိဘတွေက ပေးမကြည့်ခဲ့ပါဘူး။ အဲဒါကြောင့် မက်ဒီဟာ ဇာတ်လမ်းကို တိပ်ခွေထဲသွင်းပြီး အိုဝန်ကို ပေးကြည့်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ရင်းနှီးလာပြီး နှစ်တွေကြာလာတော့ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ထူးဆန်းတာတွေ ဖြစ်လာတဲ့အခါ... File size…(1.8 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, ...
movie

I Saw the TV Glow (2024)

Bodies Bodies Bodies (2022) 6.8
Bodies Bodies Bodies (2022) Bodies Bodies Bodies (2022) ====================IMDb Rating - 6.8/10ဟာသ၊ ဟော်ရာ၊ သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်ပါ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပါတယ်။ လှည့်ကွက်တွေပါပါတယ်။ ရယ်ရမလို ငိုရမလိုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးဟော်ရာကားတွေလိုပါပဲ။ သူဌေးသားသမီး သူငယ်ချင်းတစ်အုပ်စုဟာ လူသူမနီးတဲ့ စံအိမ်ကြီးတစ်ခုထဲမှာ ပါတီလုပ်ကြ ပါတယ်။ သူတို့အားလုံးမှာတော့ ထုံးစံအတိုင်း နောက်ကြောင်းရာဇဝင်ကိုယ်စီနဲ့ပေါ့။ပါတီလုပ်ကြ ကဲကြရင်းနဲ့ ဆော့နေကျ ဂိမ်းတစ်ခုကို သူတို့ စပြီးကစားကြပါတယ်။ အဲဒီဂိမ်းကတော့ Bodies Bodies Bodies ဆိုတဲ့ဂိမ်းပါပဲ။ မဲနှိုက်ပြီးတော့ မဲပေါက်တဲ့လူက လူသတ်သမားလုပ်ရတယ်။ မီးခဏပိတ်တဲ့အချိန်မှာ တစ်ယောက် ယောက်ရဲ့ ကျောကိုထိလိုက်ရင် အဲဒီလူက သေချင်ယောင်ဆောင်ပေးရတယ်။ ပြီးရင် အဲဒီအလောင်းကိုစတွေ့တဲ့သူက Bodies Bodies Bodies အလောင်းတွေ့တယ် ဆိုပြီး အော်ရပါတယ်။ ဒီတော့မှာ လူတွေပြန်စုပြီး လူသတ်သမားက ဘယ်သူလဲဆိုတာ မေးခွန်းတွေနဲ့အဖြေရှာရတဲ့ဂိမ်းပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ မုန်တိုင်းကျလာပြီး မိုးတွေသည်း မီးတွေတကယ်ပျက်သွားပါတယ်။ နောက်တော့ သူတို့ အလောင်းအစစ်တစ်ခုကိုစတွေ့ လိုက်ရပြီး လူသတ်တရားခံကိုရှာရင်းနဲ့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးလာရတဲ့အခါ . ...
movie

Bodies Bodies Bodies (2022)

2022
Palm Springs (2020) 7.4
Palm Springs (2020) Palm Springs (2020)=================IMDb Rating - 7.4/10အကယ်၍ ကျွန်တော်တို့သာ ဒီနေ့ကိုပဲနေ့တိုင်းဖြတ်သန်းရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းနေကြမလဲ။မနက်အိပ်ယာကနိုးလာတိုင်း ဒီနေ့ပဲဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ဒီဇာတ်ကားလေးထဲမှာတော့ နိုင်းလ်စ်ဟာ အချိန်ပတ်လမ်းကြောင်းတစ်ခုမှာပိတ်မိနေပြီး တစ်နေ့တည်းကိုပဲနေ့စဉ်ဖြတ်သန်းနေရပါတယ်။ တစ်နေ့တော့ ဆာရာဆိုတဲ့ ကောင်မလေးကိုမထင်မှတ်ပဲ ဆွဲထည့်မိလိုက်တဲ့အခါကျတော့ သူရဲ့ တစ်နေ့တာ ဖြတ်သန်းမှုမှာ ဆာရာပါ ပါဝင်လာပြီး နှစ်ယောက်အတူတူအလွဲပေါင်းစုံနဲ့တစ်နေ့တာကိုပဲနေ့တိုင်းဖြတ်သန်းနေရတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက အချစ်ဟာသဇာတ်ကားလေးဖြစ်လို့ပေါ့ပေါ့ပါးပါးဖြစ်ပြီ….. ဖောင်းဒိုင်းရှူးရှဲချင်ယောင်ဆောင်ထားတဲ့ အခန်းလေးတွေတော့ပါတာမလို့ သတိပြုကြည့်ရှူကြပါလို့တော့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အချစ်တော် စူပါမန်း မင်းသား ကလပ် (Tyler Hoechlin)လည်း ဇာတ်ဝင်ခန်းတစ်ချို့မှာ ပါဝင်ထားတယ်ဆိုတာလည်း ထပ်လောင်းပြောပါရစေ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။)  Quality – 1080p, 720p WebRip 5.1CHDuration - 1h 30minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, ...
movie

Palm Springs (2020)

2020