Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Conchata Ferrell
7.9
True Romance (1993)
True Romance (1993)~ IMDb - 7.9/10, Rotten Tomatoes - 93% ~True Romance ဆိုတာက Boomers တို့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင် ဒရာမာ အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ မင်းသား Christian Slater နဲ့ Beyond Rangoon လိုကားနဲ့ မြန်မာပရိသတ်တွေ သိကြလောက်မယ့် မင်းသမီး Patricia Arquette တို့ ပါဝင်ထားတာဖြစ်ပြီး ယနေ့ခေတ်ရဲ့ ဝါရင့်ဂန္ထဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Val Kilmer, Brad Pitt, Samuel L. Jackson, Gary Oldman နဲ့ Christopher Walken တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားပေးပါတယ်။ ၁၉၈၆ ထွက် Tom Cruise ရဲ့ ပထမဆုံး ...
movie
True Romance (1993)
1993
6.8
Freeway(1996)
Freeway(1996) =============ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇလူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိတော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲအမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူကဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျသွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာအဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေးလမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာသတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်းစိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Freeway(1996)
6.8
Heaven and Earth (1993)
Heaven and Earth (1993)အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War ...
movie
Heaven and Earth (1993)
1993
6.9
Frankenweenie (2012)
Frankenweenie (2012)~ IMDb - 6.9/10, Rotten Tomatoes - 87% ~ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်းအကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာပေါ့။ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ...
movie
Frankenweenie (2012)
2012
7.4
K-PAX(2001)
K-PAX(2001)အညွှန်း******************Kevin Spacey ရဲ့ အလန်းများစွာထဲက တစ်ကားဖြစ်ပါတယ်..သူ့ကိုယ်သူ လိုင်ရာကြယ်စင်စုအတွင်းက K-PAXဆိုတဲ့ ဂြိုလ်တစ်လုံးကနေအလင်းခရီးသွားပြီး ကမ္ဘာမြေကိုရောက်လာသူတစ်ယောက်အဖြစ်အခိုင်အမာပြောဆိုနေတဲ့သူတစ်ယောက် စိတ်ရောဂါကုဆေးရုံကိုရောက်ရှိလာပါတယ်....သူဟာတခြားလူနာတွေနဲ့မတူပဲ အမူအကျင့်တွေက ထူးဆန်းနေတာကြောင့်စိတ်ရောဂါကုဆရာဝန် မာခ့်ပိုဝဲလ်လည်း လူနာကို အရမ်းစိတ်ဝင်စားသွားပါတော့တယ်... K-PAXကနေလာတယ်ဆိုတဲ့သူဟာ သူ့ရဲ့အကြောင်းပြချက်တွေသိပ္ပံနည်းကျအချက်အလက်တွေ ဘဝဇာတ်လမ်းတည်ဆောက်ပုံတွေကသံသယရှိစရာကောင်းပေမယ့် ယုံကြည်စရာလဲကောင်းနေပြန်တော့ဒီလူဟာတကယ်ပဲ တခြားဂြိုလ်ကလာတဲ့သူလားစိတ်ဝေဒနာရှင်တစ်ယောက်လာဆိုတာ ဖော်ထုတ်ဖို့ဖြစ်လာပါတယ်။ File Size :(2.3GB)(796MB) and (292MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Drama , Sci-FI Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae
movie
K-PAX(2001)
7.0
Mr. Deeds(2002)
Mr. Deeds(2002) အညွှန်း*********************Adam Sandler ဆိုတာ အခြားမင်းသားတွေလို ရူပါ မဖြူးသလိုစွဲမက်ဖွယ် ခပ်ဖြောင့်ဖြောင့် body ရှိသူလည်းမဟုတ်ပါဘူး...သို့ပေမဲ့သူရိုက်တဲ့ romance ,drama တွေဟာ ကျွန်တော်တို့ ရင်ထဲကိုအမျိုးမျိုးသော ရသတွေရောက်ရှိအောင် ပို့ဆောင်နိုင်သူပါ...ဒီဇာတ်ကားလေးဟာ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး အားလုံးသိတဲ့မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Winona Ryder တို့အပြင် အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဘလိတ်မီဒီယာရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူပရက်စတန်ဘလိတ်ရဲ့သေဆုံးမှုကြောင့် သူ့ရဲ့ကျန်ရှိတဲ့ အမွေပစ္စည်းတွေနဲ့ရှယ်ယာတွေကိုဆက်ခံမယ့်သူလိုက်ရှာရာမှာ လူမသိသူမသိမြို့လေးတစ်ခုမှာနေထိုင်နေတဲ့ ဘလိတ်ရဲ့တူ လောင်းဖဲလိုးဒိစ် (Adam Sandler)ကို သွားတွေ့ပါတော့တယ်။ဒီတော့ ဒိစ်ဟာစာရွက်စာတမ်းကိစ္စတွေနဲ့ နယူးယောက်မြို့ကိုလိုက်လာရင်း ရိုးအေးပြီးကူညီချင်စိတ်အပြည့်ရှိတဲ့ဒိစ်ဟာမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ပန်ဒေါ်ဆန်(Winona Ryder) နဲ့တွေ့ဆုံပြီးဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာကိုတော့... File Size : (3.5GB )(995 MB) and (465 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Comedy ,Romance Subtitle : Myanmar Subtitle (Hard ...
