Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cle Shaheed Sloan
6.6
Bright (2017)
ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာလူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာလော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကိုအမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံးသတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီးမှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲလိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ဘယ်လိုတားဆီးမလဲ ဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့်တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင်David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size… ...
movie
Bright (2017)
2017
4K HEVC
7.6
End of Watch (2012)
2012 ခုနှစ်ကထွက်ရှိထားတဲ့ Action & Crimes ရုပ်ရှင်အမျိုးအစားဖြစ်ပြီး IMDb 7.6/10 အထိရရှိထားပါတယ် ဇာတ်လမ်းမှာတော့ Brian နဲ့ Zavala ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ လော့စ်အိန်ဂျလစ်မြို့မှာနေ့စဉ်ကင်းလှည့်ရင်း လူဆိုးတွေနဲ့ရာဇဝတ်မှုတွေနှိမ်နင်းနေတာကိုတွေ့ရမှာပါ သူတို့နေ့တိုင်းလူဆိုးတွေဖမ်းရင်းဘာတွေကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရတာတကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ ဒီဇာတ်ကားမှာသရုပ်ဆောင်ဖို့အတွက် အဓိကဇာတ်ဆောင်နှစ်ယောက်က LAရဲဌာနမှာ ငါးလလောက်ရဲတွေနဲ့အတူသွားနေပြီးလေ့ကျင့်ခဲ့ရပါတယ်တဲ့ ရဲကားအက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ File size…(2.3 GB)/(1.2 GB)/(710 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
End of Watch (2012)
6.7
Brooklyn’s Finest(2009)
IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်ကြောင့် ...
movie
Brooklyn’s Finest(2009)
7.0
Street Kings(2008)
Street Kings(2008)၂ တွမ် က မူးယစ်ဆေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက စုံထောက်တစ်ယောက်ပါ။ဒုစရိုက်မှုတွေများလှတဲ့မြို့မှာ လူဆိုးတွေဟာ ထောင်နဲ့ကူးချည်သန်းချည်လုပ်ရင်းပြဿနာမျိုးစုံရှာနေတဲ့ပုံကို သူက မျက်မုန်းကျိုးနေဟန်ပဲ...ဒါ့ကြောင့် ဒီလိုခပ်ဆိုးဆိုးကောင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်ရဲတွေရဲ့ ထိတွေ့မှုစည်းကမ်းတွေကိုကျော်လွန်ပြီး လက်ဉီးမှုရယူတတ်သလို အပျောက်သတ်ပစ်လေ့လည်းရှိတယ်.....သူ့ကြည့်ရတာဒီလိုမျိုး လုပ်နေကြပုံပဲ....သူကစပြီးပစ်တဲ့ပုံမပေါက်အောင် ခြေရာလက်ရာတွေဖျောက်တတ်သလိုလှုပ်ရှားပုံတွေကလည်း သွေးအေးတည်ငြိမ်လွန်းတယ်...ဒီအခြေအနေတွေကို သူတို့ ရဲအချို့က သဘောမကျဖြစ်နေကြသလိုအခွင့်ကြုံရင်ချောက်ချဖို့ရည်ရွယ်ထားတဲ့သူတွေလည်းရှိတယ်.....အဲ့ဒီနောက်မှာတော့ တွမ်တစ်ယောက် ပြဿနာအကြီးကြီးကြုံပါတော့တယ်.....ဒီကားကမင်းသားကြီး Keanu Reeves အဓိကပါဝင်ထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါတယ်...ဇာတ်လမ်းအစကထဲက ဗျင်းပါတယ်....ဇာတ်အိမ်လည်းကောင်းသလိုအစအဆုံး ရင်တထိတ်ထိတ်နဲ့ကိုကြည့်ရတာပါ......စပွိုင်လာြဖစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်....File Size :(1.99GB)(942 MB) and (347 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie
