Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Clea DuVall
5.8
Passengers (2008)
cm ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ MysteryRomance Thriller ဇာတ်လမ်းလေး တစ်ခုကတော့ Passengers ဆိုတဲ့ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့Patrick Wilson တို့ခေါင်းဆောင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကြောင်း ပြောရရင် ကမ်းခြေတစ်ခုအနီးမှာ လေယာဉ်ပျက်ကျမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်မသေဘဲရှင်ကျန်ရစ်တဲ့ ခရီးသည် ငါးဦးကို ကလဲရာဆိုတဲ့ စိတ်အထူးကုဆရာဝန်မလေးက အဖွဲ့လိုက် ဆွေးနွေးကုသမှု အကြံပေးနေတာပါ။ဒီငါးဦးထဲမှာမှ အဲရစ်ဆိုတဲ့ ကောင်လေးက တခြားသူတွေနဲ့ မဟုတ်ဘဲကလဲရာနဲ့ တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပြန်ပါတယ်။သူတို့နှစ်ဦးကြားမှာ စစတွေ့ဆုံကတည်းက အဲရစ်က ကလဲရာကိုသဘောကျမိပြီး ကလဲရာဘက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကြောင့်ဒါကိုမသိကျိုးကျွံ နေဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဆရာဝန်မလေးနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ ကျန်လေးဦးမှာ တစ်ယောက်ပြီး တစ်ယောက်ပျောက်ဆုံးကုန်ကြတဲ့အခါ လူနာတွေအတွက် စိတ်ပူမိတဲ့ ကလဲရာတစ်ယောက် လေကြောင်းလိုင်းဘက်က သူနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်းကျေနပ်စရာ အဖြေမရပါဘူး။ဒီပဟေဠိကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ သူမကိုယ်တိုင် ...
movie
Passengers (2008)
7.3
Ten Inch Hero (2007)
Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက ...
movie
Ten Inch Hero (2007)
The Killing Room (2009)
ဒီ ရုပ်ရှင်က Horror/Mystery အမျိုးအစားဖြစ်ပြီး IMDb 5.6/10 နဲ့ Rotten Tomatoes 71% ရထားပါတယ်။MK Program ဆိုတဲ့ လူသားစမ်းသပ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Main Castတွေ အနေနဲ့ Clea Duvall, Chole Sevigny,Timothy Hutton,Nick Canon, Peter Stormare တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူလေးယောက်က စိတ်ပညာလေ့လာမှုတစ်ခု စမ်းသပ်ဖို့အတွက် ပိုက်ဆံယူပြီး စမ်းသပ်ခံကြပါတယ်။ သူတို့လည်း ဘာမှ ရေရေရာရာ မသိဘဲ ပိုက်ဆံလွယ်လွယ်ကူကူများများစားစားရတဲ့အတွက် ပါဝင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ Crawfordဆိုတဲ့သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို အခကြေးငွေယူပြီးအများကြီး လုပ်ဖူးခဲ့ပါတယ်။ဒါပေမယ့်သူတို့ ထင်ထားသလို သာမန်မေးခွန်းတွေ မေးတဲ့ စမ်းသပ်မှုမဟုတ်ဘဲ သူတို့ထဲကအမျိုးသမီး candidate တစ်ယောက်ကို မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့အခါ ကျန်တဲ့သူတွေဟာ သူတို့အပေါ်ကျရောက်လာမယ့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ File ...
movie
The Killing Room (2009)
7.3
Girl, Interrupted (1999)
Girl, Interrupted (1999)~ IMDb - 7.3/10, Rotten Tomatoes - 53% ~Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ...
movie
Girl, Interrupted (1999)
1999
5.9
The Grudge (2004)
The Grudge (2004)ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို......Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ ...
movie
The Grudge (2004)
2004
Ghosts of Mars (2001)
Ghosts of Mars (2001)မားစ်ဂြိုဟ်ပေါ်မှာ လူ ၆၄၀၀၀၀ နီးပါးလောက် အခြေကျနေထိုင်လျက်ရှိချိန်ပေါ့...ရဲတပ်ဖွဲ့တစ်စုဟာ မိုင်းတွင်း တစ်ခုရဲ့ အကျဉ်းထောင်မှာ ရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားသူ ဝီလီယမ်ကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးဖို့ရာ ခရိုင်စီဆိုတဲ့နေရာကို ပြန်ခေါ်လာပေးရမယ့် မစ်ရှင်လုပ်ဖို့ကြုံလာတယ်။ ရှိုင်းနင်းတောင်ကြား မိုင်းတွင်းကို သူတို့အဖွဲ့ ရောက်ရှိသွားချိန် အရင်လို လူစည်ကားမနေဘဲ ခြောက်ကပ်နေတာကို တွေ့လိုက်ရတယ်။ အဆောက်အအုံတွေထဲ ဝင်စစ်ဆေးလိုက်ချိန်မှာ လူတွေအားလုံးနီးပါး ရက်ရက်စက်စက် အသတ်ခံထားကြရတာကို မြင်လိုက်ရတယ်။အကြောင်းရင်းကို စုံစမ်းရင်း မားစ်ဂြိုဟ်ပေါ်က သယံဇာတတွေကို တူးဖော်ရင်း မလှုပ်နိုးအပ်သင့်တဲ့ အရာတွေကို လှုပ်နှိုးမိတဲ့အခါ...မယ်လနီနဲ့ သူ့ရဲ့တပ်ဖွဲ့ ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး Ice Cube နဲ့ Jason Statham တို့လို နာမည်ကြီး ဘီးကြဲတွေ ကြမ်းပြထားတာမို့ ကြည့်ရတန်မယ့် ကားလည်း ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie
Ghosts of Mars (2001)
2001
6.5
Can’t Hardly Wait (2022)
1998 တုန်းက ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ တကယ်ရယ်ရတဲ့ Comedy ရုပ်ရှင်စစ်စစ်တစ်ကားပါ။ဟန်တင်တန်ဟေးလ်စ် အထက်တန်းကျောင်းကြီးရဲ့ စီနီယာကျောင်းသားတွေဟာ အထက်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်တစ်အိမ်မှာ ပါတီအကြီးကြီးတစ်ခု စုပြီးလုပ်ကြပါတယ်ဗျ။ ကျောင်းသားပါတီဖြစ်တဲ့အလျှောက် ပါတီတက်တဲ့ထဲမှာ ကောင်မလေးတစ်ယောက်ကို နှစ်အကြာကြီး တိတ်တိတ်လေး ကြိတ်ကြိုက်နေတဲ့သူ၊ စော်ကြည်ဘဲ၊ ကျောင်းကပွဲ ကွင်း၊ ဂိ၊ စတဲ့ ကျောင်းသားကျောင်းသူပေါင်းစုံ အများကြီး ပါဝင်ကြပါတယ်။ ကောလိပ်တက်ရမှာမလို့ လူကြီးပုံစံဖမ်းနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ပုံစံပေါင်းစုံနဲ့ ဘရုတ်ကျပုံတွေကို ကျွန်တော်တို့မှာ တကယ်မရှိဖူးခဲ့တဲ့ ကျောင်းသားဘဝကို လွမ်းရင်း ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကျောင်းသားဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။File size…(2.49GB) / (671MB) / (703MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre... Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan ...
