Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Colin Cunningham
6.0
Love in Focus (2023)
ဒီဇာတ်ကားကတော့ Romantic ဆန်ဆန် Drama ဇာတ်ကားလေးဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ Dan Fowlks နဲ့ NicolaPosener တို့က ဦးဆောင်ပြီးတော့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအသွားလေးက စိတ်ဝင်စားဖို့ကောင်းပြီးတော့တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေရှိနေကြပေမယ့်အဲဒီခံစားချက်တွေကို ဖွင့်မပြကြပဲ တိတ်တခိုးချစ်နေတဲ့အချစ်မျိုးကို ပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Jenna ဟာသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးဟာ ဖျက်သိမ်းခံလိုက်ရပါတယ်။အဲဒါကြောင့် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် အေးချမ်းတဲ့နေရာလေးတစ်ခုဆီကို ခရီးထွက်လာပါတယ်။ အဲဒီလိုနဲ့ ဓာတ်ပုံဆရာလေး Chris နဲ့ အမှတ်မထင်တွေ့သွားပြီးတော့ ရင်းနှီးသွားကြပါတယ်။ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေဟာတဖြည်းဖြည်းခိုင်မာလာပြီးတော့ ကာယကံရှင်တွေကိုယ်တိုင်တောင်သတိမထားမိပဲ ချစ်မိသွားကြပါတယ်။အဲဒီအချစ်ကို သူတို့အနေနဲ့ ဘယ်လိုတွေဖော်ပြသွားကြမလဲဆိုတာကို ကြည်နူးစွာကြည့်ရမှာပါ။ File size…3.01GB / 1.09GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie
Love in Focus (2023)
Horizon: An American Saga – Chapter 1 (2024)
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie
Horizon: An American Saga – Chapter 1 (2024)
The 6th Day (2000)
ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။လူသားတွေ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ...
movie
The 6th Day (2000)