Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Colm Meaney
Duchess (2024)
ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe
movie
Duchess (2024)
Three Day Millionaire (2022)
ဂရင်းစဘီက ငါးဖမ်းသမား နဲ့ ဝန်ထမ်းအမျိုးသမီးတွေဟာ သူတို့ရထားတဲ့ လခတွေကို သုံးရက်တာ သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ရဖို့အတွက်လေးနဲ့ ဟော့ဟော့ရမ်းရမ်းသုံးမိလိုက်တဲ့အချိန် သူတို့နောက်ထပ် သင်္ဘောမတက်ရတော့ဘူးဆိုတာ သိလိုက်ရပါတယ်။ပိုက်ဆံလည်းပျက် မျှော်လင့်ချက်ကလည်း အင်မတန်နဲပါးလာတဲ့အခါမှာတော့ အကြီးမားဆုံး လုယက်မှုကြီးကျူးလွန်းဖို့ကြိုးစားကြပါတော့တယ် ဒါပေမဲ့ ဆိပ်ကမ်းကိုလည်း မပျက်စီးအောင်ထိန်းသိမ်းရမယ်ဆိုတော့ ဘယ်လိုများ စခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးလို့ File size…(1.3 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Boomer
movie
Three Day Millionaire (2022)
No Way Up (2024)
No Way Up (2024)လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Action, Horror, Thriller Quality…. 1080p | 720p File size… 1.3GB | 631MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
No Way Up (2024)
2024
5.8
Free Birds (2013)
နှစ်တစ်နှစ်မှာရှိတဲ့ ပွဲတော်နေ့တွေရဲ့ နာမည်တွေသာကွဲပြားသွားမယ်။တူညီတဲ့အရာတစ်ခုကတော့ စားသောက်ပွဲပါပဲ။ပွဲတော်တစ်ခုမှာ သူနဲ့သက်ဆိုင်တဲ့အစားအသောက်တစ်ခုကတော့ မပါမဖြစ်ပေါ့။အချိန်တွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ...ပွဲတော်စားစရာဆိုတာ အရင်ကတည်းကရှိသလိုအခုလည်းရှိနေပြီး နောင်လည်းရှိနေဦးမှာပါပဲ။ဥပမာပြောရရင် ကျေးဇူးတော်နေ့အတွက်မပါမဖြစ် ကြက်ဆင်သားပေါ့... အဲ့ဒါကြောင့် ကျေးဇူးတော်နေ့ရောက်ခါနီးတိုင်းကြက်ဆင်တွေမျက်ခုံးလှုပ်ရပါတယ်။ကြက်ဆင်နိဗ္ဗာန်ဘုံဆီ ဘယ်သူ့ကိုခေါ်သွားမလဲပေါ့။အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရက်ဂျီ ပေါ့။သူက ကြက်ဆင်အုပ်စုကြီးအစားခံရမှာကိုတွေးပူနေပြီးတော့ ထွက်ပြေးဖို့အမြဲတမ်းစည်းရုံးနေခဲ့တာပါ။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲအတွက် ကြက်ဆင်ဖမ်းကြတော့သူစိတ်ပူပေးနေတဲ့ ကြက်ဆင်အုပ်စုကြီးက ရယ်ဂျီ ကိုစတေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းချင်တော့လည်း ရယ်ဂျီ ကို သတ်ဖို့မဟုတ်ဘဲဘေးမဲ့ပေးတဲ့ပွဲ ဖြစ်တာကြောင့်သမ္မတစခန်းကကြက်ဆင်ဖြစ်သွားပါတော့တယ်။ ရယ်ဂျီခဗျာ.. သမ္မတရွေးထားတဲ့ကြက်ဆင်ဆိုတော့ကုသိုလ်ကံတွေကောင်းပြီး ဇိမ်ကျနေတဲ့အချိန်...ဂျိတ်ဆိုတဲ့ နောက်ထပ်ကြက်ဆင်တစ်ကောင်ကကျေးဇူးတော်နေ့ရဲ့ အစားအသောက်စာရင်းမှာကြက်ဆင်သားမပါအောင် မစ်ရှင်လုပ်ရမယ်ဆိုပြီးရောက်ချလာတဲ့အခါ... ရက်ဂျီနဲ့ဂျိတ်တို့ ဘယ်လိုတွေလွဲမလဲ? ဘယ်လိုတွေ သောင်းကျန်းမလဲဆိုတာတွေကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်.... File size… 1.8 GB / 900MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Action , Comedy , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Free Birds (2013)
2013
7.2
Die Hard 2 (1990)
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Die Hard 2 (1990)
1990
4K HEVC
6.4
In the Land of Saints and Sinners (2023)
အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။သမိုင်းအကျဉ်းအိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ ...
