Channel Myanmar

Cole Jensen

The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie

The Invention of Lying (2009)

2009