Channel Myanmar

Colleen Elizabeth Miller

Unexpected (2022)
Unexpected (2022) (IMDb 4.4/10)မင်းသားကြီး Joseph Mazzello နဲ့ မင်းသမီးကြီး Anna Camp တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/ Drama/ Romance ဇာတ်ကားလေးတစ်ကားပါဒီဇာတ်ကားလေးမှာလည်း ပေးချင်တဲ့ message ကတစ်မျိုးလေးပါပဲ ရင်ထဲတစ်ခုခုတော့ကျန်မှာသေချာပါတယ် ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်း လိုတာမရ ရတာမလိုနဲ့ အတော်ကိုထူးဆန်းတာမျိုးပဲမလား ကျွန်တော်တို့ မျိုရိုးဗီဇရဲ့ဖြစ်တည်မှုဆိုတာကြီးကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်မျိုးပါပဲဇာတ်အိမ်လေးကတော့ ဘော့ နဲ့ အေမီ တို့လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ကြိုးစားနေကြတဲ့သူတွေပေါ့ ဆေးစစ်ချက်မှာ အေမီ ရဲ့အားနည်းချက်ကြောင့်မရနိုင်တာလို့သိတဲ့အချိန်မှာ အေမီ တစ်ယောက်ဆောက်တည်ရာမရခဲ့ဘူး ဂီတဝေဖန်ရေးဆောင်းပါးရေးတဲ့ ဘော့ ကလည်းကလေးရဖို့စိတ်နဲ့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ အလုပ်ပြောင်းခံရနဲ့ နှစ်ယောက်စလုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့တစ်နေတော့ ကြော်ငြာတစ်ခုမှာ ကျေးလက်ကအိမ်လေးတစ်အိမ်အရောင်းတင်ထားတာကို အေမီ တစ်ယောက်တွေ့သွားပြီးတော့ ကျေးလတ်ဒေသလေးမှာ လင်မယားနှစ်ယောက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သွားပြီး ကလေးရဖို့ နောက်ထပ်တစ်နည်းနဲ့ကြိုးစားဖို့အခွင့်အရေးကိုလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြရာကနေ........အဲဒီဒေသမှာ တွေရတဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖန်တီးမှာလည်း....ဝယ်လိုက်တဲ့အိမ်ကရော အဆင်ပြေရဲ့လား...... သူတို့ရဲ့ရည်ရွယ်ချက်ကိုရော အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့........ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(1.5 GB)/(810 ...
movie

Unexpected (2022)

Fancy Dance (2023) 7.1
Fancy Dance (2023)  Killlers of the flower moon နဲ့ အကယ်ဒမီဆန်ကာတင်ခဲ့တဲ့ လီလီဂလက်စတုန်းရဲ့ ရုပ်ရှင်ပါ။ဒရာမာ အမျိုးအစားဖြစ်ပြီး ပျောက်နေတဲ့ ညီမဖြစ်သူကိုလိုက်ရှာတဲ့ ဌာနေ အင်ဒီယန်းတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ စုံထောက်ကားစတိုင်မျိုးနဲ့တစိမ့်စိမ့်ခံစားရမဲ့ ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း****************ဂျက်ဇ်ဟာ ဆေးရောင်း၊ အလစ်သုတ် တာတွေလက်ယဉ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ရဲညီမတာဝီ ပျောက်ဆုံးနေတာ ၂ ပတ်ရှိပြီမို့ နေရာအနှံ့မှာလိုက်ရှာနေတာပါ။ တာဝီရဲ့ သမီး သူ့တူမ ရိုကီကိုလည်း စောင့်ရှောက်ထားရပါတယ်။ သူ့ရဲ့ မှုခင်းရာဇဝတ်တွေကြောင့် ရိုကီကိုကလေးစောင့်ရှောက်ရေးဌာနက သူ့အဘိုးအဘွားတွေဆီအတင်းပို့လိုက်ပါတယ်။ ဒါကို ဂျက်ဇ်က သွားခေါ်ထုတ်လာပြီးသူ့ညီမကိုလိုက်ရှာဖို့ တူဝရီးနှစ်ယောက်ခရီးထွက်လာကြပါတယ်။သူတို့နောက်ကေန ကလေးပြန်ပေးဆွဲမှုနဲ့ အက်ဖ်ဘီအိုင် တွေရဲတွေကပါလိုက်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကြည့်ရမှာပါ။ File size…1.65GB  / 750MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Fancy Dance (2023)

Bull Shark(2022)
Bull Shark(2022) Bull Shark(2022)***************တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့ဟာ အေးချမ်းတိတ်ဆိတ်ပြီး လူသတ်မှုတောင်မဖြစ်ခဲ့တာ ကြာလှပါပြီ။ဒီလိုအေးချမ်းလှတဲ့မြို့ငယ်လေးက ခရီးသွားဆွဲဆောင်မှုဖြစ်တဲ့ ရေကန်မှာ မိန်းမငယ်လေးတစ်ယောက်ငါးမန်းကိုက်ရာနဲ့ သေဆုံးနေတဲ့အခါမှာ။ မြို့တော်ဝန်အနေနဲ့လည်း သတင်းသာပေါက်ကြားသွားရင်ခရီးသွား‌တွေဆုံးရှုံးမှုအပြင် နောက်ထပ်ရာထူးကြီးကြီးကို မျှော်မှန်းလို့ မရနိုင်တော့တာကြောင့် ဒီသတင်းကို အမှောင်ချထားချင်နေပါတယ်။ဒါပေမဲ့ အမှောင်ချထားမယ်ဆိုရင်လည်း လူတွေအတွက် အန္တရာယ်ဟာ မတွေးရဲစရာပါပဲ။ဒီတော့ မိသားစုအဆင်မပြေမှုတွေကြောင့် အရက်စွဲနေတဲ့ တောခေါင်းဖြစ်သူဟာ အာဏာပိုင်ကတစ်ဖက်လူပေါင်းများစွာရဲ့အသက်အန္တရာယ်ကတစ်ဖက် မိသားစုအရေးကတစ်ဖက်နဲ့ ဒီငါးမန်းပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်ဗျာ။   File Size :(1.5GB) and (664MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:20:00 Genre : Action , Horror , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS 
movie

