Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Colin Morgan
The Dead Don’t Hurt (2024)
မင်္ဂလာပါ The Dead Don’t Hurt" ဆိုတဲ့ ရုပ်ရှင်ကို တော့ မော်တင်ဆင် (Mortensen) ရိုက်ကူးရေး၊ ဇာတ်ညွှန်းရေးခြင်းနဲ့ မီဇစ်ဖန်တီးမှုကို တစ်ကိုယ်တည်း လုပ်ထားပြီး၊ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ကူးမှု ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Mortensen က Holger Olsen အဖြစ် သရုပ်ဆောင်ထားပြီး၊ ၁၈၆၀ ခုနှစ်တွေက နယ်စပ်ဒေသမှာ တည်ငြိမ်စွာ နေထိုင်နေသူဖြစ်ပါတယ်။ သူက Vivienne (Vicky Krieps) ကို သူမရဲ့ ချမ်းသာတဲ့ ချစ်သူနဲ့ စကားများနေစဉ်မှာတွေ့ပြီး၊ သူမကိုချက်ချင်းပဲ Holger ရဲ့ အနားရောက်လာစေခဲ့ပါတယ်။ Vivienne က ချမ်းသာတဲ့ ဘဝကိုစွန့်လွှတ်ပြီး Holger နဲ့အတူ စိန်ခေါ်မှုများအပြည့်ရှိတဲ့ ဘဝကို ရွေးချယ်ခဲ့တဲ့အခါမှာ သူမရဲ့ အတွင်းစိတ်ခွန်အားနဲ့ ဆုံးဖြတ်ချက်တွေကို မြင်ရမှာပါ။Vivienne ဟာ Holger ရဲ့ ဖွတ်ဖွတ်မွှတ်မွှတ် ...
movie
The Dead Don’t Hurt (2024)
7.0
Upon Entry (2022)
ရုပ်ရှင်ကို စကြည့်လိုက်မိတာနဲ့ ထိုင်ရာကနေ မထနိုင်လောက်အောင် ကြည့်ရှုနေသူကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုင်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။Upon Entry ရုပ်ရှင်ဟာ လူဝင်မှုကြီးကြပ်ရေး၊ ယုံကြည်မှုနဲ့ ကိုယ်ရေးကိုယ်တာထုတ်ဖော်မှုတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အသွင်အပြင်များစွာကို ကြည့်ရှု့ရမယ့် ဒရာမာ တစ်ခု ဖြစ်ပါတယ်။ Alberto Ammann, Bruna Cusí, Laura Gómezနှင့် Ben Templeတို့လို့ castတွေ အသုံးပြုထားတာကြောင့်လည်း ကြည့်ရှု့သူကို ပြုစားနိုင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ထင်မိပါတယ်။ဇာတ်လမ်းလေးကတော့ .... စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ...
movie
Upon Entry (2022)
7.2
Testament of Youth (2014)
𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့စာမူခေါင်းစဥ်ဖြစ်ပါတယ်...။စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး...Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေးငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ...။သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲကမင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီးGOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်းပါဝင်အားဖြည့်ထားပါတယ်ဗျ...။ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့...စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာတိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်...ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်းခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်...။ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ...။အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာမျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့...အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ...ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက်ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး...။မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့... ချစ်သူရှိရာ ရှေ့တန်းကို သူနာပြုအဖြစ်ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်...။ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ....ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ...။ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...။ File size…1.82GB / ...
movie
Testament of Youth (2014)
5.5
Dead Shot (2023)
Dead Shot (2023)Imdb - 5.5 Rotten tomatoes - 78%Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ ...