movie
In the Land of Saints and Sinners (2023)
6.3
Get Him to the Greek (2010)
2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Get Him to the Greek (2010)
5.4
Bel Ami (2012)
Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်တလောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie
Bel Ami (2012)
2012
6.6
The Englishman Who Went Up a Hill But Came Down a Mountain (1995)
ဒီတစ်ခေါက်မှာတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Drama အမျိုးအစား ချစ်စဖွယ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Comedy ဆိုလည်း comedy၊ Drama ဆိုလည်း drama ပိုင်နိုင်လှတဲ့ မင်းသားကြီး Hugh Grant (Notting Hill/ Two Weeks Notice)၊ အိုင်းရစ် မင်းသားကြီး Colm Meaney (Intermission/The Journey)နဲ့ မင်းသမီးကြီး Tara Fitzgerald (Sirens - 1994/ The Woman in White)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ဒါရိုက်တာ Christopher Mongerရဲ့ အဘိုးဖြစ်သူပြောပြတဲ့၊ တကယ်ရှိခဲ့တဲ့ရွာလေးရဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးဟာဆိုရင်တော့ သဘာဝကျတဲ့ ဟာသတွေ၊ သရုပ်ဆောင်မှုတွေနဲ့ တစ်ချက်တစ်ချက်မှ အရွှန်းထထဖောက်တာမို့ မထင်မှတ်တဲ့ ဟာသလေးတွေနဲ့ ရယ်မောစေမိမှာ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်း ၁၉၁၇ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်းတုန်းက အင်္ဂလိပ်လူမျိုးနှစ်ယောက်ဖြစ်တဲ့ ဂျော့ချ်ဂါရတ်နဲ့ သူ့လက်ထောက် အန်ဆန်တို့နှစ်ယောက်ဟာ မြေပုံရေးဆွဲသူတွေအဖြစ်နဲ့ ဝယ်ရှ်လူမျိုးတွေရဲ့ရွာလေးကို ရောက်လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ တစ်လုံးတည်းသော တောင်ဖြစ်တဲ့ ဖနွန်ဂါရူရဲ့ အမြင့်ကို တိုင်းတာပြီး တောင်တစ်လုံးအဖြစ် ဘုရင်ကြီးရဲ့မြေပုံမှာထည့်သွင်းဖို့ပါပဲ။ သူတို့ရဲ့စံချိန်စံညွှန်းတွေအရ ...
movie
The Englishman Who Went Up a Hill But Came Down a Mountain (1995)
5
Unwelcome (2023)
Unwelcome (2023)Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle ...
movie
Unwelcome (2023)
2023
Marlowe (2022)
Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆိုတော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie
Marlowe (2022)
2022
6.3
Five Fingers (2006)
Five Fingers (2006) ============== IMDb Rating - 6.3/10စားနပ်ရိက္ခာအစီအစဉ်တစ်ခုကို အစပြုဖို့ဆိုပြီး မာတင်တစ်ယောက် ရစ်တောင်တန်းဆီကို ဂါဗင်ဆိုတဲ့ဧည့်လမ်းညွှန်အကူအညီနဲ့ သွားမှာပါ။ ဒါပေမဲ့ ကားပေါ်ပဲတက်ရသေးတယ်.. နှစ်ယောက်လုံးကို ဖမ်းခေါ်သွား ပါလေရောဗျာ။ ဇာတ်လမ်းက အဲ့ဒီလို တည့်ပဲစထားပါတယ်။ဘာလို့အဖမ်းခံရတာလဲ၊ ဘယ်သူကဖမ်းတာလဲဆိုတာကိုတော့ ဆက်ကြည့် လိုက်ပါနော်။ အဓိကက အဖမ်းခံရတဲ့အချိန်အတွင်းမှာ သူ့ရည်းစားအကြောင်း တွေ မေးမေးပြီးတော့ မာတင်ရဲ့လက်ချောင်းတွေ တစ်ချောင်းပြီးတစ်ချောင်း အဖြတ်ခံရပါတယ်။ ဒါပေမဲ့ စေတနာကောင်းကောင်းနဲ့ ဖြတ်ထားတဲ့လက် ချောင်းတွေအကုန်လုံးကို ရေခဲနဲ့သိမ်းပေးထားပါတယ်။ လိုချင်တဲ့အဖြေရရင် ပြန်ဆက်ပေးဖို့ပါတဲ့။ အရမ်းသဘောကောင်းတဲ့ ပြန်ပေးဆွဲအဖွဲ့ပေါ့။ဒီကားလေးမှာ ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းဝါဒတွေ၊ နိုင်ထက်စီးနင်းလုပ် တာတွေ၊ ဘက်မတူတဲ့နိုင်ငံရေးအမြင်တွေကို အဖမ်းခံထားရတဲ့အတောအတွင်း အများကြီးပြောပြသွားတာမို့... မသိသေးတဲ့ပဟေဠိတွေကို ရုပ်ရှင်ထဲမှာဆက် အဖြေရှာရအောင်ဗျာ ။ ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.89 GB) / (742 MB) / (415 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Jo ...
