Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Clayne Crawford
6.5
The King Tide (2023)
IMDb 6.5 ရရှိထားတဲ့ Drama/Mystery/Thriller ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကျွန်းငယ်လေးတစ်ခုပေါ်က ရွာလေးတစ်ခုမှာ အိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ အိုင်လာမှာ ထူးခြားတဲ့ပါရမီစွမ်းအားတစ်ခုရှိပါတယ်။ ဒါကတော့ သူမက ဒဏ်ရာတွေကို စိတ်စွမ်းအင်နဲ့ကုသပေးနိုင်တာပါ။ အိုင်လာဟာ ဒီကျွန်းလေးပေါ်ကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ရောက်လာခဲ့တာပါ။ အိုင်လာကို ရွာသူကြီးဖြစ်တဲ့ ဘော်ဘီတို့မိသားစုကမွေးစားထားပါတယ်။ ဒီကျွန်းရွာလေးရဲ့ထူးခြားချက်ကတော့ ဒီရွာလေးမှာနေထိုင်တဲ့သူတွေဟာ ပြည်မကြီးနဲ့အဆက်အသွယ်မလုပ်ကြဘဲ တံငါလုပ်ငန်းနဲ့ပဲ သီးခြားရပ်တည်လာကြတာ ဆွေစဉ်မျိုးဆက်ရှိနေပြီဖြစ်တာပါ။ဒါ့အပြင် ရွာသူရွာသားတွေဟာ ထိခိုက်ဒဏ်ရာရ နေထိုင်မကောင်းဖြစ်တိုင်း အိုင်လာနားကိုသွားလိုက်တာနဲ့ လုံး၀သက်သာပျောက်ကင်းသွားကြတာပါ။ ဒီလိုနဲ့ ရွာသူရွာသားတွေဟာ အိုင်လာလေးရဲ့ကျေးဇူးကြောင့် တစ်ရွာလုံး အသေအပျောက် အထိအခိုက်မရှိဘဲ နေထိုင်လာကြတာ အိုင်လာလေး ကျွန်းပေါ်စရောက်လာတဲ့နေ့ကတည်းကပါပဲ။ ဒါပေမဲ့ အိုင်လာရဲ့အဖွားဟာ အိုင်လာ့ကို လူသားတစ်ယောက်လိုမဆက်ဆံဘဲ ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံကြွက်သဖွယ် လိုတာထက်ပိုပြီးအမြတ်ထုတ်အသုံးချဖို့ ကြိုးစားလာတဲ့နောက်မှာတော့ ဒီကျွန်းရွာလေးဟာ ငါးပါးမှောက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ File size…(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:40:00 Genre... Drama, Mystery, Thriller Subtitle….Myanmar ...
movie
The King Tide (2023)
6.4
Unknown (2006)
Unknown 2006 (IMDB 6.4/10)Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲ အဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့ Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့ သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ် သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲ ဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာ အစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 557MB Format… mp4 Duration…. ...
movie
Unknown (2006)
2006
5.7
Finestkind (2023)
Finestkind (2023) ============= Crime, Drama, ThrillerWednesday မင်းသမီး Jenna Ortega အပြင်... နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, ...
movie
Finestkind (2023)
2023
6.3
The Baytown Outlaws (2012)
IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie
The Baytown Outlaws (2012)
5.4
The Channel (2023)
The Channel (2023) " Subtitles error FIXED!!! " ~ Rotten Tomatoes - 67% ~Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို ...
movie
The Channel (2023)
2023
6.1
The Integrity of Joseph Chambers (2022)
The Integrity of Joseph Chambers (2022)~ IMDb - 6.1/10, RT - 88%, Meta - 63% ~2022 ရဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ The Integrity of Joseph Chambers က ဇာတ်လမ်းတဖြည်းဖြည်း ဇာတ်ရှိန်တက်သွားတာမျိုးကိုကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ F&F အတွဲလိုက်ကြီးမှာ ဒွန်မနစ်တိုရက်တိုရဲ့ ညီမ၊ ဘရိုင်ယန်အိုကော်နာရဲ့ မိန်းမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jordana Brewster ရယ်၊ The Walking Dead ထဲက အကောင်းဆုံး Villain ဘဲကြီးလည်းဖြစ်သလို Watchmen ထဲမှာ Comedian အဖြစ်နဲ့ရော၊ BvS မှာ ဘရုစ်ဝိန်းရဲ့အဖေအဖြစ်နဲ့ရော သရုပ်ဆောင်ခဲ့တဲ့ Jeffrey Dean Morgan တို့ ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ...