movie
Dead Shot (2023)
2023
6.8
Corsage (2022)
Corsage (2022)"ယိုယွင်းပျက်စီးမှုတွေနဲ့ တိမ်တွေလိုမှောင်မဲလာတဲ့ လူတစ်ယောက်ရဲ့ အသက် ၄၀ ကာလ"ဩစတြီးယားရဲ့ ဧကရီတစ်ဦးကရော အသက်၄၀ကာလရဲ့ အိုမင်းမှုကို ရှောင်လွဲနိုင်ပါ့မလား?တိုင်းပြည်တစ်ပြည်ရဲ့ ဧကရီ၊ ပြည်သူပြည်သားတိုင်းရဲ့ အလှနတ်ဘုရားတစ်ပါးအဖြစ် နေထိုင်ကျင်လည်ခဲ့တဲ့ ဧကရီဘုရင်မကြီးဟာလည်းပဲ အိုမင်းရင့်ရော်မှု၊ နာကျင်မှု တို့ကို လွန်ဆန်ပိုင်ခွင့် မရှိခဲ့ပါဘူး။မတည်မြဲခြင်းတွေနဲ့ လွင့်ပျယ်သွားတဲ့ တစ်မိုးအောက်အလှတရားတွေမရှိတော့တဲ့ မိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ဆန်မှုကို ရိုက်ကူးပုံဖော်ထားတဲ့ ဂန္တဝင်ဆန်ဆန် ရုပ်ရှင်တစ်ခုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ဆုတွေတစ်ပြုံကြီးသိမ်းထားတဲ့ ဒီဇာတ်လမ်းလေးကတော့ တော်ဝင်ဆန်ဆန် အဆင်အယင် ပုံရိပ်တွေကို သဘောကျတတ်သူများအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်ကွက်တိုင်းမှာ လွင့်ယိမ်းသွားမယ့် စိတ်ခံစားချက်ပေါင်းစုံနဲ့ ဘုရင်မကြီးရဲ့ မျက်နှာဟန်အမျိုးမျိုးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာမို့ လက်မလွတ်တမ်းကြည့်ရှုလိုက်ဖို့ တွန်းတွန်းလိုက်ရပါတယ်ခင်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။)File Size : 2.8GB, 705MB, 333MB Quality ...
movie
Corsage (2022)
2022
7.6
Belfast (2021)
Belfast 2021 ဟာဆိုရင် tomatometer 86% နဲ့ Imdb rating 7.6 ရထားတဲ့ ကားကောင်းလေးတစ်ကားပါ ဒီကားမှာ ဒါရိုက်တာ Kenneth Branagh ဟာ သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံကို ရုပ်ရှင်ကားအနေနဲ့ ဖန်တီးထားတာပါ အဲဒါကြောင့် လက်တွေ့လောကို ထင်ဟပ်နေတဲ့ အရေးအသားတွေကို ကြည့်ရှုသူတွေ သတိပြုမိပါလိမ့်မယ် ဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ ခုနှစ်ဝန်းကျင်က Belfast ဆိုတဲ့မြို့မှာ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေကြတဲ့ အောက်ခြေလူတန်းစား ရပ်ကွက်တစ်ခုရှိခဲ့ပါတယ် အဲဒီရပ်ကွက်မှာ Buddy ဆိုတဲ့ ကောင်လေးတစ်ယောက်လည်းနေပါတယ် Buddy ဟာ အသက် ၉ နှစ်ရှိပြီဖြစ်ပြီး ရပ်ကွက်ထဲမှာ လူချစ်လူခင်များတဲ့ ကလေးတစ်ယောက်ပါ ဒါပေမယ့် သူတို့နေထိုင်တဲ့ အေးချမ်းတဲ့ ရပ်ကွက်လေးဟာ ဘာသာရေးဂိုဏ်းအချင်းချင်း အဓိကရုဏ်းဖြစ်အပွားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာပါတော့တယ် အဲဒီလို အဓိကရုဏ်းဖြစ်စဥ်တွေဟာ Buddy ဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာသလဲဆိုတာကို ဒါရိုက်တာ Kenneth Branagh ဟာ လက်တွေ့ဆန်ဆန်နဲ့ ပညာသားပါပါရိုက်ပြထားပါတယ် ဒီကားဟာ လက်တွေ့ဆန်ဆန်ဇာတ်ညွှန်းတွေကို ...
movie
Belfast (2021)
6.9
Legend (2015)
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ဝန်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇဝတ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ ---------------------------------------------------------- 2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါFilesize : 720 MB Quality : WEBRip720p Format : mp4 Run Time : ...
movie
Legend (2015)
6.1
The Huntsman: Winter's War (2016)_________IMDb - 6.1/10 IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့်ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားကကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့Snow White and the Huntsman ရဲ့ အဓိကဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာစုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကိုပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာကဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler ...
movie
The Huntsman: Winter’s War (2016)