movie
Five Fingers (2006)
2006
7.0
Under Siege(1992)
Under Siege(1992)******************မင်းသားကြီး Steven Seagal ရဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ကေဆီရိုင်းဘတ်က မစ်ဆူရီဆိုတဲ့ စစ်သင်္ဘောဟောင်းပေါ်က ခေါင်းဆောင်စားဖိုမှူးဖြစ်ပါတယ်။ တစ်နေ့မှာ သင်္ဘောကပ္ပတိန်ကြီးရဲ့ စပရိုက် မွေးနေ့ပွဲအတွက်ဆိုပြီး တီးဝိုင်းအဖွဲ့တစ်ဖွဲ့ရယ်မိန်းမချောလေးတစ်ဦးရယ် ရောက်လာကြပါတယ်။ဒါပေမဲ့ အဲဒီတီးဝိုင်းအဖွဲ့ရဲ့အကြံအစည်က သင်္ဘောသားတွေ ထင်ထားသလိုမဟုတ်တဲ့အခါသူတို့သင်္ဘောတစ်စီးလုံး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။အဲဒါကို စားဖိုမှူးလို့ပဲသိထားကြတဲ့ ရေတပ် ဆီးလ်အထူးတပ်ဖွဲ့ဝင်ဟောင်းရိုင်းဘတ်က ဘယ်လိုပြန်ကယ်ဆယ်မလဲဆိုတာ… File Size :(3.85GB) (1.05GB) and (504 MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:43:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Under Siege(1992)
4.9
The Cold Light of Day (2012)
ဘရုစ် ဝီလီ နဲ့ စူပါမန်းမင်းသား ဟင်နရီကဗေးလ်တို့ သားအဖအဖြစ် သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကို ကြည့်ဖူးပြီလား။ မကြည့်ဖူးသေးရင် ဒီမှာကြည့်လို့ရပါပြီ။ ဒီရုပ်ရှင်ထဲမှာ ဟင်နရီက ကုမ္ပဏီလေးတစ်ခုကို ဦးစီးနေတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ သူ့အဖေ ဘရုစ်ကတော့ သံရုံးမှာ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာကိုယ်စားလှယ်အနေနဲ့ အလုပ်လုပ်နေတဲ့သူပေါ့။ တစ်ရက်မှာတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မိသားစုတွေ အားလပ်ရပ် အပမ်းဖြေဖို့ ချိန်းကြတာကြောင့် အဖေနဲ့မတည့်ပေမဲ့ မအားတဲ့ကြားက အရောက်လာပေးခဲ့ပါတယ်။ ရောက်လာပြီးတဲ့အချိန်မှာတော့ သူ့အဖေရဲ့ ဇာတ်ရှုူပ်တွေကြားထဲမှာကြားညပ်သွားပြီး ကြောက်စရာအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်File size…(1.82GB/(945MB)/(487MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
The Cold Light of Day (2012)
6.7
Save the Cinema (2022)
ပြဇာတ်ဆန်ဆန် အေးအေးငြိမ့်ငြိမ့်လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီးချော Erin Richards နဲ့Draco Malfoyအနေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်ပေါင်းများစွာတည်းက စင်တင်ပြဇာတ်တွေနဲ့ အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို နောက်ပိုင်းနှစ်တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့ပေမယ့် လာရောက်ကြည့်ရှုသူ မရှိသလောက်နည်းနေသလို ၂လ၃လနေမှ တစ်ခါပြတဲ့ ပြဇာတ်တွေနဲ့ အသက်ဆက်နေရတာပါ။ဒီလိုဒေဝါလီခံရကာနီးနေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ဈေးဝယ်စင်တာ ပြောင်းဆောက်ဖို့ ကြံနေသူတွေကတော့ ကာမာသန်မြို့တော်ဝန်နဲ့သူ့ရဲ့ ခရိုနီတွေပါ။ လစ်ရစ်ရုံဟာ ဝင်ငွေမရတော့ပေမယ့် မြို့ခံလူ တချို့အတွက် မမေ့နိုင်တဲ့အမှတ်တရများစွာ ရှိနေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါပေမဲ့ ...