Bull Shark(2022)

A Baby at Any Cost (2022) 5.6
A Baby at Any Cost (2022) A Baby at Any Cost (2022) ====================ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့တဲ့ မော်နီကာဆိုတဲ့ ရှေ့နေ့အမျိုးသမီးနဲ့ သူ့ခင်ပွန်းဘရက်တို့ဟာ လီလီ ဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးကျေးဇူးနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက်ရလာခဲ့ပြီး မိသားစုဘဝမှာ အရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ သူ့ရဲ့ညီမဖြစ်သူ ဂျန် နဲ့သူ့ခင်ပွန်းတို့ ကွာရှင်းဖို့လုပ် နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် ရှေ့နေ့လိုက်ပေးပြီး တရားရင်ဆိုင် နေရတာပေါ့။မော်နီကာက တည်ငြိမ်ပြီး ထက်မြက်သလောက် ညီမဖြစ်သူ ဂျန် ကတော့ အမြဲလိုလို ဒေါသကြီးပြီး သူ့စိတ်သူမထိန်းနိုင်တဲ့ ဆန့်ကျင်ဘက်ညီအစ်မ နှစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ညီမရဲ့အပြုအမူတွေကို သဘော မကျတဲ့ မော်နီကာဟာ သူတို့အတွက် ကလေးထိန်းလုပ်ပေးဖို့ကို ဂျန် ကို မခေါ်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိန်းကလေး လီလီ့ကို ခန့်လိုက်ပါ တော့တယ်။သူ့အစ်မမိသားစုနဲ့ လီလီနဲ့ အဆင်ပြေနေတာကို မြင်ရတဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ခွဲနေရပြီး အိမ်ထောင်ရေးဘဝ မသာယာခဲ့တဲ့ ဂျန် တစ်ယောက် မနာလိုစိတ်နဲ့အတူ ပူလောင်နေတော့တာပေါ့။ဒီလိုနဲ့ပဲ ကလေးနဲ့မိသားစုဘဝကို လိုချင်တဲ့ ဒီမိခင်သုံးယောက်ကြားက လျှို့ဝှက်ချက်တွေနဲ့အတူ ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်မိသွားတဲ့အခါတော့ .....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Robin ဖြစ်ပါတယ်)File Size..........(1.74 ...
movie

A Baby at Any Cost (2022)

2022
Love at the Christmas Contest (2022) 5.7
Love at the Christmas Contest (2022) Love at the Christmas Contest (2022) ===========================ဒီကားလေးကတော့ ခရစ်စမတ်ကာလရဲ့ အဓိကအနှစ်သာရလေးကို ရိုးရိုးရှင်းရှင်းဇာတ်လမ်းသွားလေးနဲ့ပဲ ဖော်ပြထားပေးသွားတဲ့ ဇာတ် ကားလေးပါ။တစ်ချို့ထည့်သုံးသွား‌တဲ့ အတွေးအမြင်လေးတွေဆိုရင်လဲ တကယ် ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှုထောင့်တစ်မျိုးကနေ ကြည့်တတ်ဖို့ lessonတွေလဲရပါတယ်။ IMDb Rating 5.7ရထားတဲ့ ကားလေး ဖြစ်ပြီး< မိသားစု ချစ်သူတွေနဲ့ ငြိမ့်ငြိမ့်လေး အတူကြည့်လို့ရတဲ့ ဇာတ်ကားငြိမ့်ငြိမ့်လေးတစ်ကားပါ။ရှုပ်ယှက်ခပ်နေတဲ့ ‌actionတွေ plot twistတွေ thriller တွေ sadist movie တွေပဲ အကြည့်များနေရင် စိတ်ခဏအငြိမ်ပေးတဲ့ ကြည့်သင့်တဲ့ကားလေး တစ်ကားဖြစ်တယ်လို့ recommend ပေးပါတယ်။ကလေးသရုပ်ဆောင်ကလေး ကလည်း အရမ်းချစ်စရာကောင်းပြီး သူ့ဇာတ်ရုပ်နဲ့ တော်တော်လေးလိုက်တယ် လို့ ပြောရင် pedophile လို့တော့ မထင်လိုက်ကြနဲ့ပေါ့ဗျာ၊ တကယ်ချစ်စရာ ကောင်းလို့ ပြောတာပါ။ကဲ ဒီလောက်ပဲညွှန်းပါတော့မယ်ဗျာ အချိန်ရရင် ဝင် ကြည့်ကြပါလို့ပြောကြားချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.7 GB) / (678 MB) / (370 MB) Quality............WEB-RIP 1080p / ...
movie

Love at the Christmas Contest (2022)

2022