Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Clifton Davis
Any Given Sunday (1999)
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie
Any Given Sunday (1999)
A Shot Through the Wall (2021)
A Shot Through the Wall တဲ့ မြန်မာလို ပြန်ဆိုရရင်တော့ နံရံကိုဖောက်ထွက်သွားတဲ့ ကျည်ဆံတစ်ချက်ပေါ့ ဒီဇာတ်လမ်းလေးတစ်ပုဒ်လုံးက ဒီကျည်ဆန်တစ်ချက်ကနေပဲ အစပြုခဲ့တာပါ မိုက်ခ်က ဘရွတ်ကလင်းမှာ ရဲအဖြစ်တာ၀န်ထမ်းဆောင်နေတဲ့ တရုတ်အမျိုးသားလူငယ်တစ်ဦး.. သူတို့တစ်မိသားစုလုံး ဘရွတ်ကလင်းမှာ အခြေချနေထိုင်လာခဲ့တာကြာပြီဖြစ်လို့ မိုက်ခ်ဟာ ကွဲပြားခြားနားနေသူ တစ်ယောက်တော့မဟုတ်ဘူး လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံနိုင်တယ် ဒါ့အပြင် မကြာခင် လက်ထပ်တော့မယ့် သူ့ဇနီးချောလေးကလည်း လူမည်းအမျိုးသမီးလေးတစ်ဦးပေါ့ ဒါပေမယ့် ကံဆိုးမှုတစ်ခုက သူ့ကို စောင့်ကြိုနေတာကိုတော့ မိုက်ခ်တစ်ယောက်မသိရရှာပါဘူး သူ့ရဲ့တွဲဖက်ဖြစ်တဲ့ ရိုင်ယန်နဲ့အတူ တရားခံတစ်ယောက်ကို လိုက်ဖမ်းနေတုန်းမှာ မိုက်ခ်ရဲ့ သေနတ်ထဲက ကျည်ဆန်ဟာ မတော်တဆထွက်သွားခဲ့ပြီး နံရံကိုဖောက်ကာ တိုက်ခန်းထဲက လူမည်းကောင်လေးတစ်ယောက်ကို ထိမှန်လို့ သေဆုံးသွားခဲ့ပါတယ် မတော်တဆဖြစ်ခဲ့တာဆိုပေမယ့် လူမှုပတ်၀န်းကျင်ကြီးတစ်ခုလုံးကတော့ မိုက်ခ်ကို ဒီလိုမမြင်ခဲ့ပါဘူး သာယာနေတဲ့မိုက်ခ်ရဲ့ ဘ၀လေး တစ်ဆစ်ချိုးပြောင်းလဲခဲ့ပါပြီ လူမျိုးရေးခွဲခြားသူ၊ လူသတ်သမား အစရှိသဖြင့် ခေါင်းစဉ်မျိုးစုံ အတပ်ခံရသလို မရည်ရွယ်ဘဲ လူသေစေမှုနဲ့ စွဲချက်အတင်ခံရပါတော့တယ် ကောက်ရိုးတစ်မျှင်ပဲရရ ဆွဲထားရတော့မယ့် မိုက်ခ်တစ်ယောက် ...
movie
A Shot Through the Wall (2021)