movie
Save the Cinema (2022)
Pixie (2020)
Pixie (2020)IMDb Rating(5.9)/ Rotten Tomatoes (93%)ဇာတ်လမ်းအညွှန်းဇာတ်ကားနာမည် ပစ်စီဆိုတာက ဖျတ်ဖျတ်လတ်လတ်နဲ့ ဘာမဆို လက်ရဲဇက်ရဲလုပ်ရဲတဲ့ လည်လည်ဝယ်ဝယ် ကောင်မလေးတစ်ယောက်ပါဆန်ဖရန်စစ္စကိုသွားပြီး ဘဝကိုအသစ်ကပြန်စဖို့ ကြိုးပမ်းနေတဲ့အစီအစဥ်ပျက်သွားပြီးနောက်ပိုင်းမှာ သူ့ဘဝအရှုပ်တော်ပုံထဲ ပြန်ပြီးခြေချရပါတော့တယ်သူ့ကိုဘားမှာတွေ့ပြီး လာကြောင်တဲ့နှစ်ယောက်ခမျာမှာလည်း မသိမသာနဲ့ ပစ်စီ့အရှုပ်တော်ပုံထဲ ယောင်လည်လည်ပါသွားပြီး သုံးယောက်ပေါင်းလောင်းကျော်ကြပါတော့တယ်ဆိုတော့ ပစ်စီ့ဘဝမှာ ဘာတွေကရှုပ်ထွေးနေတာလဲဇာတ်လမ်းအစမှာ အမေ့အုတ်ဂူရှေ့ရပ်ပြီး အမေ့အပေါ်သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက်လက်စားချေမယ်ဆိုတော့ အဲဒီ "သူတို့" ဆိုတာကရော ဘယ်သူလဲဆိုတာတွေကိုတော့ ပစ်စီကိုယ်တိုင်ပဲဖြေပေးသွားပါလိမ့်မယ်Crime comedy ဆိုတော့ အရမ်း serious မဖြစ်ဘဲ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲကြည့်ရမယ့်ဇာတ်ကားမျိုးပါပဲ။ File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by MTA
movie
Pixie (2020)
7.0
The Banker(2020)
The Banker(2020)IMDb...7.0,,,Rotten...74%(Unicode)ကလေးဘဝကတက်ဆက်ဇ်မြို့မှာဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဉာဏ်စွမ်းဉာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်..... သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်.... ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမား လွန်းပါတယ်...သူတို့ (၂) ဘယ်လို ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး..... ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်... မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါပဲ... အဓိက သရုပ်ဆောင်ဖြစ်တဲ့ Samuel L. Jackson, Nicholas Hoult နဲ့ Anthony Mackie တို့ကိုတော့ အတော်များများသိကြမှာပါ.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ K နဲ့ MarTizasပဲဖြစ်ပါတယ်(zawgyi)ကလေးဘဝကတက်ဆက်ဇ်မြို့မှာဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဥာဏ်စွမ်းဥာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်..... သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်.... ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမား လွန်းပါတယ်...သူတို့ (၂) ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး..... ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်... မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါပဲ... အဓိက ...
