Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Clotilde Courau
6.3
Last Summer (2023)
ဒီကားကတော့ Drama ဆန်ဆန် ပြင်သစ်ကားတစ်ကားပါ ရိုးရိုးရှင်းရှင်းနဲ့ ရိုက်ပြထားပြီး ရင်ထဲဆွဲကျန်စေမှာပါအောင်မြင်နေတဲ့ ရှေ့နေ Anne ကတော့ ခင်ပွန်းဖြစ်သူ Pierre ရယ် သမီးနှစ်ယောက်ရယ် နဲ့ အတူ ပျော်ရွှင်သောဘဝကို ဦးဆောင်ခဲ့တယ်ဒါပေမယ့် ယခင်အိမ်ထောင်မှ Pierre ရဲ့သား သီအို သူတို့ မိသားစုထဲရောက်လာတဲ့အခါသူမရဲ့ အလုပ်နဲ့ မိသားစုကို ထိခိုက်လာချိန်မှာတော့ ....(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(2GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie
Last Summer (2023)
7.6
La Vie en Rose (2007)
La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie
La Vie en Rose (2007)
6.7
Babysitting (2014)
Babysitting (2014) =============== IMDb Rating - 6.7/10Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.29 ...
movie
Babysitting (2014)
2014
6.6
[18+] Benedetta (2021)
[18+] Benedetta (2021)Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ Benedetta Carlini ဆိုတဲ့သီလရှင်ရဲ့ဘ၀ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ငယ်ဖြူဆရာလေးတစ်ပါး စည်းကမ်းတင်းကျပ်တဲ့ ဘာသာရေးအရိပ်အာဝါသအောက်မှာနေထိုင်ရင်း ဖောက်လွှဲဖောက်ပြန် အမြင်အာရုံတွေ ရလာတာ... ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းတဲ့ လောကသဘာဝနဲ့သွေဖည်နေတဲ့ အိမ်မက်တွေကတစ်ဆင့် ပြင်ပလောကမှာလဲ သူတို့ ကျောင်းတော်အရိပ်ကို ခိုလှုံဖို့ရောက်ရှိလာတဲ့ နောက်ထပ် ဖခင်နဲ့ အစ်ကိုတွေရဲ့ဖိနှိပ်ခံဆိတ်ကျောင်းသူလေးတစ်ယောက်ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ရာက သဒ္ဒါလွန်လို့ တဏှာကျွံမိပုံတွေကတစ်ဆင့် ဘာသာရေး၊ လူမှုရေး ၊ ခေတ်ကာလနဲ့ အစရှိတဲ့အကြောင်းအရာများစွာကို တို့ထိကစားပြသွားခဲ့ပါတယ်။အငြင်းပွားစရာများစွာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေးအချက်အချာနေရာက ဘာသာရေးခေါင်းဆောင်တွေကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အကြောင်းအရာကိစ္စတွေကိုပုံဖော်ထားတဲ့နေရာမှာ နှုတ်နဲ့ဖွင့်လို့တောင်မပြောဝံ့စရာ ညစ်ပတ်စုတ်ပဲ့တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေကိုလှည့်စားရတာ ဘယ်လောက်လွယ်ကူနိုင်သလဲ၊ ဘာသာရေးဟာ ဘယ်လောက်အထိ အလွယ်တကူဝင်ငွေကြမ်းနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်နိုင်လဲ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေထိုင်အရိပ်ခိုကြတိုင်း သူတော်စင်သူတော်ကောင်းဖြစ်နိုင်ပါ့မလား... အစရှိတဲ့ခေတ်အဆက်ဆက် မေးချင်ပေမယ့်မမေးဝံ့လို့ လက်ရှောင်ခဲ့ကြရတဲ့ မေးခွန်းတွေရဲ့အဖြေတွေကိုလဲ တစ်စိတ်တစ်ဒေသမြင်တွေ့ရပါလိမ့်မယ်။တစ်ခေတ်တစ်ခါက ...
movie
[18+] Benedetta (2021)
2021