movie
The Integrity of Joseph Chambers (2022)
2022
5.7
On the Doll (2007)
On the doll (2007) အညွှန်း“ငါ့ကိုသက်သေထွက်ဆိုခုံပေါ်တင်ပြီး မေးကြတယ်။ ရှေ့နေက အရုပ်တစ်ရုပ်ယူလာပြီး မင်းကိုထိကိုင်ခဲ့တဲ့နေရာကို ပြပေးလို့ပြောတယ်။ အရုပ်ရဲ့ ကျား၊မ အင်္ဂါရှိနေသင့်တဲ့နေရာက လုံးဝကိုဟောင်းနွမ်းစုတ်ပြတ်နေတာ။ ဒီနေရာကို ကလေးဘယ်လောက်များများကများ ထိကိုင်ပြီးညွှန်ပြခဲ့ရလို့ ဒီနေရာက ဒီလိုဟောင်းနွမ်းစုတ်ပြတ်နေရတာလဲ။ အဲဒီလိုနဲ့ သူငါ့ကို ဘယ်ကိုကိုင်ခဲ့မှန်း ဘယ်သူ့ကိုမှမပြောဖြစ်တော့ဘူး။” (Jaron)IMDb 5.3/10 ရှိပြီး sex industry မှာကျင်လည်နေကြသူတို့ရဲ့ဘဝတွေကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ငယ်စဉ်အရွယ်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံခဲ့ရတဲ့ကလေးတွေကို သူတို့ဘက်ကနေ ကာကွယ်မှု ရပ်တည်မှုအပြည့်အဝမပေးနိုင်တဲ့အခါ ဘာတွေဖြစ်ကုန်မလဲ .. လူလူချင်း အနိုင်ကျင့်အသုံးချပြီး စီးပွါးရှာနေတဲ့လူလောဘသားတွေရဲ့လူမဆန်မှုတွေ .. စတာတွေကိုရိုက်ကူးထားပြီး Brittany Snow, Josh Janowicz, Clayne Crawford, Shanna Collins တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အသုံးအနှုန်းကြမ်းကြမ်းတွေလည်းပါတာမို့ PG-13 သတ်မှတ်ထားပါတယ်။ File size…3.17GB / 1.54GB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii & Kaung Khant ...
movie
On the Doll (2007)
2007
7.1
A Love Song for Bobby Long (2004)
A Love Song for Bobby Long (2004)ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုကြောင့် အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်။ ဘဝတွေ ဆုံးရှုံး ပျက်စီးရနိုင်သလို ဘဝတွေကို ပျော်ရွင် သာယာမှုတွေပေးနိုင်ပါတယ်။ ဘော်ဘီလောင်းဟာ ပရော်ဖက်ဆာဟောင်းတစ်ယောက်၊ သူ့ရဲ့လက်ထောက်ဆရာတစ်ယောက်နဲ့ နယူးအော်လန်ကို ရောက်လာကြတဲ့အချိန်မှာ အဆိုတော်မလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ကြတယ်။ တနေ့ သူမဆုံးသွားတော့ သူမပိုင်တဲ့အိမ်ကို သူမရဲ့သမီးကိုပေးပြီး ဘော်ဘီတို့နဲ့အတူ တစ်နှစ်နေရမှာပါ။ ဒါပြီးမှပဲ အကုန်ပိုင်ဆိုင်ခွင့်ရမှာပါ။ရောက်လာတဲ့ ထောင့်မကျိုးတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ ပညာတတ်ဘဝကို အရွဲ့တိုက်နေတဲ့ ဘော်ဘီလောင်းတို့ ထိပ်တိုက်တွေ့ကြပြီး ကမောက်ကမတွေဖြစ်၊ ဘော်ဘီတို့က ဘာလို့နယူးအော်လန်ကိုရောက်လာသလဲ ကောင်မလေးရဲ့ အမေနဲ့ဘယ်လိုပတ်သက်ခဲ့ကြလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီးတော့ နယူးအော်လန် ရောက်သွားသလို ခံစားရမဲ့ ဇာတ်ကားလေးဖြစ်ပြီး သီချင်းလေးတွေကလဲကောင်းပါတယ်။ဒါ့အပြင် စကားလက်ဂျိုဟန်ဆန်ရဲ့ ငယ်ရွယ်တဲ့ အလှကိုမြင်ရမှာဖြစ်ပြီး ဘော်ဘီအဖြစ် မင်းသားကြီး ဂျွန်ထရာဗိုတာက သရုပ်ဆောင်ပေးထားပါတယ်။Rating ကလဲ 7.1 အထိရထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်သလို " ...
movie
A Love Song for Bobby Long (2004)
2004
7.4
A Walk to Remember (2002)
A Walk to Remember(2002)_______IMDb....7.4/10 “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ မြန်မာပရိသတ်တွေအနေနဲ့ Nicholas Sparks ကို သိချင်မှသိမှာပေမယ့်၊ romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာသူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ဟာ ဒီကားတွေထက် စောပြီး2002 ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပါတယ်။အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့်် အချစ်ကိုကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ...
movie
A Walk to Remember (2002)
2002