movie
The Banker(2020)
6.9
Con Air(1997)
Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie
Con Air(1997)
1997
6.8
Tolkien (2019)
(Unicode)ဒီရုပ်ရှင်ကိုတော့ လူတိုင်းကြိုက်မယ်မထင်ပါဘူး။အရမ်းကြိုက်မယ့်သူတွေလည်း ရှိပါလိမ့်မယ်။ဒါက ကျွန်တော်တို့တွေ အရမ်းကြိုက်ရတဲ့ ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ အကြောင်းပါပဲ။The lord of the rings နဲ့ Hobbit ရုပ်ရှင်တွေကို အများစု သိကြမှာပါ။အော်စကာတွေ တစ်ပြုံကြီးနဲ့ ဂန္ဓဝင် ရုပ်ရှင်တွေကိုး။ဒါပေမယ့် မူရင်းဝတ္ထုရဲ့ စာရေးသူကိုတော့ အမာခံဖန်တွေပဲ သိကြမယ်ထင်ပါတယ်။J.R.R.Tolkien ခေါ် ဂျွန် ရော်နယ် ရူအယ် တိုကင်းန်ပါပဲ။တိုကင်းန်ဟာ လူငယ်ဘဝမှာ သူငယ်ချင်း သုံးယောက်ရှိခဲ့ပါတယ်။စာပေအနုပညာကို စိတ်တူကိုယ်တူလိုက်စားကြတဲ့ လေးယောက်အဖွဲ့ပေါ့။ဒါကြောင့်လဲ သူ့ရဲ့ဝတ္ထုတွေမှာ လေးယောက်တွဲတွေ လွှမ်းမိုးမှုရှိခဲ့တာလားပါပဲ။တိုကင်းန်ဟာ ဘာသာစကားတွေ ဒဏ္ဍာရီတွေဘက်မှာ အရမ်းထူးချွန်တဲ့သူပါ။သူဟာ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခဲ့ဖူးခဲ့တယ်။ဒုတိယ ကမ္ဘာစစ်မှာ ဝှက်စာဖြေသူအဖြစ် ပြောင်မြောက်စွာ ...
movie
Tolkien (2019)
2019
7.4
Layer Cake(2004)
Layer Cake(2004)IMDb....7.4....Rotten....80%2004 ခုနှစ်ထွက် မင်းသားကြီး Daniel Craig ပါဝင်သရုပ်ဆောင်ထားတဲ့ Layer Cake ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…..Rating တွေက IMDb- 7.4, Rotten Tomatoes – 80 ရှိတယ်ဆိုတော့ Rating ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်…အလည်အလတ်တန်းစား ကိုကင်းမူးယစ်ဆေးဖြန့်ဖြူးရေးသမားတစ်ယောက်ဟာ ပိုက်ဆံအတော်အတန်စုဆောင်းမိတဲ့အချိန်မှာ မူးယစ်ဆေးလောကကနေ အနားယူဖို့ အစီအစဉ်တွေ ချထားခဲ့ပါတယ်…သူရဲ့ ခြေရာတွေနဲ့ အလုပ်အကိုင်တွေ ဖျက်လို့မပြီးသေးခင်မှာဘဲ သူတို့မူးယစ်ဆေးသမားတွေကို အကာအကွယ်ပေးနေတဲ့ အစိုးရဖက်ကလူတစ်ယောက်က သူ့ကိုအလုပ်တစ်ခု ခိုင်းလာပါတော့တယ်…ဒါကတော့ ဂိုဏ်းစတား အကောင်ကြီးကြီးရဲ့သမီးတစ်ယောက် ပျောက်ဆုံးသွားလို့ သူ့ကိုရှာဖို့ အကူအညီတောင်းခြင်းပဲဖြစ်တယ်…တစ်ဖက်မှာလည်း အရောင်းအဝယ်လုပ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ယူလာသူတွေက ဆာဗီးယားစစ်တပ်နဲ့ အငြိအစွန်းတွေ ဖြစ်ခဲ့ကြပြီး ... သူ့ဆီကို ပြဿနာနှစ်ခုက တစ်ပြိုင်နက်တည်းဆိုက်ရောက်လာပါတော့တယ်….ကင်မရာ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကတ်နဲ့တစ်ကတ်ဆက်ထားပုံလေးတွေ အရမ်းလှပပြီး ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျာ..။File Size : ...
movie
Layer Cake(2004)
2004
1
2
Next