movie
Can’t Hardly Wait (2022)
7.7
21 Grams (2003)
21 Grams ( 2003 ) ------------------------ Directed by Alejandro G. Iñárritu IMDb Rating - 7.7/1021 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ...
movie
21 Grams (2003)
6.5
The Faculty (1998)
Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie
The Faculty (1998)
7.7
Argo (2012)
ARGO ==== ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈၀ မှာဖြစ်ခဲ့တဲ့ အီရန်တော်လှန်ရေးအတွင်း သံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထားတဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါတယ် တော်လှန်ရေးအတွင်းမှာ အမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာထွက်ခဲ့ပြီးတော့ ဇတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူးထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooney ကြီးတို့ပါပဲ။ ဒီဇတ်ကားဟာ ၈၅ ကြိမ်မြောက်အကယ်ဒမီမှာ nominations ၇ ခုဝင်ပြီး ဆု သုံးခုရခဲ့ပါတယ် (Best Picture, Best Adapted Screenplay, and Best Film Editing) အဲ့နောက် Golden Globe Award မှာလဲ Best Motion Picture – Drama ...
movie
Argo (2012)
2012
7.7
Zodiac (2007)
ဒီဇာတ်လမ်းကတော့ ၁၉၆၈ လောက်မှာဖြစ်ခဲ့တဲ့ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဇိုဒီရက်ခ် ဆိုတဲ့ လူသတ်သမားအကြောင်း ရိုက်ကူးထားသော ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်…အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့တယ်..ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ..ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်…၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ…Rating တွေကတော့ …IMDb- 7.7/10, Rotten tomatoes ...
movie
Zodiac (2007)
2007
7.3
Identity(2003)
Identity(2003) IMDb....7.3,,,,Rotten.....62% သရဲကားတော့မဟုတ်ပါဘူး ဒါပေမယ့် Thriller ပါ လုံးဝအာရုံအပြည့်အ၀စူးစိုက်ပြီးကြည့်ရလောက်အောင် ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ Nevada မှာရှိတဲ့ Motel တစ်ခုမှာ မုန်တိုင်းဒဏ်ကြောင့် သောင်တင်ကြတဲ့ လူ ၁၀ယောက်ရှိပါတယ်... ဒါပေမယ့်အဲ့၁၀ယောက်အတွက် ကပ်ဆိုးကြီးတစ်ခုက ဆိုက်ရောက်လာတယ်... အဲ့ဒါကတော့ ထူးဆန်းစွာပဲ၁ယောက်ပြီး၁ယောက်အသတ်ခံရတာပါ... ခင်ဗျားတို့ကိုယ်တိုင် ဘယ်သူသတ်တယ် ...ဘယ်သူက ကြံစည်နေတယ်ဆိုတာကိုတော့ အဖြေရှာကြည့်လိုက်ပါ..... Spoiler ဖြစ်သွားမှာစိုးလို့ဆက်ပဲကြည့်ကြပါလို့ အဲပြီးတော့တစ်ခုလောက်ပြောပြဦးမယ် "As I was walking up the stairs, I met a man who wasn't there. He wasn't there agian today. I wish, I wish he'd go away." ဒီစာသားလေးကအခုနေမြင်ရဖတ်ရတာတော့သာမန်လိုပဲဖြစ်နေပေမယ့် တကယ်တမ်းကတော့ ဒီစာသားက Canda ရဲ့ Antigonish Nova Scotia မြို့လေးမှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက လှေကားနားက လူတစ်ယောက်အကြောင်းကို William Hughes Mearns ရေးသားထားတဲ့ နာမည်ကြီးကဗျာထဲကစာသားလေးပါ... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါ သာမန်ကဗျာစာသားကနေ ဒီစကားကိုကြားတိုင်းကြားတိုင်း ကျောချမ်းလောက်တဲ့အထိကိုဖြစ်စေတာပါ... ဇာတ်ကားကြည့်ပြီးခံစားနေတုန်းခပ်ကြမ်းကြမ်းနှလုံးခုန်သံတွေထွက်ပေါ်လာတာကို နှစ်ခြိုက်သူတွေအတွက် ထွေးပွေ့ထားသင့်တဲ့ Thriller ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ...
movie
Identity(2003)
2003