movie
Mr. Deeds(2002)
7.4
Erin Brockovich(2000)
Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်းဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie
Erin Brockovich(2000)
7.9
Edward Scissorhands (1990)
Edward Scissorhands (1990) IMDb - 7.9/10_____Rotten - 90% ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် ...
movie
Edward Scissorhands (1990)
1990
6.1
Krampus (2015)
Krampus (2015) IMDb – 6.1/10_____Rotten – 66% ခရစ္စမတ်နေ့အတွက် ဟော်ရာကားလေးပါ။ ခရစ္စမတ်နေ့မှာ ပျော်ရွှင်နေကြတဲ့သူတွေဟာ ဆန်တာကလော့စ်ကို မျှော်နေကြတယ်ဆိုရင် ခရစ္စမတ်နေ့မှာ စိတ်ပျက်ဒေါသထွက်နေတဲ့သူတွေအတွက် ဘယ်သူများ အလည်ရောက်လာမလဲ..... အနားယူရင်ကြောက်နိုင်ကြပါစေဗျာ။ Krampus ကားတွေများပေမယ့် အခြားကားတွေက rating နည်းလို့ ဒီ 6.1 ရထားတဲ့ ၂၀၁၅ ထွက်ကားကိုပဲ ရွေးချယ်တင်ပေးလိုက်ပါတယ်။ File Size : 700 MB Format : mp4 Duration : 1: 38: 00 Quality : Bluray rip 720p Translator : Bo Phway Encoder : Littleneo
movie
Krampus (2015)
2015
2.4
Krampus: The Reckoning (2015)
Krampus: The Reckoning (2015)_____IMDb - 2.4/10 Krampus ရဲ့ အကြောင်းပြောရမယ်ဆိုရင်တော့ အများစုကယုံကြည်ကြတဲ့ krampus ဟာ ရှေးဟောင်းမိစ္ဆာတစ်ကောင်ဖြစ်ပြီး ခရစ်စမတ်ချိန်ခါမှာ ပွဲတော်ကျင်းပလိုစိတ်မရှိတဲ့ လူ သို့မဟုတ် မိသားစုတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ စိတ်ဝမ်းကွဲကာအချင်းချင်းသတ်ဖြတ်ချင်စိတ်ပေါ်အောင်သွေးထိုးပေးသူလည်းဖြစ်တယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဇိုဝီဆိုတဲ့ ထူးဆန်းတဲ့ကလေးမလေးမှာ krampus ဆိုတဲ့စိတ်ကူးယဉ်မိတ်ဆွေတစ်ယောက်ရှိတယ် Krampus ဆိုတာကြင်နာတတ်တဲ့ st nicholas ရဲ့ အမှောင်ခြမ်းသို့မဟုတ် မိစ္ဆာစိတ်ဖြစ်တယ် ခရစ်စမတ်အချိန်ခါမှာ krampus ဟာလွတ်မြောက်လာပြီးတော့ မြို့ငယ်လေးထဲမှာရှိတဲ့ရိုင်းစိုင်းသူအချို့ကိုပြစ်ဒဏ်ပေးလေ့ရှိတယ် Krampus ရဲ့ပြစ်ဒဏ်ပေးမှုကနေဘယ်သူမှမလွတ်မြောက်နိုင်တဲ့အပြင်သူ့ရဲ့ နှိပ်စက်မှုကိုလည်းခံရပြီး ငရဲရဲ့အနက်ရှိုင်းဆုံးနေရာကိုပါခေါ်ဆောင်သွားခြင်းကိုခံကြရတယ် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကား ဆက်လက်ကြည့်ရှုကြပါအုံး ဇာတ်လမ်းအညွှန်းရေးသူကတော့ "Moe Oo Mann" ပဲဖြစ်ပါတယ် File Size : 700 MB Quality : HD 720P Format : mp4 Subtitle : Myanmar Subtitle(Hardsub) Duration : 01:30:00 Encoder ...
movie
Krampus: The Reckoning (2015)
2015