Street Kings(2008)
4.7
The Tax Collector (2020)
IMDB 4.9 ခန့်သာရရှိထားတဲ့ဒီဇာတ်ကြမ်းကားဟာတကယ်တော့ မာဗီယားသဘောမျိုး လော့အိန်ဂျလိ ရဲ့ မြေအောက်ရောင်းဝယ်ဖောက်ကားမှုကြီးအကြောင်းကို တင်ပြထားတာပါ။ဇာတ်ကားနာမည်လေးထဲက အတိုင်းပဲ ဆက်ကြေးကောက်ခံတဲ့သူ ရဲ့လုပ်ဆောင်တဲ့အပိုင်းလေးတွေကို တင်ပြထားတာဖြစ်ပြီးတကယ့် ဂိုဏ်းတွေနဲ့ပတ်သက်ရာမှာ ဘယ်လို ရင်ဆိုင်ရသလဲဆိုတာကို တင်ပြထားတဲ့ ဇာတ်ကားလေးပါပဲ..Netflix မှာ ပြသနေတဲ့ GreenHouse Acadamyထဲမှာပါဝင်တဲ့မင်းသမီး Shopie Cardonaပါဝင်သရုပ်ဆောင်ထားပါ သေးတယ်။လော့အိန်ဂျလိရဲ့ အောက်ပိုင်းအမှောင်ထုထဲဂိုဏ်းတွေကြားမှာဆက်ကြေးကောက်ခံတဲ့သူတစ်ယောက်အနေနဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ကြားကကိစ္စတွေ အငြင်းပွားဖွယ်တွေကိုလည်း လိုက်ပြီးရှင်းပေးရုံတင်မကပဲကလိမ်ကကျစ်လုပ်ချင်တဲ့ ဂိုဏ်းသားတစ်ချို့ကိုလည်းပညာပြရပါသေးတယ်။ဆက်ကြေး ကောက်ခံသူတစ်ယောက်ဟာ တကယ်တမ်းတော့အဲဒီမြို့ရဲ့ အချက်အချာတစ်ခုကို ကိုင်ထားသလိုမျိုးဖြစ်နေပြီးတကယ့်ငွေကြေးအများဆုံးကိုင်တွယ်ရတဲ့သူတစ်ယောက် ဆိုလည်းမမှားပါဘူး။အဲဒီအချိန်မှာ မိသားစုလေးနဲ့ပျော်ပျော်ရွင်ရွင်နေထိုင်ရင်းဆက်ကြေးကောက်ခံပြီး ဂိုဏ်းခေါင်းဆောင်ကို နေ့စဉ်ပြန်အပ်နေတဲ့ဒေဗစ်တစ်ယောက် ဟာ တစ်နေ့မှာ ပြိုင်ဖက်ဂိုဏ်း တစ်ခုဟာ ဝင်ရောက်စွတ်ဖက်လာတဲ့အခါ....သူ့ရဲ့မိသားစု ...
movie
The Tax Collector (2020)
6.6
Tears of the Sun(2003)
Tears of the Sun(2003)Tears of the Sun ဆိုတဲ့ စစ်ကားဟာ ကျွန်တော်တို့ ကလေး ဘ၀ကထဲက ထွက်ရှိပြီး ဘာသာစကားနားမလည် စာတန်းမထိုးဘဲနဲ့ ကြည့်ခဲ့ရတာပါ..... သို့ပေမယ့် Bruce Willis ခေါင်းဆောင်တဲ့ Navy SEAL အဖွဲ့ဟာ အန္တရယ်များလွန်းလှတဲ့ ပြည်တွင်းစစ်ကြားမှာ ကယ်ဆယ်ရေး သွားလုပ်ရတဲ့ အထူးစစ်ဆင်ရေးတစ်ခုဆိုတာကို ကျွန်တော်တို့ သိခဲ့ကြတယ်.... ဒီ Navy SEAL အဖွဲ့နဲ့ စစ်ဆင်ရေးအတူရောက်သွားသလို ခံစားရသလို ဗီဒီယိုရုံတစ်ခုလုံးလည်း အပ်ကျသံမကြားရလောက် တိတ်ဆိတ်စွာ ရင်ထိတ်စိတ်လှုပ်ရှားနေကြအောင် ဒီဇာတ်ကား ဆွဲဆောင်မှုရှိခဲ့တယ်.. နိုင်ဂျီရီးယားရဲ့ ပြည်တွင်းစစ်က တကယ့်ကိုသွေးပျက်ဖွယ်ရာပဲ.. လက်နက်ကိုင်မျိုးစုံ ထကြွသောင်းကျန်းကြသလို လူမျိုးစု ၂၅၀ ရှိလေတော့ ထိန်းကွပ်မယ့် အစိုးရကြီးမရှိမှုကို အခွင့်ကောင်းယူပြီးသတ်ချင်သတ် လုပ်ချင်သလိုလုပ်နေကြတယ်... Bruce Willis တို့ရဲ့ အဓိကတာဝန်က အမေရိကန်လူမျိုး ကယ်ဆယ်ရေးဆရာဝန်လုပ်နေတဲ့ ဒေါက်တာကန်ဒရစ်ကို ကယ်ထုတ်ဖို့ပါပဲ... သူတို့သွားကယ်မယ့် နေရာမှာ ရန်သူ ၅၀၀၀ခန့် ခြေရာချင်းထပ်အောင် လှုပ်ရှားနေကြသလို ပြည်သူ့စစ်ဆိုတဲ့သူတွေကလည်း ဒုက္ခသည်ပါမချန် အကုန်သတ်နေတာဆိုတော့ ဒါ့ထက်တော့ အန္တရယ်များတာမရှိတော့ပေ... သူတို့အောင်မြင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဒီကားက ကြည့်ပြီးသားဆိုပေမယ့် လည်းပြန်ကြည့်ရင် တကယ်ကိုအရသာတစ်မျိုးခံစားရပါတယ်..ဒီဘက်ခေတ်စစ်ကားတွေကို ကောင်းကောင်းယှဉ်နိုင်သလို ရသအပြည့်အ၀ခံစားလို့ရအောင် Blu-Ray1080p5.1CHပါတင်ဆက်ပေးထားပါတယ်...File Size :(2.12GB), (950 MB) ...
movie
Tears of the Sun(2003)
2003